ဘဝရဲ့အကောင်းဆုံး အစိတ်အပိုင်းကို
ရွေးထုတ်ခွင့်ရှိမယ်ဆိုရင်
ကိုယ့်ဘဝထဲကိုမင်းဝင်လာတဲ့
အချိန်ကစလို့
မင်းနဲ့အတူရှိနေရတဲ့
အချိန်အတိုင်းအတာ တစ်ခုလုံးပြီးတော့ မင်းနဲ့ အတူရှိနေရမယ့်
ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတွေကို
အကောင်းဆုံးအဖြစ် ကိုယ်သတ်မှတ်မယ်_________________________
ပထမဆုံးအကြိမ် နီနီ့ ရဲ့ ဘဝထဲကို
လီလီ ဝင်လာခဲ့တုန်းက အချိန်ကို
မှတ်မိသေးလားအဲ့ဒီ့နေ့က မိုးတွေအရမ်းရွာခဲ့တဲ့
မနက်ခင်းတစ်ခု...
မိုးစက်ကလေးတွေ တပေါက်ပေါက်ကျတာကို
Nini ငေးမောကြည့်နေမိတဲ့ အချိန်...နီနီ့ စိတ်ထဲက အတွေးတွေနဲ့
ခံစားချက်တချို့ကတော့
မိုးစက်ကလေးတွေ ခေါင်မိုးပေါ်ကို
ထိတွေ့တဲ့ အသံတွေနဲ့ ရောထွေးနေရင်း...မှတ်မှတ်ရရ နီနီ့အသက် ၁၀ နှစ်သမီးအရွယ်
အသက်နဲ့ မလိုက်အောင်
ရင့်ကျက်နေတဲ့ မျက်နှာထားမျိုး
နီနီ့မှာ ရှိတယ်ပြတင်းပေါက်က မိုးစက်ကလေး
တွေကို
ငေးကြည့်နေတဲ့ နီနီ့မျက်လုံးထဲမှာ
ဆွေးမြေ့မှု ခပ်ရေးရေး...နဲ့
အတွေးအပိုင်းအစတို့က ယှက်သမ်းလို့ဂါဝန်အနက်ကလေးကို ဝတ်ရင်း
ပြတင်းပေါက်က ရေစက်တွေကို
ငေးမောနေတဲ့
နီနီ့ကို မြင်တော့ အိမ်အကူ
အဒေါ်ကြီးက
နီနီ့အနား အပြေးလေးရောက်လာတယ်"သမီးရယ် မိုးရေတွေစိုကုန်ပါ့မယ်..."
မိုးရေတွေစင်နေတဲ့ ပြတင်းပေါက်နား
Nini ရပ်နေတာကြောင့်
ရေစက်တချို့က
နီနီ့မျက်နှာပေါ်မှာ ယီးလေးခိုလို့အဒေါ်ကြီးက ပြောရင်းဆိုရင်း နီနီ့မျက်နှာပေါ်က ရေစက်အချို့ကို
သုတ်ပေးလျက် နီနီ့ကို
ရင်ခွင်ထဲထည့်ထားပြီး ငိုကြွေးတယ်"သမီးလေးရယ် သနားဖို့ကောင်းလိုက်တာ"
မငိုပါနဲ့ အဒေါ် Nini တောင် မငိုဘဲနဲ့
အဒေါ်က ဘာလို့ငိုနေရတာလဲNini စိတ်ထဲက တွေးတောနေရင်း
အဒေါ်ကြီးရဲ့ ကျောပြင်ကို လက်ကလေးနှင့်
သာသာပွတ်ပေးလျက်...