The Guardian of a Baby
💜
Part-(1)Past...
"baby ကို ချစ်တယ်မလား မမ"
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သူမကိုမော့ကြည့်ရင်း
နှုတ်ခမ်းလေးစူကာ မေးလာပြီးနောက်
လက်မလေးကို ပါးစပ်ထဲထည့်နေသည့်
ကောင်မလေးသေးသေးလေးတကယ်တော့ ဒီကလေးလေးလုပ်နေတာ
သူမထက်တောင် အသက်ကြီးကြတဲ့
ချာတိတ်တွေ ရှက်ရင်လုပ်တတ်တဲ့ အမူအရာတစ်ခု
လက်မလေးကို ပါးစပ်ထဲထည့်ပြီး
လက်သည်းကို တတိတိ ကိုက်နေတာမျိုးအရပ်ကလေးက ပုပုလေးနဲ့
ဂါဝန်ဖြူဖြူလေးကို မြေပြင်ပေါ်
ပုံကျနေအောင် ဝတ်ထားသည့်
ကောင်မလေးက နဖူးထက်
ဆံမြိတ်ပါးပါးလေးတွေနဲ့ရယ်
ြီပီးတော့ ထိုပျော့ပါးပါးဆံနွယ်လေးတွေကို
မရမကစုရင်း စည်းနှောင်ထားသည့် ခေါင်းထက်က
ခပ်ထောင်ထောင် ဆံပင်မွှေးလေးတွေကြောင့်
ထိုကောင်မလေးသည် အသည်းယားဖွယ်အတိတစ်ချက်တစ်ချက် နှာခေါင်းရှုံ့ရင်း
သူမကိုပြုံးပြနေသော အပြုံးတို့တွင်
အရောင်လက်သွားသော မျက်ဝန်းလေးများက
မျှော်လင့်ချက်တို့ အတိပြီးနေကြောင်း
ခံစားမိစေသည်"ချစ်တယ် မလားလို့ ဖြေပါဆို"
ကလေးငယ်ကမေးရင်း Jennie ရဲ့
လက်ညှိုးလေးတစ်ချောင်းကို လက်ငါးချောင်းနဲ့
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လာသည်မို့
Jennie သူ့ကိုပြုံးပြရင်းခေါင်းညိမ့်မိသည်"ချစ်တာပေါ့ baby ရဲ့
ဖြေပါဦး ဒီက baby လေးရဲ့နာမည်
ဘယ်လိုခေါ်လဲ""baby Lili ခစ်ခစ်"
နှုတ်ခမ်းရဲရဲလေးတွေကို လက်ဖဝါးသေးသေးလေးနဲ့
အုပ်ရင်းတခစ်ခစ် ရယ်နေတဲ့ baby က
ရှက်သွေးဖြာနေသလိုလို အမူအရာမျိုးနဲ့
တုံ့ပြန်လာပြန်သည်ဒီကောင်မလေးရဲ့ အသက်ကအလွန်ဆုံးရှိမှ
၃ နှစ်ပေါ့
ဒါကိုပဲ ကလေးနဲ့မလိုက် လူကြီးဆန်ပြနေတဲ့
ပုံစံလေးက အူယားဖို့ကောင်းလွန်းနေသည်မို့
Jennie သူ့ပါးဖောင်းဖောင်းလေးတွေကို
ခပ်ဖွဖွ ဖျစ်ညှစ်မိသည်"Aigoo,baby Lili က ချစ်ဖို့ကောင်းလိုက်တာ
ကြည့်ပါဦး""မမ...မမရဲ့နာမည်ဘယ်လိုခေါ်လဲ"