ထိုင်းနိုင်ငံ ၏ Top 3 စာရင်းဝင် စီးပွားရေး လုပ်ငန်းရှင် Mr.Tanapon ရဲ့ ကြီးမားကျယ်ဝန်းလှသော အိမ်တော် ထဲရှိ ဧည့်ခန်းထဲတွင် ဆူညံသံများ နှင့်သာ ပြည့်နှက်နေခ့ဲသည် အဘယ်ကြောင့်ဆိုသော် Mr.Tanapon ၏ ဇနီးဖြစ်သူ Mrs.Taeiမှ သူတို့၏ တစ်ဦးတည်းသောသားတော်မောင်လေးPerth Tanapon အား အိမ်ထောင်ချထားပေး ရန်အတွက် နားချနေသော ကြောင့်သာ ဖြစ်သည် ။
Mr.Tanapon : Perth ဘာမှဆက်မပြောနေန့ဲတော့ လူကြီးတွေ စီစဉ်တာ လက်ကိုလက်ခံရမယ်
Perth : ဖေဖေ ပေးစားမယ့် သူဆိုတာ ယောကျာၤးကြီးလေ ပြီးတော့ သားထက်လည်း အသက်ကြီးတယ် ဆို
P'mae: သားလေးရယ် သားထက် 5နှစ်ဘဲကြီးတာပါကွယ်
Perth: မေမေကလည်း သားယောကျာၤး လည်းမယူချင် ဘူး မိန်းမလည်း မယူချင်သေးလို့ပါနော် သားလွတ်လွတ်လပ်လပ်ဘဲနေချင်လို့ပါ နော် လုပ်ပါ ဖေဖေရယ်😔😔
Mr.Tanapon: လူကဖြင့် တက္ကသိုလ် ကျောင်းသားဖြစ်နေပြီ ကလေးလိုလို ခွေးလိုလို န့ဲလျှောက်လုပ်နေတာ ငါမမြင်တော့ချင်တော့ဘူးPerth
Perth:ဖေဖေ
Mr.Tanapon :တော်တော့ Perth ဘာမှ မကြားချင်တော့ဘူး မေကြီး လာသွားမယ်
ပြောပြီး Mr.Tanapon ဟာ ဇနီးဖြစ်သူ၏ ပခုံးကို ဖက်ကာ လှည့်ထွက် လိုက် ပြီးမှ တစ်ခုခုကို သတိရကာ သားတော်မောင် Perth အား လှမ်းပြောလိုက်သည်
Mr.Tanapon : ည ကျရင် Mr.Suppapong တို့ မိသားစုန့ဲ Dinner စားဖို့ ချိန်းထားတယ် Perth အဆင်သင့်ပြင်ထား
Perth: !!!
အဖြေပြန် မပေးသေးဘဲ စူပုပ်ပုပ် မျက်နှာထားဖြင့်အလိုမကျဟန်ပြုကာ ပြန်ကြည့်နေသော သားတော်မောင်အား ကြည့်၍ ရယ်ချင်စိတ်ကို မနည်းထိန်းကာ Mr.Tanapon တို့ ဇနီးမောင်နှံ အိမ်ပေါ် တက်သို့ သာတက်လာခ့ဲရလေသည် ။
ဧည့်ခန်းထဲမှ ကောင်လေးတစ်ယောက် ၏ မကျေနပ်ချက် များ ကို ခရားရေလွှတ် သလို မနားတမ်းပြော ဆိုနေသံများကိုတော့ သက်ဆိုင်သူများ မကြားနိုင်ပေ။
_________________________________________Mr.Suppapong : Saint ဖေဖေ တို့ ပြောထားတ့ဲ သား အိမ်ထောင် ရေးကိစ္စ ဘယ်လိုသဘောရလဲသား