သာယာကြည်လင်သော နံနက်ခင်းလေးမှာ အိမ်တော်ထဲတွင်တော့ P'mae တစ်ယောက် သားတော်မောင် ငပျင်းလေး Perth အား နိုးရန် အခန်းရှေ့သို့ ရောက်လာခ့ဲလေပြီ
ဒေါက် ဒေါက် ဒေါက် . . .!!!
P'mae : သားလေးရေ ထတော့ လေ Perth !ဒါကတော့ Tanapon အိမ်တော် ရဲ့ နံနက်ခင်း တေးသံသာ လို့ ဆိုရမည် ဒီနေ့မှာတော့ တေးသံသာ ကိုစောစော ကြားရခြင်းသာ ဖြစ်ပါသည် အကြောင်းမှာ မင်္ဂလာဝတ်စုံ သွား ဝယ်ရမည် ဖြစ်သောကြောင့် ဟုဆိုပါ သည်
P'mae :Perth ထတော့ လို့ မေမေ ပြောနေတယ်နော်
Perth : ထပါပြီ မေမေကလည်း အစောကြီး ရှိသေးတယ်
P'mae: 7:00နာရီ က စောသလား ငပျင်းလေးရဲ့ ထားပါ တော့ ခုရေသွားချိုး မြန်မြန် လုပ်နော် Perth ခဏနေ သား Saint တို့လာတော့မှာ
Perth : ဟာ အ့ဲလူကြီးက အိမ်ကို ဘာလာ လုပ်မှာလဲ မသိဘူး😞😞
P'mae : ဘာလာ လုပ်ရမှာလဲ မင်္ဂလာဝတ်စုံ သွားဝယ်ရမယ်လေ ဘာလဲ သားက ကိုယ်တုံးလုံး န့ဲ မင်္ဂလာဆောင် ချင်လို့လား😅😅
Perth :မေမေ !!တော်ပြီဗျာ ရေချိုးတော့မယ်
P'mae: အေး အေး မြန်မြန်လုပ်နော် အအေးပတ်မယ်
Perth :ဟုတ်
Perth Pov' သူများကို မနက်အစောကြီး ရှိသေးတယ် အိပ်ယာထရအောင် လုပ်တ့ဲလူကြီး စိတ်ပုတ်ကြီး ဝတ်စုံဘဲ ဘာဖြစ်ဖြစ်ပေါ့ မေမေတို့ကလည်း မပြောချင်ဘူး သားလေးတစ်ယောက်ထဲကို မကျေွးနိုင် မမွေးနိုင် ကြနေတာဘဲ သူများလက်ထဲ အတင်းလိုက်ထည့်နေတယ် ဖေဖေန့ဲမေမေ လည်း စိတ်ပုတ်တယ် ဟိုလူကြီးန့ဲတူတူဘဲ ဒီအိမ်မှာ စိတ်ထားဖြူစင်ပြီး ချစ်စရာကောင်းတာ ဆိုလို့ ငါတစ်ယောက်ဘဲ ရှိတော့ တယ် တော်ကြာ သူတို့ဆီက စိတ်ပုတ်တွေ ငါ့ဆီကူးလာမှဖြင့်ဒုက္ခ ဘဲ 😁😅
Perth Tanapon ဆိုတ့ဲ ကောင်လေးတစ်ယောက် ဟာ ရေချိုးခန်း အတွင်း၌ ပေါက်ပေါက် ဖောက်နေပါ သည်ကိုတော့ အခန်းတွင်းရှိ အရာဝတ္တုများမှ လွဲ၍ မည်သူမှ ကြားနိုင်မည် မဟုတ်ပါ ။
_________________________________________တစ်ဖက်တွင်တော့ 6:15ဆိုတ့ဲ စံတော်ချိန်မှာ အချိန်တိကျ တ့ဲသူ , အလုပ်ကို စည်းစနစ်ကျကျလုပ်တက်သူ, ကျန်းမာရေး လိုက်စားတ့ဲသူတစ်ယောက် ဖြစ်တ့ဲ Suppapong Company ၏ CEO Saint Suppapong ဆိုတ့ဲ လူသားဟာ Morming Exercise လုပ်ပြီး အိမ်သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်သည်