ဆိုဖာပေါ် magazine ဖတ်နေတဲ့ရှောင်းကျန့် မိမိ ရင်ဘတ်ထဲငုံ့ကြည့်လိုက်တယ် ။
ရင်ဘတ်ပေါ် ခေါင်းတင်ရင်း ရုပ်ရှင် ကြည့်နေတဲ့ ဝမ်ရီပေါ် ။ လက်တွေကလည်း အငြိမ်မနေ ..ရှောင်းကျန့်အင်္ကျီကို လှန်တင်ထားပြီး ဗိုက်ခေါက်လေးကို ဆွဲညှစ်နေတယ် ။
ရှောင်းကျန့်ရဲ့ချက်ထိသွယ်နေတဲ့ အမွှေးလေးတွေကိုရီပေါ်က သိပ်အူယားတတ်တာ ။
"ပျင်းနေပြီလား ..ဂိမ်းဆော့ရင်ဆော့လေ "
"ဟင့်အင်း ကျန့်ကျန့် က ပြီးရင် အလုပ်ရှုပ်တော့မှာ ပူးကပ်နေရတုန်းလေး ဆော့ချင်ပါဘူး "
ချစ်စဖွယ်လေးတွေ ပြောပြီး အဆီအနည်းငယ်ထွက်နေတဲ့ ဗိုက်လေး ကို ငုံ့နမ်းလိုက်တဲ့ရီပေါ်လေး ။
"ကျန့်ကျန့် ဝိတ်ပြန်မချနဲ့နော် ဗိုက်ခေါက်လေးက ညှစ်လို့ကောင်းတယ် "
"ပေါက်ကရ "
ခွေးပေါက်စလေးနှစ်ကောင်က ယိုင်တိုင်တိုင်နဲ့ အနားရောက်လာတော့ ရီပေါ် ဂုတ်ကဆွဲပြီး ရှောင်းကျန့် လက်ထဲထည့်ပေးလိုက်တယ် ။
သခင်တွေ ခွေးလေးကို ချီတော့ ခပ်ချေချေ ကြောင်တွေက မနာလိုပဲ သူတို့ပါ ရောက်လာတေ့တယ် ။
"ကောင်းခန်းရောက်ရင် လာရှုပ်ပြီ "
ရီပေါ် ဆူပုတ်ပြီး အော်လိုက်တယ် ။
နံပါတ်တစ်က ရီပေါ် ရဲ့ လက်မောင်းပေါ်တက်လာပြီး လက်ဝါးနဲ့ ပုတ်ပြီး ခေါ်တယ်။"ဘာလဲ ဘာလိုချင်လို့လဲ "
နံပါတ်တစ်က လည်ပင်းမော့ပြတော့ အနည်းငယ်ပြဲကျနေတဲ့ လည်ပတ်လေး ။
"နောက်မှဝယ်ပေးမယ် သွားကြပါတော့ကွာ "
ရီပေါ် အုပ်လိုက်ကြီးနဲ့ နေရတာ သိပ်စိတ်ရှုပ် ။
ရှောင်းကျန့် အကောင်လေးတွေကို ခြံထဲဆော့ဖို့ တံခါးဖွင့်ပေးလိုက်ပြီး ရီပေါ်ကို အခန်းထဲ ဆွဲခေါ်လာလိုက်တယ် ။
"သူတို့လဲ ကပ်ချင်မှာပေါ့ ကလေးတွေနဲ့လိုက်ပြီးရန်မဖြစ်နဲ့လေ "
"ကျန့်ကျန့်မိန်းကလေး မဟုတ်တာ တော်သေးတယ် "
"ပြောပါဦး ဘာလို့လဲ "
ESTÁS LEYENDO
Long Journey ; One Sweet Love
Novela Juvenil... နုနုပျိုပျိုလေး ရေးထားတဲ့ Wang Yi Bo × Xiao Zhan Fanfiction လေးပါ ...