CRAVE6✴️

1.1K 115 9
                                    


ကိုကို....

အခုထိသတိမလည်လာသေးသော ကိုကိုလက်လေးကို သူပါးဖြင့်ထိကပ်ရင်း
ကိုကိုနမည်ကိုခေါ်မိတော့မျက်ရည်တွေကစီးကျလာပြန်သည်

"သတိရလာပါတော့နော်
ကျတော်ကို တယောက်ထဲပြစ်မထားပါနဲ့နော်
နောက်တခါ ကိုကို ပြောသမျှနားထောင်းပြီး
စိတ်လဲခဏခဏ မကောက်တော့မှာမို
ကျေးဇူးပြုပြီး အမြန်သတိရလာပါတော့"

နှစ်ညဆက်တိုက်သူညမအိပ်ဘဲ ကိုကိုနားရှိနေခဲ့သလို ငိုလဲငိုထားတာမို့ ပင်ပန်းပြီးအိပ်ချင်နေလေပြီ ဒါပေမယ့် သူတင်းခံနေလေသည်

ထိုအချိန်......

''ဆော့ဂျင် မပင်ပန်းဘူးလားကွာ "

'' နမ်ဂျွန်းshii....
ကိုကိုအခုထိသတိမရသေးဘူး အခုဆို သုံးရက်ရှိတော့မယ် ကိုကိုက အခုထိ ...."

ဆောဂျင်ငိုသံလေးစွက်ကာ ပြောသည့်အချိန်
စာက္ကူစာအိပ်လေးနဲ့ပန်းစည်းကိုကိုင်ထားတဲ့နမ်ဂျွန်းကအနားတိုးလာကာ ဆော့ဂျင်ကိုယ်လေးကိုထွေးပွေ့လာသည်

"အဟင့် နမ်ဂျွန်းshii ကိုကိုသတိရအောင်ကူညီပေးပါနော် "

အားရပါးရငိုချလိုက်တဲ့ ဆော့ဂျင်
နမ်ဂျွန်းရင်ခွင်ထဲမှ အားကိုးသကြီးတောင်းဆိုနေလေသည်

သူရဲ့တောင်းဆိုမှုကိုခံရတဲ့သူရဲ့ ရင်တွင်
မီးတောင် ဘယ်နတောင်လောက်ပေါက်ကွဲနေသည်ကိုသူမသိခဲ့

"ဆော့ဂျင်ရယ် ဘာလိုအလောက်ငိုနေရတာလဲ ပင်ပန်းပြီးအားကုန်အောင်"

"အဟင့်"

"မငိုနဲ့တော့ကလေး ဒီလိုလူမျိုးအတွက်
ကလေးရဲ့မျက်ရည်တွေကျစရာမလိုဘူး
ကိုယ် ဘာယူလာလဲသိလား
ကွာရှင်းစာချုပ် ကလေးသူနဲ့ကွာရှင်းလိုက်"

နမ်ဂျွန်းရဲ့စကားကြောင့် အတင်းရုန်းကရင်ခွင်ထဲထွက်လာတဲ့ဆော့ဂျင် နားမလည်ဟန်ဖြင့်မေးလာသည်

''ဘာ ဘာယူလာတယ် နမ်ဂျွန်းshii"

"ကွာရှင်းစာချုပ်လေ ကလေး
ကလေးကိုသူက ကိုယ်ထိလက်ရောက်စော်ကားခဲ့တယ် ကလေးကိုလဲသူကဂရုလဲမစိုက်နိုင်ဘူး ကောင်းကောင်းမွန်မွန်လဲထားမပေးနိုင်ဘဲ မျက်ရည်တွေကျအောင်လဲလုပ်တယ် ဒါကြောင့် ကလေး သူနဲ့ကွာရှင်းလိုက်"

CRAVE || Namjin||✴️Where stories live. Discover now