(အပိုင်း ၁၀)/(အပုိင္း၁၀)

1.7K 221 5
                                    


<UNICODE VER.>
(အပိုင်း၁၀/လျာထားသောအခြေအနေ)

စန္ဒြမာသနှစ်ထပ်ကွမ်းယန်လ ဆယ်ရက်မြောက်နေ့။
မှူးမတ်ရှင်းဖျင်၊ မှူးမတ်အန်ဒင်းနှင့်မြို့စားယွင်နင်းတို့သည် လုံလျန်ချောင်းစွယ်၌ စစ်သည်အင်အားသုံးသောင်းအား စုစည်းစေခဲ့သည်။ 
မုရုံယွီသည် စစ်သည်အင်အားငါးသောင်းအားတောင်ပံသုံးဖွဲ့ခွဲနေရာယူစေပြီး ရွေဲ့စစ်သည်များအားပိတ်ဆို့ကျပ်တည်းစေသည်။

စန္ဒြမာသနှစ်ထပ်ကွမ်းယန်လ ဆယ့်လေးရက်မြောက်နေ့။
လုံလျန်ချောင်းစွယ်ကျသွားခဲ့သည်။
မှူးမတ်ရှင်းဖျင်သည် တိုက်ပွဲအတွင်း၌ အသက်အားစွန့်လွှတ်ပေးဆပ်ခဲ့ရသည်။
မှူးမတ်အန်ဒင်းသည်လည်း အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့ရပြီး မြို့စားယွင်နင်းမှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
မုရုံယွီ၏ရှေ့ပြေးတပ်များသည် မြို့တော်၏အဓိကကုန်သွယ်ရေးဆိုင်ရာမြို့ဖြစ်သောဖုန်းဇယ်အားသိမ်းယူပြီး ရွေဲ့ပြည်မြောက်ပိုင်းအားကုန်သွယ်မူပြတ်တောက်စေသည်။

စန္ဒြမာသနှစ်ထပ်ကွမ်းယန်လ နှစ်ဆယ်ရက်မြောက်နေ့။
စစ်သူကြီးဟုန် မြို့တော်သို့ရောက်ရှိလာသည်။
ထိုသူ၏လှုံ့ဆော်နိုးကြားစေမူအောက်တွင် အမတ်မင်းများဒူးထောက်ခစားလာကြတော့သည်။
မြို့တော်နှင့်လီပေါင်းလေးဆယ်အကွာတွင် စစ်သည်ရှစ်သောင်းနဲ့အတူ အခြေချ၍စစ်စခန်းတစ်ခုတည်ထောင်သည်။
ကျန်ရှိနေသောစစ်သည်လေးသောင်းအား မြောက်ပိုင်းသို့ချီတက်စေသည်။

စန္ဒြမာသနှစ်ထပ်ကွမ်းယန်လ နှစ်ဆယ့်ခုနစ်ရက်မြောက်နေ့။
ချင်းဟွာမြို့တော်သည် မုရုံယွီ၏ညာတောင်ပံစစ်တပ်ထံ၌အညံ့ခံခဲ့ရပြီး မြို့စားမင်းယွင်နင်းဦးဆောင်သောစစ်သည်အဖွဲ့သည်လည်း ဖင်းလျှိုချောက်တွင်ချုံခိုတိုက်ခိုက်ခံရလေသည်။
ရက်စက်၍အညှာအတာမဲ့သောတိုက်ပွဲသည် နှစ်ရက်နဲ့တစ်ညကြာရှည်ခဲ့သည်။
၎င်းတိုက်ပွဲဖြစ်ပွားရာနေရာနှင့်ဝေးလံသည့်တောင်ဘက်တောင်တန်းဖြတ်သန်းခွင့်နေရာ၌ရှိနေသော စစ်သူကြီးကျိုးကျန်းလုသည်ပါဝင်အားဖြည့်နိုင်ခြင်းမရှိပေ။
မြို့စားမင်းယွင်နင်းမှာမူ စစ်မြေပြင်၌အသက်ပေးသွားခဲ့သည်။
မဟာယာန်ပြည်သည် မြစ်တိမ်ပိုင်းကွင်းပြင်စီရင်စုအားထိန်းချုပ်ကာ မြို့တော်အားအနောက်ဘက်ပိုင်းတလျှောက်ချဲ့ထွင်စေသည်။

Mo Shang Han Sha √漠上寒沙√Où les histoires vivent. Découvrez maintenant