Part 3

1.4K 111 1
                                    

[Zawgyi]

ရှောင်​ကျန့်​တစ်​​ယောက်​ ဝမ်​ရီ​ပေါ်ကို အခန်းထဲမှာထားခဲ့ပြီးလူနာ​တွေဆီလာသည်​. . . .တစ်​​ယောက်​ချင်းစီ တစ်​ဦးချင်းစီကို ပါလာတဲ့ပစ္စည်းကိရိယာ ​ဆေးများဖြင့်​ စမ်းသပ်​ကုသ​ပေး​နေသည်

အပြုံးချိုချို​လေးကိုလည်း ပြုံးပြဖို့မ​မေ့ခဲ့.....

ဝိုင်းကူ​ပေး​သော သူနာပြုအကူများလည်းရှိ​သော်​လည်း ​ဟောက်​စားဆရာဝန်​များက ​ရှောင်​ကျန့်​ကို မကြည်​​ပေ. . . . .

" သမီး​လေး ​ဆေး​သောက်​​နော်​ ချိုချို​လေး ချိုချို​လေး "

ရှောင်​ကျန့်​ ဂျိုဆွန်းလူမျိုးက​လေးငယ်​​လေးကို ​ပေါင်​​ပေါ်တင်​ပြီး​ဆေး​ချော့တိုက်​​နေသည်​.....က​လေး​လေးမှာ အကျီင်္အစုတ်​​လေး​ရော မျက်​နှာ​ပေါ်မှာပါ ဖုန်​အလိမ့်​လိမ့်​​ပေ​နေ​သော​ကြောင့်​ ​ရှောင်​ကျန့်​ဝတ်​ထား​သော အဖြူ​ရောင်​အကျီင်္​လေးမှာလည်း ​စွန်းထင်းကုန်​သည်

" ဟင်​! ရီ​ပေါ် အခန်းထဲမှာ​နေ​လေ သက်​သာရဲ့လား "

အနား​ရောက်​လာ​သော ဝမ်​ရီ​ပေါ်​ကြောင့်​ က​လေး​လေးကို ​ချော့ရင်းလှမ်း​မေးလိုက်​သည်

" အင့်​ဟင့်​ အီးးးဟီးးး "

ဝမ်​ရီ​ပေါ်ရဲ့မျက်​နှာတည်​ကြီးကို မြင်​ပြီး က​လေး​လေးမှာ ထိတ်​ထိတ်​လန့်​လန့်​နှင့်​ ငို​လေ​တော့သည်

" အိုးး အိုးး သမီး​ရေ တိတ်​ တိတ်​ "

" ဟယ်​ ဟဲ့ အမျိုးယုတ်​ နင်​ နင်​ငါ့သမီးကို ဘာလုပ်​လိုက်​တာလဲ "

ရှောင်​ကျန့်​​ချော့​နေစဉ်​ က​လေး၏မိခင်​ဖြစ်​သူ ဝင်​လာပြီး က​လေးကို ​ရှောင်​ကျန့်​ရင်​မှဆွဲထုတ်​ကာ ဝမ်​ရီ​ပေါ်ကို လက်​ညှိုး​ငေါက်​​ငေါက်​ထိုး​ပြော​လေ​တော့သည်

" အမကြီး သူဘာမှမလုပ်​ပါဘူး "

ရှောင်​ကျန့်​က ဝင်​ရှင်းပြ​သော်​လည်း ဝမ်​ရီ​ပေါ်ကမူ သူနှင့်​မဆိုင်​သလိုပင်​ ​ရှောင်​ကျန့်​၏ပစ္စည်းကိရိယာများကို သိမ်း​ပေး​နေ​သည်

ကိုယ့်ချစ်သူ(Yizhan)Место, где живут истории. Откройте их для себя