[Zawgyi]
ကိုရီးယားခေါ် ဂျိုဆွန်းပြည်ကြီးတွင် နယ်ချဲ့တရုတ်လက်အောက်ခံ စစ်ရုံးတွင် အဖြူရောင်တူညီဝတ်စုံနှင့်လူများ အသီးသီးတာဝန်ထမ်းဆောင်နေကြသည်. . . .
တစ်လှုပ်လှုပ်နှင့်ရွေ့လာသော ချာလီကြီးက စစ်ရုံး၏ရှေ့တွင် ရပ်တန့်သွားသည်
( ချာလီ= အရှေ့ကလူကဆွဲပြီး ပြေးရတဲ့ လှည်း )
လှည်းပေါ်မှ ဆင်းလာသော အဖြူရောင်စစ်ဝတ်အကျီင်္နှင့် အမျိုးသားတစ်ဦး
ဂိတ်စောင့်များက အလေးပြုလိုက်သည်
ပခုံးမှ အပွင့်တွေကြောင့်ထင်ပါရဲ့. . . မဟုတ်ရင် လူလိုတောင်ဆက်ဆံခံရမယ်မထင်ဘူး
ဂိတ်စောင့်တွေကို မသိကျိုးကျွန်ပြုပြီး နဖူးပေါ်မှ နီညိုရောင်ဆံနွယ်လေးတွေကိုသပ်တင်လိုက်သည်. . . . .
ထို့နောက် လက်တစ်ဖက်မှ ပိုက်ထားသော ဦးထုပ်ကိုဆောင်းကာ ရုံးအတွင်းသို့ဝင်လာလိုက်သည်. . . . .
ရုံးထဲတွင် စားပွဲခုံလေးများအစီအရီနှင့် ကိုယ်စီ ကိုယ်စီ အလုပ်ရှုပ်နေကြသည်
သူဝင်လာတာသိပမယ့် ဘယ်သူမှ အလေးမထား ဂရုစိုက်ဟန်မရှိ.....သူ့နေရာသူဝင်ထိုင်ပြီး စားပွဲပေါ်မှာတင်ထားတဲ့ ဘုတ်ကလေးကို ကိုင်ကြည့်လိုက်သည်
* ဒုတပ်ကြပ် ဝမ်ရီပေါ် *
" ဆရာ ဝမ် ဆရာ ဝမ် "
အသံတစ်ဆာဆာနှင့်ပြေးလာသော ဝဝတုတ်တုတ်ကောင်လေး တစ်ယောက်
သူဒီနေရာကိုရောက်ကတည်းက သူ့အပေါ်ခင်တွယ်နေသော သူ၏လက်ထောက်ကောင်လေး
လန်စစ်ကျွေး" ဘာကိစ္စလဲ "
" စခန်းမှူး ဝမ်ကျိုလျိုက ရုံးခန်းထဲလာခဲ့ပါဦးတဲ့ "
" ကောင်းပြီ ကောင်းပြီ ပြန်လာရင် ဆိုင်သွားကြမယ် ငါရာထူးတတ်တဲ့အထိန်းအမှတ်အနေနဲ့ မင်းကို ဝယ်တိုက်မယ် "
![](https://img.wattpad.com/cover/203354378-288-k629264.jpg)
ESTÁS LEYENDO
ကိုယ့်ချစ်သူ(Yizhan)
De TodoBoth unicode and Zawgyi Wang Yi Bo and Xiao Zhan Only Fan fic. . . . . . . fan fic ပါအကြောင်းအရာများသည် လက်တွေ့အခြေအနေ ခေတ်အနေအထားနှင့် အနည်းငယ်မှားယွင်းနေနိင်ပါသည် ဂျိုဆွန်းပြည်ကြီးသည် တရုတ်နိုင်ငံကြီး၏ နယ်ချဲ့မှုလက်အောက်သ...