One 💛 Uni

5.1K 345 110
                                    

" ကြိုဆိုပါတယ်ရှင် "

အဆင့်မြင့် ကိုရီးယားရိုးရာစားသောက်ဆိုင်ကြီးတခုထဲဝင်လာတဲ့ စုံတွဲတတွဲစီကို ဧည့်ကြိုမိန်းကလေးတွေက ခရီးဦးကြိုပြုကာ booking လုပ်ထားသည့် သီးသန့်ခန်းလေးတွေထဲမှာနေရာချပေးသည်။

အသက်နှစ်ဆယ်ဝန်းကျင်လောက်ရှိတဲ့ စုံတွဲတွေ တတွဲပြီးတတွဲရောက်ရှိလာတဲ့ အချိန်မှာတော့ ဧည့်ကြိုလေးတွေရဲ့ မျက်လုံးထဲမှာ ထင်းနေအောင် ကျော့ရှင်းလှပသူလေးတယောက်ကို မြင်လိုက်ရတဲ့အခါ မိန်းကလေးအချင်းချင်းပင်ဖြစ်လင့်ကစား ငုံ့လျှိုးကာနှုတ်ဆက်နေသော မျက်လုံးကလေးများသည် ထိုမိန်းကလေးနောက်မှ ကပ်ပါသွားလေတော့သည်။

သိပ်မမြင့်သော ဒေါက်ဖိနပ်အချွန်က တလက်မလောက်ပဲ ရှိမယ်လို့ မှန်းဆရပေမယ့် ဖြူစင်ကျစ်လစ်သည့် ခြေသလုံးလှလှလေးတွေက တခါတလေ သိပ်မခိုင်ချင်သလိုဖြစ်နေပြီး သူ့ဘေးက အတူပါလာသော အရပ်ရှည်ရှည် နဲ့ အချေရုပ်ပေါက်နေသည့် ကိုလူချောရဲ့လက်ကို မနည်းခိုတွယ်ရင်း ထိန်းလျှောက်နေသည်ကိုတွေ့ရသည်။

ဒူးအထိဖုံးသော လည်သာစကပ်အကျပ်လေးအောက်က ကြွရွနေသော အနောက်ပိုင်းအလှကို အနွေးထည်ဖြူဖြူလေးက ဖုံးအုပ်ထားတာမို့ မြင်ချင်တာ မမြင်ရသူအပေါင်းမှာ အားမလိုအားမရဖြစ်ရတော့သည်။

" ဟာာာ...အုပ်ကြီးတို့အတွဲ လာပြီဟေ့
ဒီနားကိုလာ သားကြီး... နှစ်ယောက်ထိုင်လို့ရတယ် "

ပေးတဲ့နေရာမှာဝင်ထိုင်လိုက်ပြီး မတွေ့ရကြာပြီးဖြစ်ကြောင်း၊ နေကောင်းကျန်းမာကြောင်းတွေရွှန်းရွှန်းဝေအောင်ပြောနေတဲ့ အုပ်ကြီး (ခေါ်) အိုဆယ်ဟွန်းရဲ့ဘေးက ဆံပင်ရွှေညိုရောင် ဂုတ်ဝဲနဲ့ အနွေးထည်လက်ရှည်အဖြူလေးဝတ်ထားတဲ့ မိန်းကလေး၏ရှေ့ကို စားပွဲထိုးကောင်လေးချပေးသော ရေအေးအေးတခွက် ရောက်လာသည်။

" ကျေးဇူးပါ"

စားဖွယ်သောက်ဖွယ်တွေ ရောက်ရှိလာတဲ့အချိန်ကစလို့ အခန်းထဲကလူတွေကို စကားသိပ်မပြောပဲ တချက်တချက်မှာသာ ပြုံးရယ် ခေါင်းညိတ်ပြနေတဲ့ကောင်မလေးကို အလုပ်တွေမအားလပ်တဲ့ကြားက စားပွဲထိုးကောင်လေးတယောက် ခိုးကြည့်နေခဲ့သည်။

Someone Like You 💛 (Zgi+Uni) One ShotWhere stories live. Discover now