ကျောင်းသွားဖို့အကုန်ပြင်ဆင်ပြီးမှ မှန်ရှေ့က ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး Baekhyun မကျေမနပ်ဖြစ်နေသည်။ရုပ်ဆိုးလှသော ရွှေကိုင်းမျက်မှန်အဝိုင်းကြီးကို မျက်မှန်ဘူးထဲပြန်ထည့်လိုက်တာတောင်မှ သူ့ရုပ်ကကြည့်ပျော်ရှုပျော်ရုံလောက်ပဲရှိတာမို့ အားငယ်လာတော့သည်။
ကျောင်းရောက်ရင် Chanyeol Sambae နဲ့ နှစ်ယောက်သား မနက်စာအတူတူစားပြီးမှ ဆိုင်ရာဆိုင်ရာအတန်းတွေဝင်တက်ကြမှာမို့ Sambae နဲ့တွေ့ရမယ့် မနက်ခင်းအချိန်လေးမှာ သူအတောက်ပဆုံးလေးဖြစ်နေချင်သည်။
ဘီဒိုထဲက အထည်တရာမပြည့်သော အဝတ်အစားတွေကလည်း Baekhyun ကို အကူအညီသိပ်မပေးနိုင်ကြ။ ဘယ်ဟာဝတ်ဝတ် ကလေးလိုလိုခွေးလိုလိုရုပ်ကမပျောက်ပဲ Sambae နဲ့ တွဲလျှောက်တဲ့အချိန်တိုင်းမှာ ခန့်ခန့်ညားညားမရှိပဲ ပုညက်ပုညက်ဖြစ်နေတာကို သူသဘောမကျပါ။
" မာမားကို အင်္ကျီထပ်ပူဆာရမယ်။
Prive က shirt တထည်ဘယ်လောက်လောက် ဖြစ်သွားပြီလဲမသိဘူး... အရင်တခါက အဖြူရောင်ရှိတာ။ အခု အပြာရောင် ဝယ်ရင်ကောင်းမလား "Sambae နဲ့ နှစ်လကျော်ကျော်လောက် တွဲနေပြီးသားဆိုပေမယ့် ချောမောခန့်ညားမှုတွေတယောက်တည်းသိမ်းကြုံးယူထားတဲ့ Sambae အနားရောက်ရင် Baekhyun မှာ ပြည်တန်ပတ္တမြားကြီးအနားကပ်နေတဲ့ ဘဲဥလေးနဲ့ အဖြစ်ချင်းတူသည်။ ကွကိုယ် အရပ်လည်းမထွက်၊ ရုပ်လည်းမထွက်တာသတိထားမိပြီးငိုချင်စိတ်ပေါက်လာသည်။ အဆိုးဆုံးက တခြားသူတွေရဲ့ အကြည့်စူးစူးတွေခံရပြီး အတင်းအဖျင်းတချို့ပါ နားနဲ့ဆတ်ဆတ်ကြားခဲ့ရခြင်းကြောင့် ဖြစ်သည်။
* အဲ့လိုရုပ်မျိုးနဲ့ လေးလုံးမှန်ကြောင်ကို Chanyeol ကကြိုက်တယ်တဲ့လား... ယုံတောင်မယုံနိုင်ဘူး...*
* အေးလေ...မိန်းမတောင်မဟုတ်ဘူး
ယောက်ျားလေးချင်းကိုမှ...ကြိုက်စရာရှားလို့ကွာ။ ဘာတွေအရူးထလဲမသိပါဘူး * လို့ပြောသွားတဲ့ စီနီယာအကိုကြီးတွေဟာ သူ့တို့နောက်ကအိမ်သာထဲမှာ Baekhyun ရောက်နေတာကို သိတာလားမသိတာလားမသေချာပါ။အရင်စိတ်နဲ့သာဆို တံခါးကိုဆွဲဖွင့်၊ အပြင်ထွက်ပြီး တယောက်ချင်းရှင်းပစ်လိုက်လို့ရပေမယ့် အခုက အပြောအဆိုခံရရင် ကိုယ်တယောက်တည်းမဟုတ်ပဲ Sambae ပါ ပြောခံထိတော့မှာ။ Baekhyun ရဲ့ဆတ်ဆတ်ထိမခံမှုကြောင့် သူ့အတန်းသားတွေက Sambae ကို ဖယ်ထုတ်ထားကြမှာ၊ အပေါင်းအသင်းမလုပ်ကြတော့မှာစိုးပြီး အံတင်းတင်းကျိတ်လို့ မြိုသိပ်ထားခဲ့ရပေါင်းများပါပြီလေ။
STAI LEGGENDO
Someone Like You 💛 (Zgi+Uni) One Shot
Fanfictionအခန်းနှစ်ခန်းနဲ့ Complete ဖြစ်မယ့် One shot လေးပါ။ Cover By အမီလေး Mee_CB_Zi ❣️❣️❣️ @hnin_6104 နှင်းကလေးအတွက်လက်ဆောင်ပါလို့  😇😇😇 💛 chanbaek yaoi 💛 mmfic ❤️❤️❤️ အခန်းနှစ်ခန်းနဲ့ Complete ဖြစ်မယ့် One shot လေးပါ။ Cover By အမီလေး Mee_CB_Zi ❣️❣️❣...