~Zawgyi~
"Zhan ge
ကျွန်တော်တို့တွဲကြရအောင်.....
ကျွန်တော် Zhan ge ကိုသဘောကျတယ်"နောက်ဆုံးတော့ဒီလိုအချိန်ကိုရောက်လာခဲ့ပြီ...
Xiao Zhan ကြည့်လိုက်တော့ မျှော်လင့်ချက်အပြည့်နဲ့မျက်ဝန်းလေးတွေ....
ဒီမျက်ဝန်းကြည်ကြည်လေးထဲက
မျှော်လင့်ချက်လေးတွေကိုဘယ်လို
အင်အားရိုက်ချိုးပစ်ရက်ပါ့မလဲလေ......သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်တယ်....
ရင်ထဲကတင်းကျပ်မှုတွေလျော့သွားလိုလျော့သွား
ငြား......."Yibo ဒီစကားကို ge ပြန်ပြင်ခွင့်ပေးမယ်"
"ဘာလို့လဲ....Zhan geပဲပြောခဲ့တာလေ
ကျွန်တော်လိုချင်တာပေးမယ်လို့ အခုမှ......
ဘာလို့ပြန်ပြင်ရမှာလဲ""Yibo ကို geထပ်မေးမယ် မပြင်မှာသေချာလား"
"လုံးဝသေချာတာပေါ့......ကျွန်တော်ဒီလိုဖွင့်ပြော
ခွင့်ရဖို့ကိုဘယ်လောက်တောင်စောင့်ခဲ့ရလဲ
ဒီအတိုင်းဖွင့်ပြောလို့ရပေမဲ့ Zhan geရဲ့စိတ်ကိုသေချာမသိသေးတာရယ် ကျွန်တော်ကိုယ်တိုင်မသေချာမှာစိုးတာရယ်ကြောင့် ကိုယ့်ကိုယ်ကိုသေသေချာချာပြန်သုံးသပ်ခဲ့တာ ကျွန်တော့်ဘက်မှသေချာပြီဆိုမှ အခုလိုဖွင့်ပြောခဲ့တာ ပြီးတော့....ပြီးတော့....
Zhan ge လည်းကျွန်တော့်ကိုသဘောကျနေခဲ့တယ်မဟုတ်လား""ငါမင်းကိုသဘောကျပါတယ်လို့ပြောဖူးလို့လား"
"ဒါပေမဲ့....ဒါပေမဲ့ Zhan ge မျက်လုံးထဲမှာ
ကျွန်တော့်ကိုသဘောကျနေတယ်ဆိုတာမြင်နေရတယ်လေ....Zhan ge မျက်လုံးတွေကိုတော့ညာလို့မရဘူးလေ"Xiao Zhan တစ်ဖက်ကိုလှည့်လိုက်တယ်....
ဒီမျက်ဝန်းလေးတွေကိုကြာကြာရင်ဆိုင်နိုင်စွမ်းမရှိဘူး........."မင်းအထင်မှားနေတာ...ဘာတွေကမင်းကိုတစ်မျိုးထင်စေလည်းမသိပေမဲ့ ငါမင်းကိုအမြဲတမ်းည်ီလေး
တစ်ယောက်လိုပဲသဘောထားခဲ့တာ ဘယ်တုန်းကမှအဲ့ထက်မပိုခဲ့ဘူး""ဟက်.....ညီလေးတဲ့လား.....ဘယ်တုန်းကမှမပိုခဲ့ဘူးတဲ့လား.....အဲ့တာဆိုကျွန်တော် ခင်ဗျားကို
သဘောကျနေမှန်းသိရက်နဲ့ ဘာလို့မျှော်လင့်ချက်တွေပေးနေသေးလဲ ခင်ဗျား ကျွန်တော့်ကိုတမင်သက်သက်ကစားလို့ကောင်းတဲ့အရုပ်တရုပ်လိုသဘောထားပြီးကစားနေခဲ့တာပေါ့"