Love on you - Finale

10.4K 501 13
                                    

ဆေးရုံကဆင်းတော့YiboကXiao Zhan
ကိုသူ့အိမ်မှာပဲလိုက်နေစေတယ်
ဟိုကိုလည်းပြန်မသွားတော့ပဲပေကျင်းရုံးခွဲမှာပဲ
ပြောင်းလို့ဉ်ီးစီးတယ်

ပုံမှန်ပြန်ဖြစ်လာပြီဖြစ်တာမို့ Xiao Zhan
ကအလုပ်ပြန်ဝင်ချင်နေပြီ
ဒါပေမဲ့ Yibo ကတော့စိတ်မချလို့ခဏလောက်
နားနေပါဦးဆိုပြီးကျီတိုက်တာကြောင့်နောက်ဆုံး
Xiao Zhan ကပဲအရှုံပေးလိုက်ရတော့တာပဲ

Yibo အလုပ်သွားတဲ့အချိန်တွေဆို
အိမ်မှာတစ်ယောက်ထဲကျန်ခဲ့တဲ့ Xiao Zhan
ကိုပျင်းနေမှာစိုးတာကြောင့် Yibo ကအလုပ်သွား
ရင် Xiao Zhan ကို အမ Yu Fei တို့အိမ်ဝင်
ပို့ပေးခဲ့ပြီ အလုပ်ကပြန်ကျရင်လာခေါ်ပေးတယ်

ဒီနေ့တော့ရုံးပိတ်ရက်ဖြစ်တာကြောင့်
အိမ်မှာရှိနေတဲ့ Yibo ကမိုးလင်းကတည်းက
Xiao Zhan ကိုပတ်ကျိလေးလိုလိုက်ကပ်နေ
တော့တာပဲ

"ဘယ်လိုဖြစ်နေတာလဲ Wang Yibo ရေ
ကောဒီမှာဟင်းချက်နေတယ်လေကွာ
ဆီပူတွေလောင်ကုန်တော့မှာပဲ"

Xiao Zhan ရဲ့ခါးကိုနောက်ကနေပွေ့ဖက်ထား
ရင်းပုခုံးပေါ်မေးထောက်တင်ထားတဲ့ Yiboက
တီရှပ်အဖြူလေးအောက်ကပေါ်နေတဲ့ခပ်ဝင်းဝင်းပခုံးသားလေးထဲနှာခေါင်းလေးကိုနှစ်လို့အလုပ်ရှုပ်နေ
ုပြန်တယ်

နောက်ကနေရေဘဝဲလိုကုတ်တွယ်ထားတဲ့
Yibo ကိုပြောလို့မရတဲ့အဆုံး Xiao Zhanက
လသားကလေးကိုကျောပိုးပြီးအလုပ်လုပ်ရတဲ့
မိခင်သည်ကြီးလို နှစ်ဆယ့်ခြောက်နှစ်အရွယ် Wang Yibo ကိုပိုးလို့ထပ်လျှက်သားကြီးနဲ့ပဲ
ဟင်းကိုပြီးအောင်ချက်ရတော့တာပဲ

တကယ်ကိုတစ်နေကုန် Xiao Zhan အနား
ကပ်နေဖို့စိတ်ကူးထားပုံရတဲ့ Yibo က
Xiao Zhan ခြံထဲခုံတန်းလေးပေါ်မှာစာအုပ်
ထိုင်ဖတ်နေတော့လည်း သူ့အရပ်ကြီးနဲ့ခုံသေးသေး
လေးကိုအတင်းတိုးပြီး Xiao Zhan ပေါင်ပေါ်
ကိုခေါင်းအုံးလို့ဝင်လှဲတယ်

Xiao Zhan ကလက်တစ်ဖက်နဲ့ Yibo ဆံပင်
လေးတွေကိုထိုးဖွပေးရင်းစာဆက်ဖတ်တတဲ့အခါ
Yibo ကသူ့ဆံပင်တွေထဲကရှည်သွယ်သွယ်
လက်ချောင်းလေးတွေကိုဆွဲယူယှက်ထွေးလို့ သူ့လက်ဖဝါးကြီးကြီးတွေထဲနစ်မြုပ်စေရင်းဆွဲကိုင်ထားတဲ့
လက်ကလေးကိုတဖွဖွနမ်းတယ်
Yibo ကသူ့အပေါ်ကနေစီးမိုးလို့မြင်ရတဲ့နှာတံစင်းစင်းလေးတွေ
အပြည့်အဝအနားရထားတာဖြစ်လို့ခပ်ပြည့်ပြည့်ပြန်
ဖြစ်လာတဲ့ပါးဖောင်းဖောင်းလေးတွေ
ခပ်ပါးပါးနားရွက်ဖျားနားကမှဲ့လေးတွေရယ်
နောက်ဆုံးမြတ်နိုးရတဲ့ပန်းသွေးရောင်
နှုတ်ခမ်းအနားသပ်ကခပ်ထင်းထင်းမှည့်နက်နက်
ကလေးရယ် အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို
လက်ချောင်းလေးတွေနဲ့ခပ်ဖွဖွလိုက်လို့ထိတွေ့တယ်
စူးရှရှခပ်တောက်တောက်မျက်ဝန်းလေးတွေကို
စာကြည့်မျက်မှန်ရဲ့ဖုံးအုပ်ခြင်းခံထားရတာကြောင့်
ထိတွေခွင့်မရတဲ့အခါ Yibo ကစာကြည့်မျက်မှန်
လေးကိုမျက်စောင်းထိုးတယ်

Love on youWhere stories live. Discover now