(Unicode)
🍂 Chapter - 120 🍂
ရှဲ့လျန်သည် ဟွားချန်အား ငါးကြိမ် ခြောက်ကြိမ်ခန့် လေရှူသွင်းပေးပြီးနောက် ဟွားချန်၏ ရင်ဘတ်သို့ ဖိကာ အသက်ပြန်ကယ်မည်ဟု တွေးလိုက်လေသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူ၏ မျက်လုံးများအား ဖွင့်လိုက်သောအခါ သူ့အားစိုက်ကြည့်နေသော ဟွားချန်၏ မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံမိလေသည်။
ရှဲ့လျန်၏ လက်များသည် ဟွားချန်၏ ပါးအား ကိုင်ထားလျက်ရှိနေပြီး သူတို့၏ နှုတ်ခမ်းများကလည်း အကွာအဝေးအနည်းငယ်သာ ကွာခြားသေး၏။
" စန်းလန်....မင်းနိုးနေပြီလား!"
ဟွားချန်ကား ဘာမှမပြော။
ရှဲ့လျန်သည် ချက်ချင်းဆိုသလိုပင် သူ၏ လက်တွေကို ဖယ်လိုက်ပြီး အနောက်ဆုံးခြေလှမ်း အနည်းငယ်ဆုတ်ကာ
"မဟုတ်ဘူး! မဟုတ်ဘူး! မဟုတ်ဘူး! မဟုတ်ဘူးနော်! လုံးဝမဟုတ်ဘူး! မင်းတွေးနေသလိုမျိုး တကယ်မဟုတ်ဘူးနော်! ငါကဒီတိုင်းပဲ..."
ဒီအတိုင်း? လေသွင်းပေးတာ?...
တစ္ဆေ မိစ္ဆာ ပါဆို လေကို လိုအပ်လို့လား?
ပြောရမည့် စကားများသည်လည်း ပျောက်ရှသွားလေသည်။
"အရှင့်သား... စိတ်ကိုအရင်ဆုံး ဖြေလျော့လိုက်ပါ"
"ငါတောင်းပန်ပါတယ်။ ငါတောင်းပန်ပါတယ်။ ငါတောင်းပန်ပါတယ်။ ငါတောင်းပန်ပါတယ်နော်!"
တောင်းပန်စကားကို ပြောပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားပြီး ထွက်ပြေးသွားလေသည်။ ဟွားချန်သည်လည်း ရှဲ့လျန်၏ နောက်သို့ အပြေးလိုက်သွား၏။
"အရှင့်သား!!"
ရှဲ့လျန်သည် သူ၏ နားရွက်များကို လက်နှင့်ကာလိုက်ပြီးနောက်
"ငါတကယ် တောင်းပန်ပါတယ်!!!"
သေလိုက်! သေလိုက်တော့! အကယ်၍ မသေနိုင်ရင်လည်းပဲ တွင်းကြီးကြီး တစ်တွင်းတူးပြီး အဲ့တွင်းထဲမှာပဲ သေချင်ယောင်သာဆောင်နေလိုက်တော့!!!!!
"ခုဏက ကိုကိုကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူသားခန္ဓာကိုယ်က အဆင်မပြေဘူး... ပင်လယ်ထဲကို ဆင်းလိုက်တာ ဆားငံရေတွေက ပါးစပ်အပြည့်ဖြစ်နေတော့ မွန်းစေတယ်... မုန်းဖို့ကောင်းလိုက်တာ..."