3

35K 2.8K 5
                                    

Unicode

ရုံးခန်းရောက်ကတည်းက ခုံပေါ်ခေါင်းမှောက်နေတာ နေ့လည်စာစားချိန်ပင်ရောက်နေလေပြီ။

"ကျန့်ကျန့် ထမင်းသွားစားမယ်လေ"

သူငယ်ချင်း ချန်းလော့ရဲ့ စကားကို ခေါင်းခါပြလိုက်သည်။
ချန်းလော့က မှောက်နေတဲ့ ခေါင်းကို ဆွဲထူကာ

"မှန်းးး ကိုယ်လဲမပူပါဘူး။ နေမကောင်းရင်လဲအိမ်ပြန်နားလေ။ဒီပိတ်ရက်ထိ အလုပ်အားနေတာပဲ"

နဖူးပေါ်လက်တင်ပြီး ကိုယ်ပူလာစမ်းတဲ့ သူငယ်ချင်းကို လှမ်းကြည့်လိုက်ပြီး

"ဘာမှမဖြစ်ဘူး ညကအိပ်ရေးပျက်ထားလို့ ။စားပြီးပြန်လာရင် ဆူရှီနဲ့ အမေရိကာနိုသာ ဝယ်လာပေး။"

ချန်းလော့က အိုခေ ဆိုကာ ရုံးခန်းပြင်သို့ထွက်သွားလေပြီ။

ကျစ်!! ဝမ်ရိပေါ် ဝမ်ရိပေါ်

ဆူပုတ်နေတဲ့ မျက်နှာထားက ရှောင်းကျန့် မျက်လုံးထဲက မထွက်။ ၅နှစ်သားလေး ချိချဉ်မစားရလို့ စိတ်ဆိုးနေတဲ့ ရုပ်လေးနဲ့။
နှုတ်ခမ်းဖူးဖူးလေးနဲ့ နှာတံလုံးလုံးလေးကို မြင်ယောင်တော့ ရှောင်းကျန့်ပြုံးမိသည်။

တစ်ချိန်က ထိုနှုတ်ခမ်းလေးက ကျန့်ကောဆိုတဲ့ အသံလေးဆိုတတ်၏။
ထိုနှာခေါင်းလုံးလုံးလေးက ရှောင်းကျန့်ပါးနဲ့ လည်တိုင်တို့ထံ အခြေစိုက်ဖူး၏။

ကြံခိုင်တဲ့ဝမ်ရိပေါ်အနေနဲ့ ရှိနေလို့ ကျေးဇူးပဲ။

........။

"ဆရာရှာခိုင်းထားတဲ့အချက်အလက်တွေ ရပါပြီ။"

"စားပွဲပေါ်ချထားခဲ့လိုက်"

အတွင်းရေးမှူးပေးလာသည့် ဖိုင်တွဲကို ရိပေါ်စိုက်ကြည့်နေတယ်။
သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေမှာ မမြင်ချင်လိုတဲ့ လူတစ်ယောက်ပါနေဦးမည်။

အသက်ကိုပြင်းပြင်းရှူပြီး ဖိုင်တွဲကို ကောက်လှန်လိုက်သည်။

-ရှောင်းကျန့်
--၃၀ နှစ်
-Graphic designer
စာရွက်ကိုတစ်ရွက်ချင်းလှန်ရင်း တစ်နေရာအရောက် ရိပေါ်ရဲ့ လက်များ ရပ်တန့်သွားသည်။

Step By StepWhere stories live. Discover now