_30_ Final part

38.4K 2K 130
                                    

Unicode

"ဘွားဘွားရေ!!!!မြေးလေးလာတယ်လို့ !!!"

တက်စီပေါ်ကနေ သားက သူ့လွယ်အိတ်ပဲယူပြီးပြေးဆင်းသွားတာ။အထုတ်အပိုးတွေကိုတော့ ပါပါးနှစ်ယောက်က သယ်ပေါ့တဲ့။

"ဟယ် အဘွားမြေးလေး!!အကြောင်းမကြား ဘာမကြားနဲ့တော် "

"ဝမ်ယွမ်!!အိတ်တွေ လာသယ်လေ။"

ခြံထဲမှာ အလွမ်းသယ်နေတဲ့ အဘွားနဲ့မြေး။
ရိပေါ်က သားကိုအော်ခေါ်တော့ ကုပ်ကုပ်လေးပြန်ထွက်လာပြီး အိတ်လာသယ်သည်။

"လာလာ ဝင်ကြ!!! "

ဧည့်ခန်းထဲမှာ အထုတ်တွေထားပြီး ဆိုဖာပေါ်ထိုင်ကာ ဘွားဘွားကတော့ သူ့မြေးကို ခြေဆုံးခေါင်းဆုံးကြည့်ပါသည်။ဧည့်ခန်းနံရံတွင်တော့ ရိပေါ်နဲ့ရှောင်းကျန့်ပုံလေးက နေရာယူထား၏။

"ငါမြေးက တကယ်မင်းပါပါးနဲ့တူလာတာပါလား။ ကြည့်ပါဦး"

"ငါမြေးက တကယ်မင်းပါပါးနဲ့တူလာတာပါလား။ ကြည့်ပါဦး"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"မေမေ ကျွန်တော်တို့လဲပါတယ်လေ။လှည့်ကြည့်ဦး။"

"အေးပါ အေးပါ။ဘာနဲ့လာကြတာလဲ။လေယာဥ်နဲ့လား။"

"အင်း လေယာဥ်နဲ့ပဲ။မေမေ ကျွန်တော်တို့ ၃ ၄ရက်လောက်နေမယ်။ "

"စိတ်ကြိုက်နေကြ။ မြေးက ဘယ်တုန်းကပြန်ရောက်တာတုန်း! လာမယ်မှန်းသိရင်း ဘွားဘွားက စျေးတွေဘာတွေဝယ်ထားမှာပေါ့။"

"သားက အရင်ပတ်ကပြန်ရောက်တာ ပေကျင်းက အဖိုးနဲ့အဖွားကိုလဲ တူတူအချိန်ဖြုန်းပေးရတယ်သေးတယ်လေ။ဘွားဘွားမြေးက scheduleတွေပြည့်ကျပ်နေတာနော်! "

"ဟုတ်ပါပြီ ဟုတ်ပါပြီ ဘွားဘွားမြေးလေးရယ်"

"ဘွားဘွားက သားစကားကိုရယ်မောရင်း သားကိုထွေးပွေ့ထားသည်။"

Step By StepWhere stories live. Discover now