Part-5

944 89 33
                                    

Unicode
*ကျွန်တော့်လက်ကိုရှောင်ခွာသွားတဲ့ကလေး ကုတင်အစွန်းမှာ ရှိက်နေတာလားကျောပြင်သေးသေးလေးကသိမ့်သိမ့်ခါနေတယ်*

"ကလေး"

"ဟင့်....ဟင့်...."

"ငိုနေတာလား ကလေး ဒီဘက်လှည့်ပါအုန်း"

*ဟင့်အင်း ကျွန်တော်သတ္တိမရှိဘူး daddy ကျွန်တော် ဒီချိန်ပြောရင် အပျက်သဘောတွေပဲ ဖြစ်လိမ့်မယ် *

"ကလေး ကိုယ့်ကြည့်ပါအုန်း "

*ငိုနေတာမို့လား ကျောပြင်ငယ်လေးဒီလောက် သိမ့်သိမ်တုန်နေတာ *

ပြောလဲ မလှည့်တဲ့သူ့ကို အနောက်ကနေ ပခုံးလေးကို အသာဆွဲပြီးလှန်ချလိုက်တော့

"ဟင် ကလေး!!"

"ဟင့်....ဟင့်..."

"ဘာလို့ ငိုနေတာလဲ ကလေးဟင်"

ကျွန်တော့် ပခုံးကို လှန်ဆွဲလိုက်တော့

*ကျွန်တော်ကို စိုးရိမ်တကြီး ကြည့်နေတဲ့daddy*

"ကလေး ဘာလို့ငိုနေတာလဲ"

"ကျွန်တော် ဘာမှမဖြစ်ပါဘူး "

"ငိုနေတာမို့လားဟင်"

"အင့်ဟင်း"

"ကလေး!!! မင်းဘာတွေဖြစ်နေတာလဲ
ငါကမင်းယောကျာ်လေးကွာ အနည်းနဲ့အများငါ့ကိုအကျိုးကြောင်း‌ လေးတော့ ပြောရမှာပေါ့ "
ကျွန်တော်အိပ်နေရာကနေ ထထိုင်ပြီးပြောလိုက်တော့ သူလည်းထထိုင်ကာ

"ကျွန်တော့်ကို မအော်နဲ့!!'

"အေးမင်းကိုယ့်ကို အခုချိန်ထိစိတ်ဆိုးမပြေသေးရင်လည်း ပြောလေကွာ"

"ဘာ ခင်ဗျားကိုစိတ်လည်းမဆိုးဘူး ဒါပေမဲ့ခင်ဗျားအတော်ညံတာပဲ လူကဲခတ်ကို"

"ကလေး !!!!"

"တော်သင့်ပြီ daddy ကြာရင် အပျက်သဘောတွေ ရောက်ကုန်လိမ့်မယ်"

"မင်းကိုယ့်ကို အလေးမထားဘူးပဲ Kyungsoo
ကိုယ်ကသာ ကရုစိုက်ရတာ"

"အဟက် ခင်ဗျား သတိရသေးသားပဲ"

"ဘာ !!!ဒိုဂျောင်ဆူး"

"အလေးထားတယ် ဟုတ်လားdaddyရယ်
တော်တော်ရီ ဖို့ကောင်းတဲ့လူပဲ မိုးရေထဲမှာကလေးတစ်ယောက်လို ထိုင်မနေနဲ့တဲ့ မေးဖူးလား ထိုင်နေရတဲ့အကြောင်းရင်းကိုလေ "

sweet Where stories live. Discover now