Zawgyi
ဒီနေ့ဆို သိပ်ကို ချစ်ရတယ့် သူငယ်ချင်း
သုံးယောက် ခွဲခွာ ဖို့အချိန်တန်လာသလို
ကောင်လေး တစ်ယောက်ကလည်း
ဆေးရုံဝတ်စုံနဲ့ လူနာ ကုတင်မှာ
လှဲလျောင်းနေရတယ့်အချိန်ပေါ့ သူမသိလိုက်တာဟာ
လေဆိပ်မှာ သူ့ကို စောင့်မျှော်နေတယ့်
မိန်းကလေး တစ်ယောက်ရှိတာကိုပေါ့။ငိုကြွေး နေတယ့် မိန်းကလေးကို သူမရဲ့
အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်က
နှစ်သိမ့်နေကြတယ့် ပုံရိပ်က
ထင်ရှားနေတယ်။တို့နောက်မှာတော့ ဖက်ပြီး ငိုနေတယ့်
ကောင်လေး နှစ်ယောက်
သူတို့ရဲ့ ချစ်သူငယ်ချင်းမလေးကို
အတွင်းစိတ်ထဲကနေ ပြစ်ပြစ်နှစ်နှစ်ပြောဆို
နေတာကိုတော့
အသဲကွဲနေတယ့် ကောင်မလေးက ဘယ်သိပါ့မလဲ။"ထည်မိုင်း မင်းနော် ဂျပန် မှာ ဘာသံညာသံမကြားချင်ဘူး
နော် ကြားတာနဲ့ မင်းကို
လာခိုးပြေးမှာ""တော်ပါကွာ မင်းကမှ လက်ရဲဇက်ရဲ အင်္ဂလန်မလေးတွေနဲ့
တွေ့ပြီး သာယာနေမှာ""တော်စမ်းပါ မင်းသာ ဂျပန်မတွေရဲ့ တင်တွေ ရင်တွေသာ
မြင်ရင် ငါ့ကိုမေ့မှာ ""တော်ပြီကွာ အဲ့ဒါနဲ့ ရန်ဖြစ်ရတော့မယ်
နောက်နေ့ဆို မတွေ့ရတော့မယ့်ဟာကို ""ဟုတ်ပါတယ် ငါမှားတာ အမြဲ ဖုန်းဆက်မယ်
မိဘတွေက မသိလောက်ပါဘူး "" ကဲ နောက်မှ အလွမ်းသယ်ကြတော့ သွားမယ်"
မိဘတွေ ထင်သလို သူတို့နှစ်ယောက်ဟာ စိတ်ကစားတာ
အနေနီးလို ရင်ခုန်တာဟာ
မဟုတ်မှန်း အတိအကျကို သိသာလာတယ်
မတွေ့ရတယ့် ၅လ အတောအတွင်းမှာဘဲ
တစ်ယောက်ကို တစ်ယောက် သိသိသာသာ
အလွမ်းတွေ ခံစားရတယ်။ထိုအချိန်မှ အလွမ်းဆိုတာ ဘာမှန်း သေချာ သိတယ့်
ကောင်လေး နှစ်ယောက်"သတိရတယ် ထည်မိုင်း "
"ငါရောဘဲ "
"အဆင်ပြေလား စာတွေ သင်နေရတာ "
"ဒီလိုပါဘဲကွာ နည်းနည်းတော့ ပင်ပန်းတာပေါ့ "
"မင်းနဲ့ အခုလို video call ဘဲ ပြောနေရတာ မတင်းတိမ်ဘူးကွာ မင်းကို ဖက်ထားချင်တယ် "
