နေရောင်ခြည်စူးစူးကအခန်းလိုက်ကာကို ကျော်လွန်ကာ
အိပ်ပျော်နေသော Canလေးရဲ့မျက်နှာကိုထိုးနေတော့
Canတစ်ယောက်လှုပ်လှုပ်ရွရွနဲ့ထိုးထလာလေသည်Can~အား ခေါင်းမူးလိုက်တာ ဒါနဲ့ငါဘယ်ရောက်နေတာလဲ
ဒါငါ့အိမ်ပဲ ဒါဆို ကိုယ်ကရောဘယ်မှာလဲအခန်းတံခါးကိုတွန်းဖွင့်ကာ အိမ်အောက်ထပ်သို့အလျင်အမြန်
ပြေးဆင်းလာတော့မှ မီးဖိုချောင်ထဲက ကိုယ့်ကိုတွေ့တော့သည်Tin~ပူတူး နိုးလာပြီးလား ရော့ဒီမှာ ခေါင်းကြည်သွားအောင်
သံပုရာရည်လေးသောက်လိုက်Tinလှမ်းပေးတဲ့သံပုရာရည်ခွက်လေးကိုလှမ်းအယူ
Tinက Can ရဲ့လက်ကိုဆုပ်ကိုင်လိုက်ကာTin~ပူတူး ကိုယ်တောင်းပန်ပါတယ်နော်
Can~ဘာအတွက်လဲ
Tin~ကိုယ်က ပူတူးကိုအတွေးချော်သွားစေလို့လေ
Can~ဘယ်လိုမျိုးကိုပြောတာလဲ အတွေးချော်စေတယ်ဆိုတာက
Tin~ပူတူး ကိုယ်တို့စေ့စပ်ကြရအောင်
Can~ဗျာ ......ဘယ်လို ......!!!
Tin~ကိုယ်တို့စေ့စပ်ထားကြရအောင်လို့ အချိန်တန်တဲ့အခါ
ကျရင်တော့ တစ်ခါထဲလက်ထပ်ကြတာပေါ့Can~ဟက် စေ့စပ်ခွင့်တောင်းတာကလည်း ပါးစပ်နဲ့ပဲ
လား ......Can စကားတောင်မဆုံးသေး Canရဲ့လက်သန်းကြွယ်
လေးပေါ်ရောက်ရှိနေပြီဖြစ်တဲ့ လက်စွပ်လေးTin~ဒီမှာ ဒီလက်စွပ်လေးက ပူတူးလေးကကိုယ့်အပိုင်
ဆိုတာကို ပြတာပဲ ပူတူးလေးလက်ထပ်ရမဲ့သူက
ကိုယ်ပဲဖြစ်ရမယ်လို့လေCan~သွားစမ်းပါဗျာ အပိုတွေ ခင်ဗျားက ရင်သားကြီးကြီးနဲ့
မိန်းမတွေကိုပဲကြိုက်တာမလား ကျနော့်ကိုတကယ်ရောကြိုက်
လို့လားTin~ဟင့်အင်း ကိုယ်ကပူတူးကိုမကြိုက်ပါဘူး ချစ်တာ
Can~တော်ပါ အခုမှ မနေ့ကကျ သတိတောင်မရပဲနဲ့
Aeriပြန်ပို့လို့သာကျနော်အိမ်ပြန်ရောက်လာရတာTin~ဟုတ်လား Aeriပြန်ပို့ပေးတာလား ဒါဆို ဘာလို့
ကိုယ့်ခါးတွေကနာနေရတာလဲ မသိဘူး
YOU ARE READING
When I love you (completed)
Fanfictionစည်းကမ်းတင်းကြပ်ပြီး အေးစက်မာကျောသော အချေဆရာကြီး Tinနှင့် ဗရုပ်သုတ်ခနေတတ်ပြီး စာလုပ်ရမှာသေလောက်အောင် ကြောက်သော ကျောင်းသား Plan တို့တစ်အိမ်ထဲတွင်အတူနေရဖို့ အကြောင်းဖန်လာသောအခါ Unicode စည်းကမ်းတင်းကြပ်ပြီး အေးစက်မာကျောသော အချေဆရာကြီး Tinနှင့် ဗရုပ်...