Part-2

1.3K 83 9
                                    

နောက်တစ်နေ့ တော့ Canတစ်ယောက် မနက်အစောကြီး
ထကာ ရေမိုးချိုးပြင်ဆင်ပြီး အောက်ထက်ကိုဆင်းလာခဲ့တယ်
မိမိမနက်စောစောထတာကို မိမိရဲ့ အထိန်းတော်ကြီးမှာ
မယုံကြည်နိုင်ဖြစ်နေသည့်ပုံဖြင့်
Yiin~Can သားCan အိပ်ရင်းလမ်းထလျှောက်
တာများလား မဟုတ်လောက်ပါဘူး မျက်လုံးကြီးက လဲပွင့်
လို့ဟာကို
Can~အောင်း အန်တီ Yinရေ သားနိုးနေတာပါနော်
အိပ်ရင်နဲ့လည်း လမ်းမလျှောက်ပါဘူးဗျာ
Yin~Awwနိုးနေတာလား မသိပါဘူး အိပ်ရင်း လမ်း
ထလျှောက်နေတယ် မှတ်လို့ ဘယ်လိုဖြစ်လို့ထူးထူးဆန်းဆန်း
အစောငြီးနိုးနေတာတုန်း
Can~ဘယ်လို ဖြစ်ရမလဲ ကျောင်းသွားဖို့ပေါ့ဗျ တော်ပြီ
ဗျာ အန်တီYinကိုပြောရတာနဲ့နောက်ကျတော့မယ်
ကျနော်သွားပြီ bye bye
Yin~ဟဲ့  Can……Can……
Can တစ်ယောက်Yinခေါ်တာကိုပင် လှည့်မကြည့်
အသဲအသန်ထွက်သွားလေတော့သည်

Aeri~ဝိုး တယ်ထူးဆန်းပါလား ကန်တလု ကျောင်းတွေဘာတွေ အစောကြီးလာလို့ပါလား
Can~ဟဲ့ အာပြဲမ ပါးစပ်ကိုပိတ်ထား အဲ့နာမည်ကြီးကိုမခေါ်
ပါနဲ့လို့ဆိုနေ လက်သီးကျွေးလိုက်လို့
Aeri~အောင်း မလုပ်ပါနဲ့ ကြောက်ပါတယ်ရှင့် ဟား ဟား
Canကိုစကာအူမြူးနေသော Aeriကို Canအနောက်
ကလိုက်ရိုက်တော့သည် Can အနောက်မှ Aeriကို
လိုက်ဖမ်းရင်း လူတစ်ယောက်နဲ့တိုက်မိတော့သည်
အပေါ်မော့ကြည့်လိုက်တော့ ဟို ဘုဂလန့်ဆရာပဲ
Tin~Can ဒါမင်းတို့ပြေးဆော့နေရမယ့်နေရာ မဟုတ်ဘူး
ဒီနေရာက
Can~ကျောင်း စည်းကမ်းရှိရှိနေရမယ် ကျောင်းသားနဲ့အောင်
နေ ပြေးလွှားမနေနဲ့ ပြီးတော့ဘာရှိသေးပါလိမ့်
Tinပြောနေတာကိုဖြတ်ပြောလိုက်ပြီး Tinပြောမဲ့စကားများ
ကို အစဉ်လိုက်ပြန်ရွတ်ပြနေသော Canပါ
Tin~ဟင်း မင်းက အရမ်း ဗရုပ်သုတ်ခနိုင်တဲ့ ကျောင်းသား
တစ်ယောက်ပဲ
Tin ပြောပြီး ထွက်သွားတော့ Can မှာဒေါသတွေထွက်ကာ
ခြေဆောင့်လျက်ကျန်ခဲ့ရတော့သည်

ကျောင်းတက်ပြီးနောက် အခန်းထဲတွင် ဆရာမလာသေးသဖြင့်
ဆူညံပွက်လောရိုက်နေကြသည် ထိုအချိန် အတန်းထဲကို
Tinဝင်လာတော့ အကုန်ငြိမ်သက်သွားသည် မငြိမ်သေးတာ
တော့ Canနှင့် Aeriပင်
Tin~ကဲ Chemistryဆရာက ကျောင်းမလာလို့
ငါအစားဝင်သင်မယ် အားလုံး English စာအုပ်ထုတ်ကြ
ကျောင်းသား အားလုံး စာအုပ်ထုတ်လိုက်ကြသည် စာအုပ်
မထုတ်ရသေးတာဆိုလို့ Canတစ်ယောက်သာရှိသည်
Aeri~ဟဲ့ Can စာအုပ်ထုတ်လိုက်လေ မြန်မြန်
Can~ငါ့မှာ ပါမှမပါဘဲ စုရေးတဲ့စာအုပ်တစ်အုပ်ထဲပါတယ်
Aeri~ဟာ နင်နဲ့တော့ခက်ပြီ ငါ့မှာလဲအပိုမပါလာဘူးဟ
Can~ထားလိုက် မပါတော့ လိုက်မကြည့်ရုံပဲပေါ့
Aeriနဲ့ Canနှစ်ယောက်သား တီးတိုးပြောနေကြသည်ကို
Tinကတွေ့သွားပြီး
Tin~ဟိုနောက်ဆုံးတန်းက နှစ်ယောက် ဘာတွေပြောနေ
ကြတာလဲ စာအုပ်ထုတ်ခိုင်းတာ ထုတ်ပြီးပြီလား
Aeri & Can~ထုတ်ပြီးပါပြီ ဆရာ
Tin~အင်းအဲ့တာဆို မင်းတို့ရဲ့ ဖတ်စာအုပ်တွေကိုငါ့ကို
မြှောက်ပြပါ
Aeriက သူ့စာအုပ်ကိုမြှောက်ပြလိုက်သည် Canကတော့
ဒီအတိုင်းသာ ရုပ်တည်နဲ့ ထိုင်နေသည် Tinနောက်ဆုံး
အတန်းဆီသို့ လျှောက်လာကာ
Tin~မင်းရဲ့ စာအုပ်ရော Can ဘယ်မှာလဲ
Can~ရှိပါတယ် ဆရာ
Tin~ဒါဆို ဘာလို့ငါ့ကိုမြှောက်မပြနိုင်ရတာလဲ
Can~ကျနော်လက်နာနေလို့ပါဆရာ
Tiin~ဒါဆိုအခုမင်းရဲ့စာအုပ်ခုငါ့ကို ပြ
Can~ဒီမှာပါဆရာ
ဘာမှမရှိတဲ့ စားပွဲကိုလက်ညိုးထိုးပြကာ ပြောနေသောCan
Tin~Can မင်း မပါလာရင် အမှန်တိုင်းပြော ငါ့အချိန်တွေကို မဖြုန်းနဲ့
Can~Aww ဒီမှာပါ ဆိုနေ တစ်ခုတော့တယ် ကျနော့်
စာအုပ်က ဘုန်းကံမြင့်တဲ့သူမှတွေ့နိုင်တာပါ ဆရာ
Tinကို Can မထိတထိပြောဆိုလိုက်ပြီး အောင်နိုင်သူကြီး
ကဲ့သို့ပြုံး ပျော်ရွှင်နေတော့သည်
Tin~ဟက် ကောင်းပြီလေ ငါကဘုန်းကံနိမ့်လို့မမြင်ရဘူး
အဲ့တော့မင်း ငါရှင်းပြတဲ့စာကိုရှေ့ထွက်လက်မြောက်ပြီး
နားထောင်ရမယ် Can ပြီးရင် ငါရှင်းခဲ့တဲ့စာကိုအစအဆုံး
ပြန်ရှင်းပြရမယ်
Can~ရတယ်လေ ဟင်း……

When I love you (completed)Where stories live. Discover now