ရှောင်ကျန့်လှေကားခြေရင်းသွေးအိုင်ထဲတွင်လဲနေသောရိပေါ်ကိုတွေ့လိုက်သောအခါ
'ရိပေါ်………ရိပေါ်……မင်းငါ့ဆီကထပ်ပြီးထွက်မသွားပါနဲ့'
'ရိပေါ်……ငါ……ငါတောင်းပန်ပါတယ်'
'ဟင့်အင်း………ကိုကိုကျေနပ်ပြီလားဟင်ဒါနဲ့ဆိုကျေပြီနော်အရင်ကကိုကို့ကိုလှေကားပေါ်ကတွန်းချမိတဲ့အတွက်……ကိုကို………အ………ရမ်း………နာမှာပဲနော်……'
'ဟင့်အင်းကိုယ်တောင်းပန်ပါတယ်နော်ရိပေါ်အိပ်မပျော်သွားနဲ့နော်'
'ဟင့်အင်းကျွန်တော်အိပ်ချင်နေပြီ………တောင်းပန်ပါတယ်ကိုကို……အရမ်း……ချစ်………တယ်'
'ရိပေါ်သတိထားအုံးလေ'
မိမိလက်ပေါ်တွင်သတိမေ့သွားသောကောင်လေး
'ရှောင်ကျန့်ရိပေါ်ကနင့်အပေါ်အနိုင်ကျင့်ခဲ့တဲ့သူလေနင့်ကိုလွန်ခဲ့တဲ့ခြောက်နှစ်ကအမြဲစိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့သူ'
'ပါးစပ်ပိတ်ထား!!!!!'
မိမိအားအမြဲနူးနူးညံ့ညံ့ဆက်ဆံလေ့ရှိသောရှောင်ကျန့်ထံမှဒေါသတကြီးအော်လိုက်သည်ကိုကြားရသောအခါရှင်းရာတုန်လှုပ်မိသွားသည်
'ရှင်းရာမင်းဘာသိလို့လဲမင်းသူ့အကြောင်းဘယ်လောက်သိလို့လဲ'
'hkkသိတာပေါ့သူကကျွန်မဘဝကိုဖျက်စီးခဲ့တဲ့သူ'
'အရင်ကသူလုပ်ခဲ့တာတွေမှားချင်မှားမယ်အခုသူကဖြူစင်တဲ့သူ'
ရှောင်ကျန့်ရိပေါ်ကိုပွေ့ချီလိုက်ကာအိမ်ကနေထွက်ရန်ပြင်လိုက်သည်
ထိုအချိန်ရှောင်ကျန့်လက်ကိုဆွဲထားသောလက်တစ်စုံ
'မင်းဘာလုပ်တာလဲလွှတ်စမ်းရိပေါ်သွေးထွက်လွန်သွားလိမ့်မယ်'
'သေလည်းနားအေးတာပဲ'
'မင်းတော်တော့ထွက်သွားအခုချက်ချင်းထွက်သွား
'hkkရှောင်ကျန်နင်နောင်တရစေရမယ်'
ရှောင်ကျန့်ရှင်းရာအားတွန်းဖယ်လိုက်ပြီးရိပေါ်ကိုဆေးရုံခေါ်သွားလိုက်သည်
YOU ARE READING
Now your turn(zawgyi and unicode)complete
Fanfictionဝမ်ရိပေါ် ငါကအရင်တုန်းကမင်းအနိုင်ကျင့်တိုင်းခံခဲ့ရတဲ့သူမဟုတ်တော့ဘူးအတုံ့အလှည့်ဆိုတာရှိတယ်ဒီတစ်ခါတော့မင်းအလှည့်ပဲ (ရှောင်ကျန့်) အရင်တုန်းကကောအပေါ်လုပ်ခဲ့မိတာတွေအတွက်ကျွန်တော်တောင်းပန်ပါတယ်ကောကျွန်တော်ကောကျေနပ်အောင်ကျွန်တော်လုပ်ပေးပါ့မယ်ကော (ဝမ်ရိပေါ်)