'အား!!!!'
ရှောင်ကျန့်ခုံပေါ်မှာရှိတဲ့ပစ္စည်းတွေကိုတွန်းချလိုက်မိသည်
စိတ်ထွက်ပေါက်အနေနဲ့လုပ်မိသော်လည်း
မျက်လုံးထဲတွင်ပေါ်ပေါ်လာသောပုံရိပ်လေးတစ်ခု
မိမိအားဒူးထောင်ကာတောင်းပန်နေသောရိပေါ်ကိုမြင်ယောင်နေမိသဖြင့်ခုံကိုတစ်ချက်ထုမိလိုက်ပြန်သည်
ပျောက်သင့်နေပြီ………ကိုယ်ရဲ့သနားစိတ်နှင့်မှမတန်အယောင်ဆောင်ပြီးလိမ်ညာတဲ့သူတစ်ယောက်သာ
ကိုယ့်ရဲ့ပူပန်မှုစိုးရိမ်မှုကိုအလွဲသုံးစားလုပ်တဲ့သူhkkရယ်ဖို့ကောင်းလိုက်တယ်ဒါတွေကိုမသိပဲ
'ရိပေါ်!!!!မင်းကွာ………'
အမှန်တော့တုံးအမိတဲ့ကိုယ်ကိုယ်တိုင်ရဲ့အမှား
မိမိကြောင့်ဆိုပြီးသနားခဲ့တဲ့ငါ့အမှား
ကိုကိုဆိုပြီးအမြဲငိုကာပြောနေတဲ့ကောင်လေး
တစ်ခုခုဆိုခေါင်းတခါခါနဲ့မျက်ရည်ဝဲစွာပြောတတ်တဲ့ကောင်လေးကိုသူဂရုဏာတွေပိုခဲ့တာဟင့်အင်း……ချစ်မိခဲ့တာ
Hkkဒါတွေအားလုံးကဟန်ဆောင်မှုတစ်ခုတဲ့လား
စိုးရိမ်ခဲ့ရတာတွေစိတ်ပူခဲ့ရတာတွေသနားခဲ့ရတာတွေကသိပ်ကိုရယ်စရာကောင်းတဲ့ဟာသတစ်ခုတဲ့လားရယ်ဖို့ကောင်းလိုက်တာဒါပေမယ့်ရှောင်ကျန့်မျက်ရည်ဝဲနေမိသည်
'ဘာကြောင့်လဲ………ဘာကြောင့်လဲ………ငါ……ငါမင်းကိုချစ်မိခါနီကျမှ………ဟင့်အင်းချစ်မိတဲ့အချိန်ကျမှဘာကြောင့်လဲ…………''ရှောင်ကျန့်ဘာတွေဖြစ်နေတာလဲ'
'ကျန်းချန်ဘာလဲပြောအရေးမကြီးရင်ထွက်သွား'
'အပြင်မှာမင်းမန်နေဂျာရောက်နေတယ်သူအပြင်မှာစောင့်နေတာတော်တော်ကြာပြီ'
'ငါနဲ့မဆိုင်ဘူး'
'ဒါပေမယ့်………'
'ထွက်သွားငါမတွေ့ချင်ဘူးထွက်သွား'
…………………
ရိပေါ်ရှောင်ကျန့်အိမ်ရှေ့မှာရပ်နေတာနှစ်ရက်ရှိပြီ
သို့သော်ကိုကို့ကိုမတွေ့ရသေးပေ
ကိုကိုမုန်းသွားပြီလားကျွန်တော့်ကို
ကျွန်တော့်ကိုစိတ်ပျက်သွားပြီလား
ကျွန်တော်အခုလိုလုပ်မိတာတွေကိုရှင်းပြချင်တယ်ကိုကို
ရှင်းပြခွင့်လေးပေးပါ
အရမ်းချစ်ခဲ့လိုလုပ်ခဲ့မိတာတွေပါကိုကိုရာ
YOU ARE READING
Now your turn(zawgyi and unicode)complete
Fanfictionဝမ်ရိပေါ် ငါကအရင်တုန်းကမင်းအနိုင်ကျင့်တိုင်းခံခဲ့ရတဲ့သူမဟုတ်တော့ဘူးအတုံ့အလှည့်ဆိုတာရှိတယ်ဒီတစ်ခါတော့မင်းအလှည့်ပဲ (ရှောင်ကျန့်) အရင်တုန်းကကောအပေါ်လုပ်ခဲ့မိတာတွေအတွက်ကျွန်တော်တောင်းပန်ပါတယ်ကောကျွန်တော်ကောကျေနပ်အောင်ကျွန်တော်လုပ်ပေးပါ့မယ်ကော (ဝမ်ရိပေါ်)