Every Chapter is written in Both
Zawgyi and Unicode.[Unicode]
လက်ထပ်ပြီးနောက်ပိုင်းမှာ ရှောင်ကျန့်အလုပ်လည်းမလုပ်ဖြစ်တော့ဘူး..ဝမ်မိသားစုဆီက ရတဲ့ပိုက်ဆံကို
လစဥ်အိမ်ကိုထောက်ပံ့တယ်။
တချို့တဝက်ကိုတော့ လိုလိုမယ်မယ် စုထားခဲ့တယ်။
လက်ထပ်ပြီးသိပ်မကြာတဲ့ အချိန်မှာပဲ ရှောင်ကျန့်ပါပါး
ဆုံးသွားခဲ့တယ်။ မာမားကလည်း အဲ့ဒီ့ စိတ်နဲ့ပဲ
အပြင်းဖျားခဲ့တယ်။ ပါပါးရဲ့နာရေးကို ဘယ်သူ့မှမသိအောင် တိတ်တဆိတ်ပဲသွားခဲ့တာတောင်
ညီလေးနဲ့တွေ့ခဲ့တယ်။
သူကပြောရှာတယ်.."အစ်ကို့ကို စိတ်မဆိုးပါဘူး.
အစ်ကိုဘာလို့ရွေးချယ်ခဲ့လဲ ကျွန်တော်နားလည်ပါတယ်
ပါပါးလည်းဆုံးသွားပြီပဲ..အရင်လိုပိုက်ဆံတွေအများကြီး မပို့နဲ့..အစ်ကို့အတွက် အစ်ကိုသိမ်းထားချည်
အဲ့ အိမ်ကထွက်လာရတဲ့တစ်နေ့ သုံးပေါ့..
ညီမလေးနဲ့မာမားကိုလည်း ကျွန်တော်စောင့်ရှောက်ထားမယ်တဲ့"ဝမ်အိမ်တော်က မိသားစုတွေက တကယ်ပဲ
သဘောကောင်းကြပြီး ရှောင်ကျန့်ကိုလည်း
လိုလေသေးမရှိပြည့်စုံအောင်ထားကြတယ်။
အဲ့ဒီ့အတွက် သူတို့တောင်းဆိုတာတစ်ခုတည်း
သူတို့ရဲ့ ရင်နှစ်သည်းချာ တစ်ဦးတည်းသော
သားငယ်လေး"ဝမ်ရိပေါ်" ကိုသေသေချာချာလေး
ပြုစုစောင့်ရှောက်ပေးပါတဲ့။ဝမ်မားမားရဲ့ သဘောထားအတိုင်းပဲ
သူက ကျွန်တော့်ကို "ကိုကို" လို့ခေါ်ခဲ့တယ်။
အလုပ်သမားပေါင်းများစွာရှိတဲ့
ဒီအိမ်တော်မှာ ရှောင်ကျန့်အတွက်
ဘာအလုပ်မှလုပ်ဖို့မလိုအပ်ခဲ့ဘူး
ဝမ်မာမားကိုတခါတလေ အိမ်မှုကိစ္စကူညီတာကလွဲလို့
ကျန်တဲ့ အချိန်တွေက ဝမ်ရိပေါ်လေးအတွက်
ဆေးကျိုရတယ် သိတတ်စအရွယ်ကလေးမို့
ဆေးသောက်ရမှာကြောက်တဲ့ ဒီကောင်လေးအတွက်
ခက်ခက်ခဲခဲဆေးတိုက်ရတယ်။
ဝမ်မိသားစုရဲ့ အကြင်နာတရားကိုထောက်ထားပြီး
ဒီကလေးလေးရဲ့ စားဖို့သောက်ဖို့ကအစ
ရှောင်ကျန့်ကိုယ်တိုင်ပဲ စေတနာထား ချက်ပြုတ်ပြီး
စီစဥ်ပေးဖြစ်တယ်။ ကျန်းမာရေးအခြေအနေကြောင့်ကျောင်းတက်လို့မရသေးတဲ့ ဒီကလေးအတွက်
ရှောင်ကျန့်ကပဲ ကစားဖော်
စကားပြောဖော်ဖြစ်ခဲ့တယ်။
ရှောင်ကျန့်နားမှာပဲထား ညအိပ်ချိန်လည်း
ရှောင်ကျန့်နဲ့တူတူ အိပ်တဲ့ ဒီကလေးက
ည ည အပူချိန်တွေတက် အဖျားတွေကြီးရင်
ကိုယ်တိုင်ပဲ အိပ်ပျက်ခံ ရေပက်တိုက် ဆေးတိုက်နဲ့
ချီပိုးလို့တစ်နည်း ရင်ခွင်ထဲထည့်ဖက်လို့တစ်ဖုံ
ချော့သိပ်ရတယ်။အဲ့လိုနဲ့ တစ်နေ့တာကုန်ပြီး
နောက်တစ်နေ့မိုးလင်းပြီး အချိန်တွေ ကုန်ဆုံးရတယ်။
STAI LEGGENDO
Amore della mia vita ( Love of my life)
Romance"သူက ကျွန်တော့်ရဲ့ အမျိုးသားလေ သူသာမရှိရင် ဒီနေ့ကျွန်တော်ဆိုတာ ဖြစ်မလာနိုင်ဘူး"