အပိုင်း(၄)*Final*

8.6K 976 23
                                    

Every Chapter is written in both
Zawgyi and Unicode.

[Unicode]
2007 Dec

အရိုးကွဲမတတ် မအေးသေးပေမယ့်
ဆောင်းဝင်လာပြီမို့ ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့
ရာသီဥတုကို ရှောင်ကျန့်တကယ်သဘောကျတယ်။

ဆောင်းရာသီဝင်လာပြီမို့
မန်ဂိုလီယာပန်းတွေပွင့်လာတာကိုလည်း
သူတကယ်သဘောကျတယ်။

လွန်ခဲ့တဲ့ ၁၇နှစ် သူနဲ့ရိပေါ်
လက်ထပ်တဲ့နေ့မှာလည်း
မန်ဂိုလီယာပန်းတွေက ချုံချင်းတစ်မြို့လုံးအနှံ
ဝေဝေဆာဆာပွင့်ခဲ့တာလေ။

ဘာလိုလိုနဲ့..လက်ထပ်ခဲ့တာ ၁၇နှစ်တောင်ရှိပြီပေါ့။
ပြီးတော့..ပြီးတော့ ရိပေါ်ပြန်မလာခဲ့တာ ၃နှစ်ရှိပြီ..
ရှောင်ကျန့် ပျိုးထောင်ခဲ့တဲ့ ဝမ်သစ်စေ့ကလေးဟာ
အခုတော့ ငှက်ကလေးအဖြစ်နဲ့တောင်
အမြင့်မှာပျံနေလောက်ပြီထင်ပါတယ်လို့
ရှောင်ကျန့်တွေးရင်း ပြုံးမိသေးတယ်။

အော်..ခုမှကြည့်မိတယ်
အိမ်ရှေ့က မီးလင်းဖိုထဲထည့်ဖို့
ထင်းကုန်နေပြီပဲ။ လမ်းထိပ် သစ်ဆိုင်က
အန်တီကြီးကို အလုပ်သမားနဲ့
ထင်းလာပို့ပေးဖို့သွားပြောရမယ်။

မောင်နှမတွေနဲ့လည်းကင်းကွာ
တွယ်တာစရာလည်းပျောက်ဆုံးနေတဲ့
၃၆နှစ်အရွယ် ယောကျာ်းသား
တစ်ယောက်အတွက် ဒီအိမ်လေးဟာ
သံယောဇဥ်ပဲ။
အိမ်လေးကို လှနိုင်သမျလှအောင်
သူပြင်ဆင်တယ်။ နွေဦးဆို အိမ်နောက်ဖေးက
ခြံအသေးလေးထဲ ပန်းပင်လေးတွေစိုက်တယ်။
ဆောင်းတွင်းဆို အိမ်ရှေ့က မီးလင်းဖိုလေးဖိုပြီး
black coffeeတစ်ခွက်နဲ့ သူစာအုပ်ထိုင်ဖတ်တယ်။
ပြန်လာသူမရှိတဲ့ ဒီအိမ်လေးထဲ
နေ့စဥ်နေ့တိုင်း ဒီလိုပုံစံနဲ့ပဲ
သူဖြတ်သန်းတယ်။

ထင်းသွားမှာဖို့ စက်ဘီးထုတ်နေရင်းက
နှင်းတွေနဲ့လမ်းချော်မှာကြောက်တဲ့
ချုံချင်းသားလေးက အေးဆေးပဲ
လမ်းလျှောက်သွားတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

ရှောင်ကျန့် ပြန်လာတဲ့ အချိန်မှာတော့
အိမ်ရှေ့ တံခါးက ဖွင့်လျက်ရှိနေခဲ့တယ်။

"ဟင်..ငါတံခါးသေချာပိတ်ခဲ့ပါတယ်"လို့
တစ်ကိုယ်တည်းကြားရုံသာ ခပ်တိုးတိုးရေရွတ်ပြီး
အိမ်ပေါ်တက်လာတဲ့ အချိန်...
အဲ့ဒီ့ အခိုက်အတန့်မှာပဲ...

Amore della mia vita ( Love of my life)Dove le storie prendono vita. Scoprilo ora