❤Final❤(Zawgyi)

2.4K 176 16
                                    

(11.11.2019)

Chanyeol အလုပ်ကပြန်လာတော့....
အနည်းငယ် မှောင်စပျိုးနေပြီဖြစ်သည်။

လက်ထဲက ကိုင်ဆွဲလာတဲ့...
အထုပ်လေးကို ကြည့်ရင်း...
ကြည်နူးစွာ ပြုံးလိုက်မိတယ်။

သည်းငယ်တွက် အမှတ်တရပေးဖို့..
ခက်ခက်ခဲခဲနဲ့ သူမှာထားရတာလေ..။

အရင်ရက်တွေတုန်းကဆို....

ဒီထက် နောက်ကျတက်ပေမယ့်....

ဒီနေ့က ကျွန်တော်တို့ နှစ်ယောက်ရဲ့..
နှစ်ပတ်လည်နေ့မို့..
စောပြန်လာခဲ့ခြင်းဖြစ်သည်။

ဒီရက်တွေမှာ သည်းငယ်ကို
တစ်ယောက်ထဲ ထားခဲ့မိတယ်။

ဒီညတော့ အတိုးချလို့..

သည်းငယ်နားမှာ နေပစ်လိုက်မယ်
တွေးရင်း အခန်းတံခါးကို..
ဆွဲဖွင့်လိုက်​တော့ Chanyeolအမျက်လုံးအစုံ..
ပြူးကျယ်သွားရသည်။

တစ်ခန်းလုံးကို အစိမ်းရောင်ချယ်ထားပြီး
လက်ထဲမှာလည်း ဝိုင်အနည်းငယ်သာ
ကျန်သော ခွက်ကိုကိုင်ထားသေးသည်။

"ဒါက ဘယ်လိုဖြစ်တာလဲ..?"

"မင်းပြန်လာတာ စောတယ်နော်
ငါက အရင်လို နောက်ကျမယ်ထင်တာ."

ကျွန်တော့်အမေးကို မင်းတွေ ငါတွေသုံးပြီး
ခပ်ထေ့ထေ့ ပြန်ဖြေလိုက်တဲ့သူ။

"ဘာကြောင့်လဲ ဘာလို့ဒီလိုတွေ
လုပ်ထားရတာလဲ...?

"ဘာ..ကို..လဲ..?"

သူက တစ်လုံးချင်း ပြန်မေးလာပြန်တယ်။

"ဘာလို့..အခန်းတစ်ခုလုံး
အစိမ်းရောင်တွေလဲ?
မင်း..ဘာဖြစ်နေတာလဲ..?"

တစ်လှမ်းချင်း...
ကျွန်တော့်အနား သူလျှောက်လာတယ်။

"ဟက်...
မင်း မြင်နိုင်တာ ဒီအခန်းထဲက
အစိမ်းရောင်တွေပဲလား..
ငါတို့နှစ်ယောက်ကြားက..
စိမ်း..သက်..မှူ..တွေ..ကို.ရော ...
မင်းမမြင်ဘူးလား..?
ဟင်..ပြောစမ်းပါဦး မောင်ရဲ့"

"Byun..Baekhyun..."

"မအော်နဲ့ ငါ့ကို..လာမအော်နဲ့
သွား..မင်းငါ့အနားမှာ
မနေချင် အခုထွက်သွားလို့ရတယ်..
ငါတစ်ယောက်ထဲ နေခဲ့ရတာ
အခုမှမဟုတ်ဘူး။
မင်းကြိုက်တဲ့နေရာ သွားလို့ရတယ်။
မင်းပြန်လာချင်တဲ့ အချိန်မှ ပြန်လာလို့ရတယ်။"

❤ထာဝရချစ်ခြင်း❤Where stories live. Discover now