❤1❤(Unicode)

1.6K 91 1
                                    

#11.11.2019

မှိန်ပျပျအလင်းရောင်လေးသာ..
ရှိသည့် အခန်းအတွင်း...

စားပွဲဝိုင်းထက်တွင်....

နေရာတကျ ပြင်ဆင်ကာ
ချထားသည့်...
တန်ဖိုးကြီး ဝိုင်ပုလင်းနဲ့အတူ...
ဖန်ခွက်နှစ်ခွက်..

ဘေးနားကပန်းအိုးထဲတွင်...
ထိုးထားသည့်
အစိမ်းရောင် နှင်းဆီပွင့်လေးကတော့.
တစ်ပွင့်ထဲ အထီးကျန်စွာ...

ခန်းစီးလိုက်ကာ....
ခေါင်းအုံး..အိပ်ယာခင်းနဲ့...
စောင်တွေကအစ...

အခန်းအတွင်း..ရှိရှိသမျှ
အရာအားလုံးက အစိမ်းရောင်အတိ။

ကုတင်ထက်တွင်..ထိုင်နေသော
လူတစ်ယောက်....
အနက်ရောင် ဝမ်းဆက်ကိုဝတ်ဆင်ထားပြီး..
ဆံနွယ်ညိုညိုတို့က
ရှေ့သို့ ခပ်စိုက်စိုက် ကျနေတယ်။

တစ်ခန်းလုံးကို မျက်လုံးများဝေ့ကြည့်ရင်း
ခပ်ဟဟ..တစ်ချက်ရယ်လိုက်တယ််။

ပြီးတော့..မဲ့ပြုံးတစ်ချက် ပြုံးလိုက်ရင်း
ပြောလိုက်တယ်။

ဟက်..

ဒီအခန်းထဲကို မင်းဝင်လာရင်..
သိပ်ကို အံဩသွားမှာပဲ....

နာကျင်မူှတွေကို...
အဆုံးသက်ပစ်ဖို့ ....
အချိန်တန်ပြီထင်တယ် မောင်...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#6.5.2018

စာသင်ခန်းရှိရာသို့..
ပါးပြင်က ပါးချိုင့်လေး..
ပေါ်သည်အထိ ပြုံးရင်း
တစ်လှမ်းချင်း လှမ်းလာနေတဲ့သူ...

ဆံနွယ်ဖြူဖြူတို့ကို အနည်းငယ်
လှန်တင်ထားတာကြောင့်...
ပြီးပြည့်စုံတဲ့ မျက်နှာလေးဟာ..
ခန့်ညားစွာ ပေါ်လွင်နေပေသည်။

သူ့ရဲ့အပြုံးတွေကို..
ရူးသွပ်အောင်..စွဲလမ်းနေမိသူက...
ကျွန်တော်byun baekhyunပါလေ။

သူက..ကိုယ်ရှိရာကို ဦးတည်ပြီး...
လျှာက်လှမ်းလာနေတယ်။

သူ အနားရောက်လာတာနဲ့..
ခုံပေါ်မှာ မေးလေးထောက်
ကြည့်နေရင်း မျက်ဝန်းကျင်းကျင်းလေးတွေ..
မှိတ်သွားသည်အထိ ရယ်ပြလိုက်တယ်။

"အိုက်ဂူးးး
ချစ်ဖို့ကောင်းလိုက်တာ
မောင့် အသည်းရာ"

ရယ်လိုက်လို့ ပေါ်လာတဲ့
ကျွန်တော့်ရဲ့ ပါးမို့မို့လေးတွေကို
အသည်းယားစွာ ဆွဲညစ်လိုက်သူ။

❤ထာဝရချစ်ခြင်း❤Where stories live. Discover now