ငွေကြယ်ပွင့်၏ ချစ်ပုံပြင် ပထမဆုံး တွေ့သောည (Zawgyi+unicode)

9.2K 379 4
                                    

Charles + TangFeng ပထမဆုံး တွေ့သောည



Charles သည် လုပ်ငန်းရှင်များနှင့် ညစာစားရင်း စကားပြောနေစဉ်အိမ်တော်ထိန်းထံမှ စာပို့လာသဖြင့် ဖတ်ကြည့်လိုက်ပြီး သဘောကျစွာပြုံးကာ စားနေသည်ကိုလက်စသတ်ကာ နူတ်ဆက်ပြီး အိမ်ကို ပြန်လာခဲ့သည်။

"ပြန်တော့မလို့လား Charles... ခဏနေ အလှလေးတွေရှိတဲ့ ကလပ်ကိုသွားကြမလို့။ ခင်ဗျား မလိုက်တော့ဘူးလား"
"သွားကြတော့... ကျွန်တော့် အလှလေးက စောင့်နေပြီ"

Charles ၏ အကျင့်ကို သိသည့် လုပ်ငန်းရှင်များက ရယ်မောကာမတားကြတော့ပေ။ Charles က တလတကြိမ် အလှလေးများကို စိတ်တိုင်းကျ ရွေးကာ အိမ်မှာခေါ်ပြီးစာချုပ်နဲ့ အ၀စားတတ်တာကို သိနေကြသဖြင့် ဘယ်သူုမှ Charles ကို မနှောက်ယှက်ကြတော့ပေ။

Charles သည် အိမ်ကို ပြန်လာရင်း မိမိခေါ်ထားသည့် ကောင်လေးကိုပြန်တွေးနေသည်။ ထိုကောင်လေးက ရုပ်ရည်လေး လှပေမယ့် အောင်မြင်မှု မရရှာသည့် ဒုတိယတန်းစားသရုပ်ဆောင်လေးဖြစ်သည်။ ထိုကောင်လေး၏ မျက်နှာကို မြင်သည်နှင့် ဘာကြောင့်ရယ်မသိCharles စိတ်ထဲ မိမိရင်ခွင်အောက်မှာ နေရင် ဒီကောင်လေး ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ သိချင်ရုံဖြင့်မိမိသူငယ်ချင်း လုပ်ငန်းရှင် သူဌေးထံမှ တောင်းခဲ့ခြင်းဖြစ်သည်။ ဟိုကောင် Lu TianChen က ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းကို လုပ်ကိုင်နေပြီး အလှလေးတွေ ၀န်းရံနေသူဆိုတော့ဒီကောင်လေးလောက်ကို မျက်လုံးထဲ မထည့်တာ ဖြစ်နိုင်လောက်သည်။ ပြီးတော့ Lu Tian Chen နဲ့မိမိအကြိုက်က နည်းနည်းမှ မတူပေ။ သူကြိုက်တာက ကြွေရုပ်လေးလို မှုန်နေအောင် လှနေအောင်တမင်ပြင်ထားသည့် Ge Chen ဆိုသည့်ကောင်လေးဖြစ်သည်။

မိမိကလည်း လူတစ်မျိုး။ ယောကျာ်း၊ မိန်းမမရှောင် ကြိုက်သမျှလူတိုင်းနှင့်အိပ်သည်ဆိုပေမယ့် အတွင်းကောက်ပုံစံနှင့် ဖြူစင်ယောင်ဆောင်သည့် Ge Chen လိုကောင်မျိုးကိုလက်နှင့်မပြောနှင့် ခြေဖျားနှင့်ပင် မထိချင်ပေ။ Ge Chen နှင့်စာလျှင် Lu Tian Chenကို အသေအလဲ လိုက်ကြိုက်နေသည့် Tang Feng ကိုပင် မိမိ သဘောကျသေးသည်။

True Star 's love stories ( ငွေကြယ်ပွင့်၏ ချစ်ပုံပြင်)Where stories live. Discover now