(ZAWGYI)
အကိုက ရှပ်အကျီင်္နက်ပြာရောင်အစင်းလေးနဲ့ သန့်ပြန့်ချောမောနေဆဲ။ အခန်းထဲဝင်ဝင်ချင်း လှမ်းပြီးပြုံးပြပုံက မနက်ခင်းရဲ့နေရောင်ခြည်လို...
ကျွန်တော်ဖုန်းခေါ်ပြီး တွေ့ချင်တယ်လို့ပြောတော့ အကိုပျော်သွားတာသိသာသည်....
အခုလည်း အစောကြီးရောက်နေပြီး ကျွန်တော့်ကိုစောင့်နေတယ်။ကျွန်တော် မရယ်မပြုံးပဲ အကို့ရှေ့ကခုံမှာ ဝင်ထိုင်လိုက်သည်။
စားစရာတွေတစ်ခုပြီးတစ်ခုရောက်လာသည်...
ကျွန်တော်တို့နှစ်ယောက်လုံး ကိုယ့်နေရာမှာကိုယ် ငြိမ်ငြိမ်သက်သက်ထိုင်နေကြပြီး စကားမပြောဖြစ်ကြသေး...အကိုကအမြဲတမ်း စကားပြောဖို့လိုအပ်ပြီဆိုရင် အကျွေးအမွေးနဲ့။
လုပ်ငန်းအကြောင်းပြောကြမဲ့ စီးပွားဖက်တွေမှမဟုတ်တာ..
ကျွန်တော်က လေကောင်းလေသန့်ရမဲ့တစ်နေရာရာမှာ အေးအေးဆေးဆေးတွေ့ချင်သည်။ ဒီလို သီးသန့်အခန်းတွေက လွတ်လပ်သယောင်နဲ့ မွန်းကြပ်သည်။"ရိပေါ်က ဂဏန်းချဉ်စပ်ကြိုက်တယ်မလား... ဒီဆိုင်က ကောင်းတယ်လို့ပြောကြတယ်"
အကိုက ဟင်းပန်းကန်တော်တော်များများကို ကျွန်တော်ဘက်ရွှေ့ပေးပြီး လှမ်းယူလို့အဆင်ပြေမဲ့အနေအထားမျိုးဖြစ်အောင် ပြင်ဆင်ပေးသည်။
"အကို?"
"ဟင်? ပြောလေ"
"အကိုနဲ့ကျွန်တော်က ဘာတွေလဲ?"
လှုပ်ရှားနေတဲ့အကို့လက်တွေ ရပ်တန့်သွားပြီး ကျွန်တော့်ကိုမော့ကြည့်လာသည်။ စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားသမျှ မျက်နှာအမူအရာတွေကို မလွတ်တမ်းငေးမောမိပေမဲ့ အကို့အပြုံးက ပကတိကြည်လင်နေဆဲ...
"ကိုယ်တို့ တွဲနေကြတယ်လေ"
"ဘယ်လောက်အတိုင်းအတာထိ လေးနက်လဲ?"
"ကိုယ့်ဘဝကို ရိပေါ်ဝင်စွက်ဖက်ခွင့်ရှိတယ်"
အကိုက စကားတတ်သည်။
တစ်ဖက်သားကို စကားတစ်ခွန်းနဲ့ ငြိမ်ကျသွားအောင် လုပ်နိုင်စွမ်းရှိသည်။ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ....
ကျွန်တော်တွေးထားတဲ့ စကားလုံးတွေ အငွေ့ပျံကုန်သည်။
YOU ARE READING
Dark Red Carnation {Completed}
FanfictionDeep Love & Affection (Wang Yibo × Xiao Zhan)