Part 3 ( Unicode )

7.3K 660 26
                                    

( tae ရဲ့ mom နဲ့ dad ရဲ့ နာမည်ကို ပေးမတတ်လို့ ဒီတိုင်းဘဲရေးလိုက်မယ်နော် )

Tae's mom - သားးရေ...... Tae လေး
ထတော့ အားတုန်းလပ်တုန်း မိသားစုလေး ဆုံတုန်းလို့ အပြင်လေးဘာလေးသွားရအောင်

ကျွန်တော် ကျောင်းပြီးပါပြီး ဘွဲ့လဲရပြီးပါပြီး အလုပ်ကတော့ မိဘတွေပိုင်တဲ့ ပုဂ္ဂလိက ဆေးရုံမှာဘဲ ဝင်လိုက်တာပါ ဒါ့ကြောင့်လဲ ကျောင်းပြီးပြီးချင်း အေးအေးလူးလူးနေနေရတာပေါ့

ခုလဲအိပ်ပါမယ်ဆိုတာကို လာနှိုးနေသေးတယ်
ကျွန်တော် အိပ်နေတဲ့ချိန် တစ်ခုခုစားနေတဲ့ချိန်
လာနှိုးတာမျိုး လာနှောက်ယှက်တာမျိုး ကျွန်တော်က အရမ်းမုန်းတာ
ဒါကိုလဲ မေမေက သိသိနဲ့လာနှိုးတယ်ဆိုတော့
ဘယ်များသွားမလို့ပါလိမ့်
မထချင်သော်လဲ ငေါက်ခနဲထထိုင်လိုက်ပြီး

Taehyung - arrr ဘယ်သွားမလို့လဲ မလိုက်လို့မရဘူးလား ဟင်? သိပ်မကြာခင်ဆို အလုပ်ဝင်ရတော့မှာ ဒီလိုအိပ်လို့မရတော့ဘူး အေးဆေးနေချင်တာကို

Tae' mom - မှုန်ကုပ်ကုပ်နဲ့ ထိုင်မနေနဲ့တော့ လိမ္မာတယ် ထ ! ရေမိုးချိုးပြီးဆင်းလာခဲ့ အောက်မှာ ဖေဖေနဲ့မေမေ စောင့်နေမယ် oki နော်?

ဘာမှပြန်မပြောတော့ဘဲ လက်သာပြလိုက်မိသည်
မျက်နှာသစ်ရေမိုးချိုးပြီး အလည်သွားမှာဘဲဆိုတော့ ပေါ့ပေါ့ပါးပါး အကျႌတစ်ထည်သာ ခပ်မြန်မြန်ကောက်စွတ်လိုက်ပြီး အောက်ကလဲ ဒူးလောက် ဂျင်းပျော့ ဘောင်းဘီလေးဖြင့်
ဘယ်သူကထင်မှာလဲ ဆရာဝန်လောင်းလေးလို့
ဝတ်ထားတဲ့ပုံစံနဲ့ ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်မိပြီး ရီမိသည်

" အထက်တန်းကလေးကျနေရော "

ဒါတော့မတတ်နိုင်ဘူးလေ ဘုရားပေးတဲ့ဆုဘဲ
လေလေးတစ်ချွန်ချွန်နဲ့ထွက်လာတော့ အောက်မှာအဆင်သင့်စောင့်နေသော မေမေတို့ဆီအမြန်သွားလိုက်ပြီး

Tae's mom - ဘယ်လိုတွေဝတ်ထွက်လာတာလဲကွယ် ကိုယ့်ကိုကိုယ် ကလေးလို့ထင်နေတုန်းလား မေမေ ကလေးမထိန်းချင်တော့ဘူးနော်

Taehyung - ဒါကတော့ ဘုရားကိုဘဲအပြစ်တင်ရမှာ သားကို အလှဆုံးဆိုတဲ့ဆုတွေဘဲပေးထားတာကို သားလဲမတတ်နိုင်ဘူး

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now