သူခင်းသောလမ်း
အပိုင်း(၂၁)
#သူခင်းသောလမ်း“အညာဇေယို့...”
လက်နှစ်ဖက် ဆန့်ပြီး အပျင်းဆန့်နေတဲ့ ဒီဒီ ကို ကြည့်ပြီး.ဂျွန် ခေါင်းရမ်းရင်း လပ်တော့ပ် ပြန်နှိပ်နေလိုက်သည်..။
“အိုမို..ဒီနေ့ ပုံရိုက်ရမှာ..နောက်ကျနေပြီ...အား...”
စောင်ကို ကန်ချပြီး အခန်းပြင် ထွက်ပြေးမှ ရယ်နေမိသည်..။
အမြဲတမ်း အပြေးအလွှား..။
“ဂျွန်....လာပါအုံး..” ၁၀မိနစ် မကြာဘူး အော်ပြန်ပြီ..
ဂျွန် မထသေးပဲ ပုံဆက်ဆွဲနေလိုက်သည်..။
“ဟာ...ဂျွန်...”
ထပ်အော် လိုက်တဲ့ အသံကြောင့် လက်ထဲက ပန်ကို ချပြီး ထွက်လာခဲ့လိုက်ရသည်..။
“ဘာလည်း...”
“လာပါဟဲ့..အထဲကို..ကိုက်မစားပါဘူး..”
ဂျွန် သူ့ အ၀တ်တွေ ထားတဲ့ အခန်းထဲ ၀င်လိုက်တော့ ဒီဒီ တစ်လွဲတွေ တွေ့ရပြန်သည်..။
“ဒါက ဘယ်လိုတွေလည်း..”
“ကလေးမျက်နှာဆိုတော့ လူငယ်ဆန်ဆန် လေး ၀တ်လာခဲ့တဲ့..ငါ့မှာ ရှိတာတွေ တွဲ ၀တ်ထားတာ..”
တီရှပ် အပွကြီးကို စကပ်နဲ့ တွဲ ၀တ်ထားတာ လူငယ်ဆန်ဆန် လား အရူးဆန်ဆန် လားမေးလိုက်ရင်...။
“ဖယ်..”
အိတ်ရှေ့ကနေ တွန်းဖယ် ပြီး အ၀တ်တွေ အကုန်ဆွဲထုတ်လိုက်သည်..။
ဒီအိမ်မှာပဲ နေတာကို ဘာကိစ္စ အ၀တ်တွေကို အိတ်ထဲ ထည့်ထားတာလည်း မသိ..။
“အင့်..ဒါ၀တ်ကြည့်...”
“ဂါ၀န်ကြီး..”
“နင့်မှာ ရှိတဲ့ ဘောင်းဘီ အနက်နဲ့ တွဲ ၀တ်လေ..”
“ကောင်းပါမလား...”
“လဲ လိုက်စမ်းပါ မြန်မြန်..”
ပြောပြီး ဂျွန် ပြန်ထွက်လာခဲ့လိုက်သည်..။
ဒီဒီ အကျီ င်္ ကို ကိုင်ပြီး ငိုင်နေတုန်း...
အကြံတောင်းစရာ ဘယ်သူ မှ မရှိတော့ ဂျွန် ကိုပဲ အားကိုးရတာ..
သူ ကလည်း ခုတမျိုး တော်ကြာတမျိုး..
မလှတာကြီး ၀တ်ခိုင်းတာလား မသိပါဘူး...။
ဒီဒီ ခေါင်း ကုတ်ရင်း ဂျွန်ပေးခဲ့တဲ့ ဂါ၀န်ကို ၀တ်ကြည့်လိုက်သည်..။
ဘောင်းဘီကိုလည်း သူပြောခဲ့တဲ့ အနက်ကလေးနဲ့ တွဲ ၀တ်လိုက်ရသည်..။
“ရပြီလား..”
ဂျွန် ၀င်လာတာမစောင့်ပဲ ဒီဒီ ပြေးထွက်သွားလိုက်သည်..။
“အင်း...ရပြီ..ခေါင်းဖြီးလိုက်အုံး..”
ဒီဒီ ခေါင်းကို ပုတ်ပြောပြီး အခန်းထဲ ပြန်၀င်သွားသည်..။
“ဟွန့်...”
“ဂျွန် ရပြီလား..”
ဂျွန် အခန်းထဲ ပြန်ထိုင်မယ် ရှိသေး..အခန်းထိ လိုက်၀င်လာပြန်ပြီ...
“အင်း..ဆံပင်တွေ တအားတင်မထားနဲ့ ရှေ့ နည်းနည်း ချလေ...”
“ရပြီလား..”ဒီဒီ တို့ လုပ်လိုက်ရင် အရမ်း.....
မနေနိုင်တဲ့အဆုံး. ဂျွန်ပဲံထပြီး ဆံပင် ပြင် ပေးလိုက်ရသည်..။
“သွားတော့မယ်...”
“အင်း...တစ်ခုခု ဆို ဖုန်းဆက်အုံး..”
သွားမယ်ဆိုပြီး ရှေ့တိုးလာခါ ဂျွန် လည်ပင်းကို ခိုပြီး ပါးကို နမ်းရင်း
“ကျေးဇူး..အာ့ကြောင့် ချစ်တာ...”
အခုတလော ဒီလိုတွေ ကိုယ်ထိလက်ရောက် ကျူးလွန်နေတာ..
“ဘိုင်...”
ပြောပြီး ထွက်သွားတာ ပေါ့ပေါ့ ပါးပါး..ကျန်ခဲ့တဲ့ လူ ရင်မှာ...
“ဒီဒီီ...”
“ဟင်..”
“ငါလိုက်ပို့မယ်...”
“တကယ်..”
ဂျွန် ဘာမှ မပြောပဲ ကားသော့ ယူလိုက်တော့ ခုန်စွ ခုန်စွ လုပ်နေသည်..။
နဖူးကို ထုလိုက်မှ ငြိမ်ပြီး လက်မောင်းကို ခိုပြန်သည်..။
ကျွတ်..ဘာ သူငယ်နာလည်းတော့ မသိ...။
“ဘယ်ကိုလည်း လှိုင်၀င်းဆီကိုလား..”
“ဟုတ်ဘူး..သင်တန်းရှေ့မှာ စောင့်နေမှာ..”
ဂျွန် စိတ်ခံစားမှု အလိုက် မျက်မှောင်ကျုံ သွားရသည်..။
“အိမ်မှာ လာမခေါ်ပဲသင်တန်းမှာ စောင့်တာ..”
“နင် စိတ်ဆိုးမှာ စိုးလို့ပါ..”
“အခုဟာက ပိုဆိုးရပြီမလား..”
“အား..မသိဘူး..နင်က အမျိုးမျိုးပဲ..”
ဒီဒီ ကားထဲ ရောက်နေပေမဲ့ ဓာတ်ပုံ ရိုက်ဖို့ အတွက် ကြို ပြီး စိတ်လှုပ်ရှားနေရပါသည်..။
အရင်လို အဆင်မပြေတွေ ဖြစ်လာရင်ရော..ဒီဒီ က အသစ်ဆိုပြီး တွဲခေါ်ဖို့ နေနေသာသာ ဘယ်သူမှလည်း အဖက်တောင်မလုပ်တော့....။
“ဟိုကား အဖြူ မလား..အဲဒါ လှိုင်၀င်း ကားလေ..”
“အင်း..သူ...မအားလို့ လွင်ညီကို ခေါ် ခိုင်းထားတာ...”
ဒီဒီ က ရင်းနှီးတဲ့ ပုံစံ မျိုးပြောနေတော့ ဘယ်သူ လည်း ဆိုတာ စိတ်၀င်စားမိသည်..။
“သွားပြီနော်..ဂျွန် ဒီနေ့ အရမ်းချောနေတယ်..”
“မလိုပါဘူး..ငါ ၀င်စရာ တစ်ခု ရှိနေလို့..”
“ချစ်တယ်..”
ပြောပြီး ဆင်းသွားတာ တကယ့် မင်းသမီးလေး အတိုင်း ဒီဒီ..
ငါ မလိုလားတဲ့ နာမည်ကျော်မှုတွေ နင်ဆီမှာ ဝဲပျံနေသလိုပါပဲ..။
“မောနင်း..လွင်ညီ...”
“မောနင်းပါဗျာ..အစ်မ ဒီနေ့ လန်းနေပါလား..”
“ဟိ..စပါရှယ် စတိုင်လစ် ရွေးပေးထားတာလေ..”
“ဝိုး..”
လွင်ညီ က အထင်ကြီး သလို မျက်ခုံးတွန့် ပြတော့ ဒီဒီ ရယ်မိသည်..။
“သင်တန်းချိန် မှီပါ့မလား..”
“မှီမှာပါ...”
ဒီဒီ ကျောပိုးအိတ်အသေးလေးထဲက မှန်ထုတ်ပြီး ကြည့်ရသည်..။
သိတဲ့ လူ မများပေမဲ့ တချို့တလေ လမ်းမှာတွေ့ရင် လေစီ တစ်ပုံလောက် ဆိုပြီး ဆလ်ဖီ ဆွဲကြသည်..။
မိတ်ကပ်တွေ ပျက်နေရင် ဖေ့ဘွတ်မှာ မလှမပကြီး ဖြစ်နေမှာစိုးသောကြောင့်..။
ဂျွန်က လွယ်နေကျ ကျောပိုးအိတ်ကြီးက ဂါ၀န်နဲ့ မလိုက်လို့ ဆိုပြီး အိတ်သေးသေး လွယ်ခိုင်းလို့ လွယ်လာရတာ ကလေးကလားများ ဖြစ်နေမလား..။
လိုအပ်တာတွေ တွေးရင်း ခရီးသာဆုံးခဲ့ပြီ မကုန်နိုင်..။
“ဒီဒီ လာ..ဝိုး..မင်းသမီးလေး..ပဲကွ...”
“ဟိ..” ကိုလှိုင်၀င်းက တံခါးဖွင့်ပေးတော့ ဒီဒီ ရယ်ပြီး ဆင်းလိုက်သည်..။
“ဒီနေ့ကြော်ငြာကတော့ နည်းနည်းကြာမယ်..ရမလား..ဒီဒီ..”
“ဟုတ်ကဲ့..”
“လေစီ လာပြီ..အ၀တ်အစား ရပလား..”
“ဟုတ်ကဲ့...”
မိတ်ကပ်ဆရာခေါ်ဆောင်ရာနောက်ကို လိုက်သွားရပြန်သည်..။
အရင်လို တစ်ယောက်တည်း ငူငိုင် မနေချင်လို့ နားထဲ နားကြပ်ထည့်ထားလိုက်သည်..။
“ပန်းရောင်ပဲနော်..”
“ဟုတ်..ပါးနီလေးတင်မယ်..ကိုရီးယားမလေးနဲ့ပိုတူသွားအောင်..”
ဒီဒီ မျက်လုံးကို ဆွဲဖွင့်ပြီး မျက်ကပ်မှန်လည်း ထည့်ကြသေးသည်..။
“ရပြီ..မင်းသမီး ခဏနေအုံး ဆက်တင်ပြင်လို့ မပြီးသေးလို့..”
“အယ်..”
ဒီဒီ ကို မင်းသမီးတဲ့..ဟီ..။
ဂါ၀န်လေးကိုမပြီး ခုံမှာ ပြန်ထိုင်နေလိုက်သည်..။
“ကမ်တီ တွေ..ဆင်လိုက်..ဟုတ်ပြီ..ဟိုဘက်က လေရဟတ် တွေက ရှေ့နည်းနည်းတိုးအုံး..”
“စက်ဘီးလည်း ဒီဘက်ကပ် ရပြီ မင်းသမီး ၀င်မယ်...”
“ဒီဒီ ဘေးကသွားနော်...”
“ဟုတ်..”ကိုလှိုင်၀င်း သတိမပေးလည်း ဒီဒီ သတိထားမှာပါ..ဟိုတစ်ခါတုန်းက ပြောခံထားရတာ မလား..။
“ဟုတ်ပြီ.မင်းသမီး..ဂါ၀န်ကို ချလိုက်တော့လေ..”
ဒီဒီ ယောင်ယမ်းပြီး အမြန်လွှတ်ချလိုက်သည်..ဒိဒီ မှ တစ်ခါမှ ဂါ၀န်ရှည်ကြီး မ၀တ်ဖူးတာ...
“ဟုတ်ပြီး..ပီယာနို တီးတဲ့ပုံလေး..”
“အင်း..ဒီဘက်ကို လှည့်ပြီး ပြုံးမယ်...”
အရင်တစ်ခေါက်ထက်စာရင် ကင်မရာရှေ့မှာ ဆိုတာမျိုး မခံစားရတော့လို့ စိတ်က ပေါ့ပါးလာပါသည်..။
“ဟုတ်ပြီ..လက်ကွက် ပန်းရောင်လေးတွေကို ရွေးနှိပ်မယ်..”
“ရှေ့ကိုကြည့်ပါ...”
“ဖြေးဖြေးလေးထမယ်...စက်ဘီးဆီ လျှောက်သွားပါ....”
“တီးလုံး အလိုက်လှုပ်ရှားပါ...စက်ဘီးခြင်းထဲက ဗူးလေးကို ယူကြည့်မယ်...ပြုံးမယ်...”
“ဆက်သွားမယ်..ဘောလုံးကြိုးလေးတွေကိုဖြည်လိုက်မယ်..မော့ကြည့်နေ..မောကြည့်မယ်..ဆက်ပြုံးထားပါ”
“ဘရိတ်.”ပြောပြီး ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေကြတာ..ပြီးတာလား..မပြီးတာလား..
“အမ်..”
အရင်ကဆို ကင်မရာမီးတွေ ပွင့်တာ..အခုက စက်တွေအများကြီးနဲ့ အလုပ်ရှုပ်နေတာ ဒီဒီလည်း နားမလည် ပါ..။
“ရပြီ...လေစီ..”
“ဟုတ်..”
ဒီဒီ နောက်က ပတ်ပြီး ပြန်ထွက်လာလို့ ဒီတစ်ခါတော့ ဘယ်သူမှ မအော်တော့ပါ...ဟူး..တော်ပါသေးရဲ့..။
“လေစီ က အေဂျင်နဲ့ စာချူပ် ချူပ်ထားသေးလား..”
“စာချူပ်...”ဒီဒီ နားမလည် သလို မေးလိုက်တော့..
“အော်..မချူပ်ထားဘူးလား..”
“ဟုတ်...”
“ချူပ်ပါလား..နာမည်တက်တယ်..အလုပ်တွေလည်း ရတယ်..ပိုက်ဆံပါ ကြိုရတာ..အ၀တ်အစား အတွက်လည်း မပူရဘူး..”
“ဟင်...ဟုတ်လား..ဒီဒီ မသိဘူး..ကိုလှိုင်၀င်းက ဘာမှ မပြောဘူး..”
“အမလေး..လှိုင်၀င်းက ပြောမလား..ညည်းဆီက ကော်မရှင် ရနေတာကိုး..”
“ဟင်..”ဒီဒီ နားမလည်လို့ စဉ်းစားပေမဲ့..နားလည်မလာပါ..။
မာမီကတော့ ဒီဒီ လက်စွပ်တွေကို ပြန်ချွတ်ပေးရင်း..
“ဒီဒီ အခု ရတဲ့ ပိုက်ဆံက အကုန်မဟုတ်သေးဘူး..သူက ကြားက ယူထားသေးတာ..”
“ဟုတ်လား..”
“အင်း..”
“ယူပါစေ..”
ဒီဒီ ဆက်မပြောချင်တော့လို့ ဂါ၀န် အမြန်ချွတ်လဲပြီး ပြန်ထွက်လာခဲ့လိုက်သည်..။
ကိုလှိုင်၀င်းက မအိမ့် နဲ့ စကားပြောနေလို့ ရပ်စောင့်ရင်း..
ငေးနေမိတာ..မအိမ့်က ချောလွန်းပါသည်..မိန်းကလေးချင်းငေးယူရလောက်အောင် စကားပြောနေတာလေးကိုက စမတ်ကျနေတာ..။
“အော်..ဒီဒီ...ရောက်ပြီပဲ တို့စောင့်နေတာ..တို့မွေးနေ့ပွဲ လာရမယ်နော်..ဒီဒီ အတွက် တကယ် အကျိုးရှိမှာသလား..လှလှလေး ၀တ်လာနော်..”
“အဲဒါ..”ဒီဒီ ပြောချိန်မရ လက်ထဲ ကို ကဒ်လေး ထိုးထည့်ပြီး နောက်တစ်ယောက်နဲ့ စကားသွားပြောပြန်သည်..။
“ဒီဒီ ပြန်မယ်နော်..”
“ဟုတ်..”
ကားပေါ်ရောက်တော့ ကို လှိုင်၀င်းကက ဒီဒီ လက်ထဲ စာအိတ်ထည့်ပေးသည်..။
ပိုက်ဆံ ဆိုတာ သိပေမဲ့ ဖွင့် မကြည့်မိ..မာမီပြောလိုက်တာတွေကို တွေးနေမိတာ ကိုလှိုင်၀င်းစေတနာတွေကို စော်ကားမိနေပြီလား..
ခေါင်းထဲက အတွေးတွေကို ချက်ချင်းခါထုတ်ပစ်လိုက်သည်..။
“ဒီဒီ အိမ့်မွေးနေ့သွားရမယ်နော်...”
“ဟာ..ဒီဒီ မသွားရဲပါဘူး..”
“မရဘူး..သွားရမယ်..ဒီဒီ..အိမ့်မှာ အဆက်အသွယ်တွေ အများကြီး ရှိတယ်..ဒီဒီက မျက်နှာသစ်ဆိုတော့ လူတွေ သိဖို့ လိုတာပေါ့ကွာ..အ၀တ်အစားအတွက် ကို စီစဉ် ပြီး ညနေ သင်တန်းကို ပို့ခိုင်းလိုက်မယ်နော်..မွေးနေ့က နောက်တစ်ပတ်ဆိုပေမဲ့ ကြိုစီစဉ် လို့ရအောင်..ဒီဒီ ကိုပြောတာ သဘောပေါက်လား..”
“ဟုတ်..”
ဒီဒီ ခေါင်းငြိမ့်လိုက်ရသည်..။မအိမ့်က တစ်လကို ၀င်ငွေ ဆယ်ကျော်ရနေတာ..ဒီဒီ လည်း အဲလို ရချင်ပါသည်..။
ဒီဒီ အိမ် ပြန် အ၀တ်အစားလဲချင်ပေမဲ့ သင်တန်းချိန်ကပ်နေပြီး အလုပ်လည်း ၀င်ရမှာမို့ သင်တန်းဆီပဲ တန်းပြန်ခဲ့ရသည်..။
“ကို ပြောတာ မမေ့နဲ့နော်...”
“ဟုတ်..”
သင်တန်းထဲ ရောက်တာနဲ့..
“ဒီဒီ ဒီနေ့ နောက်ကျနေတယ်နော်..”
“ရှုတင်က ပြန်လာတာလား..”
“မိတ်ကပ်လေးနဲ့ဆို တကယ့် ကိုရီးယားလိုပဲ..”
“ဆယ်ဖီ တစ်ပုံလောက်..”
“fb တက်မယ်နော် လက်ခံပေးအုံး..”
“ဒီဒီ ဖုန်းကို ယူပြီး သူတို့ဟာ သူတို့ လုပ်နေတာ..တကယ့် သူငယ်ချင်း အရင်းအချာတွေ အတိုင်း..။
ဒီဒီ ဖုန်းကို မသိမသာ ပြန်ဆွဲလုပြီး အပြင် ပြန်ထွက်လာခဲ့လိုက်သည်..။
“တူ...တူ....တူ.....ဟလို...”
“ဂျွန်..”
“အင်းပြော...”
“ဘာမှ ဟုတ်ပါဘူး..နင့်ကို သတိရလို့..”
“ရူးသွားတာလား...”
“အေး..”
“ဆက်ရူး...”
ဂျွန် ဖုန်းချသွားတော့ ဒီဒီ သက်ပြင်းခိုးချမိသည်..။
သူပဲ တစ်ခုခုဖြစ်ရင် ဖုန်းဆက်လို့ပြောထားပြီး..အခု စိတ်တွေရှုပ်လို့ ဖုန်းဆက်ပြန်တော့ ရူးသွားတာလားတဲ့...။
သင်တန်းဆရာမ ၀င်လာတာတွေ့မှ သင်တန်းအခန်းထဲ ၀င်လိုက်ရသည်..။
သင်တန်းဆင်းတော့ လည်း အရင်ပြေးထွက်လာခဲ့လိုက်သည်..။
“အစ်မ..ဒီမှာ..”
“အယ်..”ဒီဒီ သင်တန်းထဲက ထွက်လာတော့ လွင်ညီက အ၀မှာ ရပ်စောင့်နေသည်..။
“ အကိုလှိုင်၀င်းပေးခိုင်းလိုက်တာ..”
လွင်ညီ လှမ်းပေးသော အိတ်ကို ယူပြီး ပြန်၀င်လာခဲ့တော့ သင်တန်းက အမျိုးသမီးအပေါင်းက စပ်စုသော အကြည့်ဖြင့် ကြည့်နေကြသည်..။
ဒီင်္ဒြီဲပုံးပြလိုက်ပြီး ဆက်လျှောက်လာခဲ့တာ လှေကားထဲ ရောက်မှ သက်ပြင်းချရတော့သည်..။
“ဒီဒီ ..အောင်မလေး..လူတောင် မှားတယ်တော့...”
“ဟိ..”
“ကိုရီးယား သွားလို့ ရနေပြီနော်...”
“ကြက်သွန်ခွါ ပြီး ကိုက်လန် ဆေးရအုံးမယ်လေ...”
“ဟား..ဟား...”
ရယ်သံတွေ ဆူညံသွားတော့မှ ဒီဒီ စိတ်သက်သာရတော့သည်...ဒီနေရာ ဒီဒေသမှာပဲ ကောင်းပါသည်..သို့သော်....။
.
“ဂျွန်..”
ဂျွန် ပုံဆွဲနေပြီဆို ကောင်းကောင်းမထား တစ်ယောက်စီ လာရပ်ကြည့်ပြီး မတောင်းတဲ့ ဝေဖန်ချက်တွေ ပေးကြတဲ့ကောင်တွေ...
“အမ်း...”
“မင်းဆွဲနေတဲ့ မိန်းဖီမယ် က ကလေးပုံစံ ဖြစ်မနေဘူးလား...”
“ဟမ်.”
“ဟုတ်တယ်လေ..ဆော့မှာ က ပုရိသတွေ..တောင်းဆိုထားတာက ဆက်စီ ပုံစံ..မင်းက..ကလေးပုံ ဆွဲနေတော့ ရောင်းရရောပေါ့ကွာ...”
“ဒါ မရောင်းပါဘူး...”
“အော်..လှူမယ်ပေါ့..”
“ခွေးစကား...ငါဆော့ဖို့..”
“ဟား..ဟား...ဂျွန် မင်းနားဖို့ လိုနေပြီ..ဂေါက်ခါစ ကုရင် မှီသေးတယ်နော်..”
“မတာ..”
အောင်မိုးက ရယ်ပြီး ထွက်သွားတော့မှ ပြန်ဆက်ဆွဲနေလိုက်သည်..။
အချိန်တွေ ဘယ်လို ကုန်သွားလည်း မသိလိုက်..အောင်မိုး ကားသော့ လာယူမှ သတိထားးမိသည်..။
ဆက်ဆွဲရင် တစ်နာရီလောက် အချိန်ရသေးပေမဲ့လို့..၇နာရီ ဖြစ်နေပြီ မို့ ဂျွန်လည်း ကားသော့ယူပြီး ထွက်လာခဲ့လိုက်သည်..။
.
“ဒီဒီ ကလေး..ဒါတွေ ယူသွားမယ်ဆို..”
‘ဟုတ်...”
ဟိုတယ်မှာမို့ အားလုံးက အလှစားကြတာ တစ်ချို့ ဟင်းပွဲတွေဆို အရာမယွင်းတာ ဒီဒီ က ထည့်ပေးလိုက်တဲ့ သူမို့ ပိုသိနေသည်..။
လွှင့်ပစ်လိုက်လည်း ရပေမဲ့ ဆာနေတဲ့ လူတွေ စားပါစေဆိုပြီး ပုံမပျက်တဲ့ ဟင်းပွဲဆိုရင် ဒီဒိ ၀ယ်ထားတဲ့ ဖော့ ဘူးထဲ ထည့် ယူလာခဲ့လိုက်သည်..။
လူတစ်ယောက် ဗိုက်ဝကော နည်းသလားလို့...။
လက်ထဲမှာ ဒီနေ့မှ ဖော့ဘူးက သုံးဘူးတောင် ဆိုတော့ ဟင်းနံ့ကူးမှာ စိုးလို့ အကျီင်္ င်္ အိတ်နဲ့ တွဲ မကိုင်ချင်လို့ တစ်ဖက်စီ ကိုင်နေရသည်..။
လမ်ဘေးကပ်ပြီးလျှောက်နေတာ သိပ်မကြာလိုက်ခင်..
“ထမင်းကျန်..ဟင်းကျန်လေးများ ၇ှိရင်...”
“အဘ..စားလိုက်ပါနော်...”
“..ကျန်းမာချမ်းသာပါစေဗျာ...မတောင့်မတ မကြောင့်မကျနေနိုင်ပြီး လူချစ်လူခင်လည်းပေါပါစေ..”
“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ..”
ဒီဒီ လက်ထဲက ကျန်တဲ့ နှစ်ထုတ်ကတော့ ကလေး သုံးယောက်ကို ခွဲဝေစားဖို့ ပေးခဲ့လိုက်သည်..။
လျှောက်လာနေရင်း တက္ကစီ တားဖို့ လက်ထုတ်တော့..ထိုးရပ်လိုက်တဲ့ ကားက...
“ဟင်..ဂျွန်..”
“တက်..”
ဒီဒီ ကျောပိုးအိတ်ကလေးကို လက်မနဲ့ ဆွဲပြီး ကားထဲ ပြေး၀င်ထိုင်လိုက်သည်..။
ဒီနေ့ဘာခိုင်းစရာ ရှိလို့လည်း မသိ...။
ဂျွန် ကားမောင်းရင်း ပြုံးနေမိသည်..။
ဒီဒီ တို့က ဆိုးရင်သာ လူသိရှင်ကြားဆိုးတာ လိမ်မာတော့ တိတ်တိတ်လေး..
လမ်းဘေးက လူလည်း သူ စကားပြောရဲသည်..။
အခုလည်း ဘာတွေ သွားပေးပြီးမှ ပြန်ဖို့ စီစဉ်တာလည်း..မသိသေး....
“နင်..ဘာတွေ ဝေနေတာလည်း..”
“အော်..မဝေပါဘူး..စားသောက်ဆိုင်က ပိုတာလေ.သန့်တဲ့ဟင်းတွေ ယူလာတာ.သူတို့လည်း ဗိုက်၀ သွားတော့ အကျိုး ရှိတာပေါ့..ထမင်းရေချောင်းစီးမှ အလှူမဟုတ်ပါဘူး..တစ်စုံတစ်ယောက် ဆာလောင်နေတဲ့ အချိန် ထမင်းတစ်ဆုတ် ရေ တစ်ခခွက်လည်း အလှူပါပဲ...”
“အဟွန့် အလှူဒါယကာမ ကြည့်လုပ်အုံး နင် တစ်ယောက်တည်း သွားလာနေတာ..သိပ်အရောတ၀င်မနေပါနဲ့..”
“..စိုးရိမ်တယ်ပေါ့..”
“ရူးချက်..”
“အာ..ကိုယ့် မိန်းမကို မစိုးရိမ်ဘူးလား “
ကားမောင်းနေတဲ့ လက်ကိုလာဆွဲပြီး ပြောနေတာ..
ဘေးက ရေသန့်ဗူးအခွံ ကောက်ြ့ပီး ခေါက်လိုက်သည်..။
“အ...နာသွားပြီ...”
ခေါင်းကို လက်နဲ့ အုပ်ပြီး နှုတ်ခမ်းဆူ ပြောနေတာ...ကျွတ်..
“နင့်ရဲ့ ကိုကို ကို သွားပြောလေ..သူဆိုရင်တော့ ကြပ်ထုတ်တိုးပေးလိမ့်မယ်..”
“ဘယ်က ကိုကို လည်း..”
“ဘေဘီ ကိုကိုလေ..”
“အာ..ဟန်သော်..သူ မရှိတော့ဘူး..နိုင်ငံခြားသွားပြီလေ. တစ်ခါတစ်လေဆို လွမ်းမိတယ်..”
မရှိတော့ဘူးဆိုလို့ စိတ်ထဲပျော်သွားခါမှ နောက်က ဆက်လာတဲ့ စကားက ဒေါသထွက်စေသည်..။
“လွမ်းရင် လိုက်သွားလေ...”
‘မရဘူး..ငါ့မှာလင်ငုတ်တုတ်နဲ့ မို့ ဟိုက စိတ်မ၀င်စားတော့ဘူးတဲ့လေ..”
“ဟား..ဟား..”
“မရယ်နဲ့..”
နှုတ်ခမ်းကို ဆယ်နှစ်ကြိုး ကဝေ လုပ်ပြနေတာ...။
ကားရှေ့ကိုပဲ ကြည့်ပြီး အာရုံစိုက်နေလိုက်ရသည်..။
ရှေ့ကား မီးရောင်လာရင် ဒီဒီ ပါးကို မျက်လုံးထောင့်က မြင်နေရတော့
“နင့် ပါးကို ဘယ်သူရိုက်သွားတာလည်း..”
“ဟင်..”ဒီဒီ ဂျွန်ပြောတဲ့ စကားကြောင့် ပါးကိုယောင်ယမ်းစမ်းမိသည်..
“မရိုက်ပါဘူး.ဘာလို့.”
“နီရဲနေလို့..”
“ပန်းနီတွေ များများထည့်ထားတာ..ငါ့ကို ကိုရီးယားမလေးနဲ့ တူတယ်တဲ့..တူတယ်မလား..”
“ပြောတဲ့ လူ ရူးနေတာပဲ..”
“ကြည့်နေပါ..ငါ နာမည်ကျော်လာမှ နင် သ၀န်တိုပြီး ရူးရလိမ့်မယ်..”
“အခုလည်း တစ်ခါတစ်ခါ ရူးရတယ်..”
“ဟင်...”
ပါးတော့ ပိုနီပါပြီ ..ကားမောင်းနေရင်း ဘေးက လူ ပါးကို ထနမ်းစရာလား...ငပွေ....။
ကားက တိုက်နား မရောက်သေး လို့ သိတဲ့ လူ မရှိဘူး မှတ်နေတာ အပြင်ထွက်ရပ်နေတဲ့ အန်တီစိုးကို တွေ့တော့ မျက်နှာတွေ ဘယ်နား ထားရမှန်းမသိ..။
“ဟဲ့..ဆင်းလေ..”
“ဟမ်..အမ်း...”
ဒီဒီ ခေါင်းကိုငုံ့ပြီး လှေကားပေါ် အမြန်တက်လာခဲ့လိုက်သည်..။
“ကျွတ်..”ကားပေါ်မှာ အထုတ်တွေ အကုန်ထားခဲ့ပြီး တက်သွားတော့ ဂျွန် ပဲ လိုက်ကောက်ပြီး သယ်လာခဲ့ရသည်..။
“ဒီဒီ .ကိုယ့် အထုတ်တောင် ကိုယ် မသယ်နိုင်တော့ဘူးလား..”
“ဒါလေး သယ်ပေးရတာများ...”
တံခါးဝရောက်တာနဲ့ ပြောတော့တာမို့ လက်ထဲက အိတ်ကို ဆွဲလု ယူပြီး ခုံပေါ်တင်ထားလိုက်သည်..။
“ဟူး..နားရတယ်ကို မရှိဘူး..မီးဖိုချောင် ၀င်ရအုံးမယ်..”
ဒီဒီ က ကျောပိုး အိတ်ဖြုတ်ချပြီး မီးဖို ခန်းထဲ တန်း ၀င်သွားတော့ ဂျွန် လည်း အခန်းထဲ ၀င်ပြီး အ၀တ် အစားလဲလိုက်သည်..။
ဒီဒီ ကြက်သားလီမွန် လုပ်ပေးမလို့ လီမွန်သီး ရေဆေးနေတုန်း ဂျွန်က ရေချိုးဖို့ ၀င်လာတော့ မနေနိုင်...။
“ဟဲ့ ရေချိုးအုံး မလို့လား...”
“အေး..”
“မိုးချူပ်နေပြီ နင် မနက် က ချိုးသွားတယ်လေ...”
“နေ့တိုင်းအဲလိုချိုးနေကျပဲ ပွစိပွစိ လုပ်မနေနဲ့..”
ပြောပြီး ရေချိုးခန်းထဲ ၀င်သွားပြီ စေတနာနဲ့ ပြောတာကို နားမထောင်ဘူး..ဖြစ်မှ...
ဂျွန် ရေချိုးခန်းထဲ ထွက်တော့ မရဖူးတဲ့ ဟင်းနံ့မွှေးမွှေးလေးက ဗိုက်ကို ပိုဆာစေသည်..။
“စားလို့ ရပြီလား..ဒီဒီ..”
“..၁၀မိနစ်လောက်စောင့်အုံး..”
ဂျွန် ပြီးမှာနဲ့ဆို အတော်ပဲမို့ အခန်းထဲ အမြန် ၀င်လာလိုက်သည်..။
တာဝါကို ကုတင်ပေါ်မှာ ပစ်တင်လိုက်ပြီး ဘီဒို တံခါး ဖွင့်လိုက်ချိန်..။
“အား...အား....အ....”
ဒီဒီ မီးဖိုခန်းထဲကနေ ဂျွန် အော်သံ ကြားလို့ အခန်းထဲ ပြေးလာတော့ ဘီဒို ရှေ့မှာ ဘောင်းဘီတို နဲ့ ရပ်ပြီး အော်နေတာ...
“ဟဲ့..ဘာလည်း..”
“ဖားပျံကြီး..”
“ဟား..ဟား..”
ဒီဒီ ဘီဒို ဆီ သွားပြီး ရိုက်ဖို့ တ့မြတ်စည်း ရှာနေတုန်း ဖားပျံက ဒီဒိ အကြံကို သိသွားသလိုမျိုး..ရှေ့ကို လှမ်းခုန်တော့..
“အား...”
“ဟဲ့...”
ဒီဒီကို ပြေးဖက်ထားတာ အသက်ရှုလို့တောင် မရ...တင်းကြပ်စွာ...
ဂျွန်က ကြောက်နေတာ သိပေမဲ့ သူရဲ့ ကိုယ်အပေါ်ပိုင်းဗလာကျင်းနဲ့ ကြွက်သား..အထစ်တွေက..
“ဟ..လွှတ် အုံးလေ...ငါ ရိုက်လိုက်မယ်..”
“နေအုံး..ငါ့ဆီ ကို ပြေးလာလိမ့်မယ်..”
“အဲဒါဆို အပြင်ထွက်နေ...”
နှစ်ခါ မပြောရသေး တစ်ချိုးတည်း လစ်ပြေးတာ ရဲဘော်ရဲဘက် ပီသပါပေသည်..။
ဂျွန် အိမ်ရှေ့ တံခါး ၀နားမှာ ရပ် ပြီး နားစွန့်နေတာ..
“ဒုန်း..အ..”
ဒီဒီ ဘာတွေ တလွဲ လုပ်ပြန်ပြီလည်း မသိ...
အခန်းထဲက ထွက်လာတော့ ....
“ရပြီ ဒီမှာ..”
“အား...သွား...ယူသွားစမ်းပါဟာ..”
ဖားပျံကို ခြေတစ်ချောင်းဆွဲမ ပြီး လှုပ်ပြနေတာ အသည်းယားပြီး အန်ချင်လာသည်..။
“ဝှီး...လာပီ...ရွှီး.....”
“ဒီဒီ...”
“လာပီ...”
အနားကို တိုးလာပြီး..တမင်လိုက်ခြောက်နေတာ....အကျင့်ယုတ်..အစုတ်အပြတ်..
“ဟား..ဟား...မိန်းမကျနေတာပဲ ကြောက်တက်လိုက်တာ...ဝှီး.....ရွှီး....လာပြီ...”
မျက်နှာနားကပ်လာတဲ့ ဖားကို လန့်ဖြန့်ပြီး ရွဲရိုက်လိုက်မိသည်..။
တံခါးနားကျသွားတဲ့ ဖားပျံကို ပြန်ကောက်ဖို့ လုပ်နေတဲ့ ဒီဒီ ကို ပခုံးက ဆွဲမြှောက်လိုက်သည်..။
ကြောက်စိတ်က ဒေါသကို ပြောင်းစေသည်..။
အသည်းယားလို့ မလုပ်ပါနဲ့ ဆို အမြဲတမ်း အားနည်းချက်တွေကို လိုက်ခြောက်တက်တာ ဒီဒီ အကျင့်..
“ဒီဒီ...နင် ဘာကြောက်လည်း...”
“ဟမ်...”
ဒီဒီ လက်မောင်း ကို ဂျွန်က လက်နှစ်ဖက်နဲ့ မြှောက် လိုက်တော့ ပခုံးသားတွေပါ နာကျင်စေသည်..။
ဂျွန် မျက်လုံးတွေက လည်း ဒေါသရိပ်တွေ..
ရုန်းကြည့်ပေမဲ့ မလွှတ်..အသားနာတော့ ဒီဒီ လည်း ဒေါသ ထွက်ရသည်..။
တကယ်ဆို သူကြောက်လို့ ရှင်းပေးတာ ကျေးဇူးတောင်တင်ရမှာကို အခုတော့ လက်မောင်းတွေကို ဖိဆုပ်ထားပြီး...
“ငါ.ဘာမှ မကြောက်ဘူး..ဟား..ဟား..နင်ကသာ မိန်းမလို ဖားပျံကြောက်ပြီး..အား....အ...လုပ်ကြပါအုံးရှင်..ကယ်ကြပါအုံးရှင်..အမလေ..”
အသံပေါင်းစုံထွက်ပြီး ဂျွန်ကိုလှောင်ပြနေတဲ့ ဒီဒီ...
“အ...”
ဒီဒီ ရုတ်တရက် ဆိုဖာပေါ် ပစ်ကျသွားပေမဲ့ ဘာဖြစ်မှန်းမသိလိုက်
အပေါ်က ငုံ့ကျလာတဲ့ ဂျွန် မျက်နှာက အစိမ်းသပ်သပ်..
“အ...မလုပ်နဲ့..”
နှုတ်ခမ်းကို ဖိနမ်းပြီး အနမ်းတွေက လည်တိုင်ဆီ ရောက်လာတော့..
“ဟင်...ဂျွန်...ဂျွန်...ငါတောင်းပန်ပါတယ်ဟာ...”
“ဟား..ဟား..ဘယ်လို ဖြစ်ရတာလည်း...”
“မလုပ်ပါနဲ့...”ဒီဒီ တစ်ချက်လောက် ဂျွန် မျက်နှာကို ပိတ်ထိုးလိုက်ချင်ပေမဲ့ ကိုယ်ထဲက အားအင်တွေက ပျောက်ဆုံးနေပြီ..သူဖိထားတဲ့ လက်ကိုတောင် ရုန်းထွက်လို့ မရ...။
လည်တိုင် က အနမ်းတွေက နှုတ်ခမ်းဆီ ပြန်ရောက်လာပြန်သည်..။
အားမမျှဘူး..သိလိုက်ရတဲ့ အသိက မခံချင်စိတ် နဲ့ အတူ အနိုင်ယူလွန်းတာ သိနေတော့...
မျက်လုံးအိမ် နှစ်ဖက်က ပူနွေးလာရသည်..။
ပန်းနု ရောင် ပါးပြင်မှာ မျက်ရည်တွေ စီးကျလာတော့..ဂျွန် အနမ်းတွေ ရပ်လိုက်ရသည်..။
ဂျွန် ခုံက ပြန်ထပြီး...အခန်းထဲ ၀င်လာခဲ့လိုက်သည်...။
မငိုပါနဲ့...ဒီဒီရယ်....။
~~~~~~~~~~~~~~~~~~~~~~မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
အရေးအသား မကောင်းတော့
ဖတ်ရတာလည်း ကောင်းမှာဟုတ်ပါဘူး 🙏😭
သည်းခံပေးပါနော် 🙏
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all ❤
#စပိုက်ကာ
VOUS LISEZ
သူခင်းသောလမ်း
Roman d'amour"နင်ကလေ..ငယ်ငယ်က သောက်မြင်ဖို့ပဲကောင်းတာ အခု ရွံ ဖို့ပါ ကောင်းလာပြီ.." ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ "ဒါကတော့ တန်ဖိုး ရှိတဲ့ အရာတွေကို သာမန် မျက်စိ နဲ့ မမြင်ရဘူးလေ..." ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ လူတွေက အမြင့်ပန်းကို နှစ်သက်ပေမဲ့ အမြင့်ပန်း ဖြစ်...