🙏Nezha🙏

79 5 1
                                    

🌸Nezha🌸
Unicode

နီကျား( 哪吒 )
နီကျားအား ကျူံးထျန်းယွမ်ရွိုက် ၊ လိုချားစန်းထိုက်စေ စသည်ဖြင့် ဘွဲ့တော်အမျိုးမျိုးဖြင့်ကိုး
ကွယ်ကြသည်။

နီကျားသည် တရုတ်ဒဏ္ဍာရီတွင် တန်ခိုးအာဏာ ကြီးမားသည့် ကလေးနတ်တစ်ပါးဖြစ် သကဲ့သို့ ကောင်းကင်စစ်သူကြီး လည်းဖြစ်သည် ဟုဆိုကြသည်။

နီကျားတွင် (乾坤圈)ချန်ခွမ်းချွမ်းဟု ခေါ်သော ရွှေရောင်ရှိသော ကွင်းလေး နှင့်(風火輪 ) ဖုန်းဟောလွမ် ဟု ခေါ်သော မီးတောက်နေသော ဘီးပျံတစ်စုံနှင့်(火尖槍) ဟော်ကျန်းချန်း အမည််ရသော လှံချွန်လက်နက်တို့ရှိသည်။နီကျားအားတရုတ်ပြည်တွင်သာမက အာရှတစ်ခွင် ကျယ်ပြန့်စွာကိုးကွယ်ကြတယ်။

နီကျား
မင်းသားဟာ လီထျန်းဝမ်စေတီကိုင်ထားသော
နတ်မင်းကြီး၏ သားတော်သုံးပါးမှ အငယ်ဆုံး
သားတော်ဖြစ်သည်။ ဒါကြောင့်စန်းထိုက်ကျူ
တတိယသားတော်ဟုခေါ်၏။ နီကျားမင်းသားရဲ့
ဘွဲ့တော်မှာများစွာရှိပြီး 大罗仙 罗车太子
李罗车 罗车公 金康元帅 金环元帅
တလောရှန်း ကျင်းခန်းစစ်သူကြီးစသည်ဖြင့်လဲ
ခေါ်လေ့ရှိ၏။ ကျုံးယိန် နတ်စစ်သူကြီး ၅ ပါးထဲ
မှ ဦးဆောင်စစ်သူကြီးလဲဖြစ်၏ ။ သမိုင်းဒဏ္ဍာရီ
အရကျုံးထျန်းစစ်သူကြီးနီကျားဟာ ကောင်းကင်
အရှင်ယွိဟွမ်စန့်တိရဲ့ နန်းဆောင်ရှေ့မှ စစ်သူ
ကြီး တလောရှန်း 大罗仙 ဖြစ်၏။ အရပ်လေး
မျက်နာနဲ့အလယ်ဗဟိုတပ်စခန်းများကိို ဦးဆောင်
ရသောနတ်စစ်သူကြီးတစ်ပါးဖြစ်၏ ။ တနေ့၌
ယွိဟွမ်ရှိန်တိနတ်မင်းကြီးသည် လူ့ပြည်တွင်
မကောင်းဆိုးဝါးများသောင်းကြမ်းဆိုးသွမ်းနေပြီး
လူသားများကိုဒုက္ခပေးနေသည်ဟု သိရှိကာ
နီကျားခေါ်တလောရှန်းကို လူ့ပြည်မှမ်ိစ္ဆာများကို
နှိမ်နင်းရန် လူပြည်တွင်ရှိသော စစ်သူကြီးလီကျင့်
ရဲ့အိမ်၌ ဝင်စားစေခဲ့သည် ။ လီကျင့်ရဲ့အမျိုးသမီး
သည် နီကျားမင်းသားကိုယ်ဝန်ဆောင်စဉ်
သုံးနှစ်နဲ့ခြောက်လမျှကြာခဲ့ပြီးမှနီကျားမင်းသား
ကိုဖွါးမြင်သည်။ နီကျားကိုမွေးဖွါးစဉ်မှာသာမန်
ကလေးငယ်မွေးဖွါးသလိုမဟုတ်ပဲ အသားတစ်
လုံးကြီးကိုဖွါးမြင်ခဲ့သည်။ လီကျင့်ဟာထိုအသား
တစ်လုံးကိုဓါးဖြင့်ပိုင်းဖြတ်လိုက်ရာမှ အထဲမှ
သုံးနှသ်သားအရွယ်ကလေးငယ်ခုန်ထွက်လာခဲ့
သည်။ ထိုကလေးငယ်မွေးဖွါးပြီး သုံးရက်မြောက်
နေ့တွင် ထိုက်ရီသူတော်စင် 太乙天尊
လီကျင့်တို့အိမ်သို့ရောက်ရှိလာပြီး ထိုကလေးငယ်
ကိုနီကျားဟု နာမည်ပေးခဲ့သည်။ နီကျားရဲ့ပုံ
တော်မှာဦးခေါင်းသုံးလုံး မျက်လုံး ၉ လုံး လက်
၆ ဖက် ခြေထောင်တွင်မီးရဟတ်ကိုစီးထားပြီး
လက်တွင်လှံသံကွင်းပိတ်နီဖဲစတို့နဲ့ပုံတော်ဖြစ်
သည် ။ နီကျားဟာ တန်ခိုးအရမ်းကြီးသည်
မိုးလေကိုပင်ဖန်တီးတာဆီးနိုင်သည်ဟုဆိုသည်။
သူရဲ့အော်လိုက်သည့် အသံကြောင့် မိုးများပင်
ချက်ချင်းရွာသည်ဟုဆိုသည်။ နီကျားဟာ
ကောင်းကင်ဘုံမှနတ်သားသက်ဆင်းဝင်စားခြင်း
ဖြစ်ပြီး မွေးကတည်းကစွမ်းအားတွေရှိနင့်နေပြီး
ဖြစ်သည်။ ငယ်စဉ်ကတည်းက ချင်ယွမ်စန်း
တောင်ကျင်းကွမ်းဂူတွင် တရားကျင့်နေသော
ထိုက်ရီသူတော်စင်အထံ၌ တပည့်အဖြစ်ခံယူပြီး
ပညာများထပ်မံသင်ကြားသည်။ အသက် ၇ နှစ်
တွင်ပညာစုံတတ်မြောက်ပြီးနောက် မိမိအိမ်သို့
ပြန်လာခဲ့သည် ဟွင်းထျန်းသံကွင်း လှံ ပိတ်ဖဲစ
တို့ကို သူ၏အစွမ်းစများနဲ့ရရှိလာခဲ့ပြီး ထိုကောင်း
ကင်သံကွင်းကိုပင်လယ်ထဲသို့ပစ်ချပြီး ပင်လယ်
ကြမ်းပြင်ကိုသံကွင်းနဲ့မသည်၊ လှံပိတ်နီစတို့ဖြင့်
ပင်လယ်ကိုမွှေနောက်ကာ သူရဲ့အစွမ်ကိုစမ်း
သည် ။နီကျားအသက် ၇ နှစ် တချို့သမိုင်းက
၁၀ နှစ်ဟုဆိုကြသည် ထိုနောက်အရှေ့့ပင်လယ်
နဂါးမင်းဆီသို့သွားကာ သူရဲ့ပညာကိုစမ်းပြန်
သည်။ အဲ့မှာနဂါးသားတော်သုံးပါးနဲ့အပြင်းထန်
တိုက်ခိုက်ရင်း နီကျားမင်းသားဟာ နဂါးသား
တော်တစ်ပါးကိုရိုက်သတ်လိုက်ပြီး သူ့ရဲ့အကြော
တွေကိုဆွဲထုပ်ကာရက်ရက်စက်စက်သတ်ပစ်
လိုက်၏ ။ အရှေ့ပင်လယ်နဂါးမင်းဟာ ဒီအ
ကြောင်းကိုသိရှိသွားပြီး သူ့ရဲ့သားတော်သေသွား
သည့်အတွက်အရမ်းဒေါသထွက်ကာ ပင်လယ်
လေးခုရှိနဂါးမင်းညီနောင်များကိုခေါ်ကာ နီကျား
နေသည့်မြို့ကိုနဂါးမင်းလေးပါး ကောင်းကင်
ပေါ်မှ တန်ခိုးများပြပြီး သူ့သားတော်သေဆုံးရသည်
အတွက်နီကျားရဲ့အသက်ကို ပြန်ပေးဆပ်ရန်၊
မပေးပါက တစ်မြို့လုံးကိုရေနစ်သတ်မည်ဟု
ကြုံးဝါးသည်။ နီကျားဟာ သူ့ဆရာဆီအပြေး
ရောက်သွားပြီး နဂါးမင်းရဲ့သားတော်တွေကို
သတ်ခဲ့မိကြောင်း သူ့ရဲ့ဒုက္ခကိုကူညီပါဟုဆိုသည်။
ဒီအခါသူ့ဆရာက နီကျားသင်ဟာကြီးလေးသော
အပြစ်ကိုလုပ်ခဲ့မိပြီ ကောင်းကင်ဘုံရဲ့ဒဏ်ခတ်
တာကိုခံရတော့မယ် ငါလည်းဘယ်လိုမှကယ်
လို့မရဘူးဟုဆိုသည် ။နီကျားလဲအပြစ်လုပ်မိတာ
ကိုသိရှိပြီး ပြည်သူများဒုက္ခမရောက်စေရန်နဲ့
မိဘများအတွက်စာချန်ထားခဲ့ပြီး ဓါးဆွဲကာ
ကိုယ့်ဗိုက်ကိုခွဲပြီး အူတွေအသည်းတွေနှတ်ပြီး
သူ့ရဲ့မိခင်ကိုပေးပေးပါဟုဆိုကာ လဲကျ၍
အသက်ပျောက်သွားသည်။ ဒီလိုနဲ့နီကျားရဲ့
ဝိညာဉ်ဟာ ဆောက်တည်ရာမရလေလွင့်နေပါ
တယ်။

Goddess of magic and ancient scholars of the tipOù les histoires vivent. Découvrez maintenant