4

6.6K 832 4
                                    

[ZawGyi]

ကိုကိုက ဘယ်အချိန် ကြည့်ကြည့်
လင်းတယ် လှတယ် နှုတ်ခမ်းအောက်က
မှဲ့နက်သေးသေးလေး
အဲ့ဒီမှာ ကျတော် အကြိမ်ကြိမ် ပြိုဆင်းတာပဲ။

"စေးစေး မီးဖိုဆောင်ကို အမှာတွေ
သွားထပ်စစ်ပေးပါလား "

‌ကောင်မလေးက  ဟုတ်ကဲ့ဟုဆိုကာ
Notebook လေးကိုင်ပြီး ထွက်သွားသည်။

"ကျွင့်ခိုင်ရေ ကောကို ဌာနမှူးကျိုးဆီ ဒါလေး
သွားပို့ပေးပါအုံး ကော အားလုံးဖြည့်ပြီးပြီးလို့ပါ
‌ပြောပေးနော် "

"ဟုတ် ရိပေါ်ကော "

ရိပေါ်က  ပြုံးရင်း‌ပြော‌တော့ ကျွင့်ခိုင်က
ကျတော့်ကို သွားကြ်ီးပြန်ဖြဲ ပြသည်။
ရိပေါ် ခေါင်းကြိမ်းသွားတယ်။
အဲ့အပြုံးက တစ်ခုခုမဟုတ်တာလုပ်ပြီးတိုင်း
ကျွင့်ခိုင်း လုပ်နေကြပုံစံ။

အခုလည်း ဒ်ီနားတစ်ဝိုက်မှာ လုပ်စရာမရှိတာကို
သူဌေးနား ယောင်လည်ယောင်လည်
သွားလုပ်နေတာ။ တစ်ခြားကောင်မလေးတွေလည်း
မခြားမနားပါပဲ ...သူဌေးလာပြီးဆိုတာနဲ့
အလုပ်ပဲချက်ချင်းများနေကြသလိုလို
လမ်းပဲလျှောက်နေကြသလိုလို ထိုင်လိုက်ထလိုက်နဲ့
အလုပ်ကိုရှုပ်နေကြရော ။
သိနေတယ် အထာတွေ.....

ဧည့်သည် ကောင်‌လေးတစ်ယောက် လာပေးတဲ့
Note ကို ကြည့်ကာ Keyboard ‌ပေါ်
တဒေါက်ဒေါက် ရိုက်နက်လိုက်သည်။
ဘောင်ချာကို ပြန်ပေးတော့ ကောင်လေးက
ရိပေါ်ကို ပြုံးစိစိနဲ့ ကြည့်တယ်။

ဘာဖြစ်တာလဲ ဒီကောင်လေး ပိုက်ဆံမပါလို့လားဟု
ရိပေါ် တွေးမိ ပြီး ဘောင်းဘီအိပ်ကပ်ထဲ
ဟိုစမ်းဒီစမ်းကြည့်တော့ ထွက်လာတာက
ယွမ် ၅၀။

ကောင်လေးကို ရိပေါ် အားနာစွာနဲ့ပဲ
ပြုံးပြလိုက်ရတယ်။
ဟိုဘက်ဝိုင်းကို လှမ်းကြည့်တော့
ကိုကိုနဲ့စကား‌ပြောနေတဲ့ ယုံရုံကျဲက
မရှိတော့ဘူး။ ကိုကိုက computer တစ်လုံးနဲ့
အလုပ်တွေ ရှုပ်နေတုန်း။
Green tea သွားပို့ပေးရင် ကောင်းမလား
သူဌေးက Green tea ကြိုက်တယ်လို့
ကျတော် ကြားဖူးထားတယ်။

"ရိပေါ် "

သူဌေးကို ငှေးနေမိရာမှ ယုံရုံကျဲ၏
ရုတ်တရက်ခေါ်သံ‌ကြောင့် ရိပေါ် အတွေးတို့
ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရသည်။

All Eyes On You Where stories live. Discover now