Chapter :23

11.7K 1.2K 30
                                    

A/n: Here's an even longer chapter. Enjoy Sunshines!

[ Zawgyi ]

23: ဂန္ဓာမာပန်းရနံ့လမ်းကြောင်း

ဂျူးဖန်ကိုနောက်ဆုံးတွေ့ခဲ့တဲ့နေရာဆီကို ရှီကျင်းရောက်သွားသည်။ ရှီကျင်းဟာ သေစေလောက်သည့် အေးစက်နေတဲ့အကြည့်တွေဖြင့် ထိုနေရာကိုစစ်ဆေးကြည့်နေပြီးတော့ နောက်ထပ်သဲလွန်စတွေရှာဖို့အတွက် လမ်းကြားထဲကိုဝင်သွားလိုက်သည်။

ရှီကျင်းက တိတ်ဆိတ်စွာ လမ်းကြားထဲကို နက်နက်နဲနဲဆင်းသွားရင်း လမ်းတစ်ဝက်မှာ အရမ်းကိုရင်းနှီးနေသည့်အနံ့တစ်ခုကို ရေးရေးလေးရလိုက်သည်။ ဒီလောက်အချိန်တွေကြာသွားတာတောင် ဂျူးဖန်ရဲ့ကိုယ်သင်းနံ့က လမ်းပေါ်မှာ စွဲထင်နေတုန်းပဲဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ရှီကျင်းက ဒူးတစ်ဖက်ထောက်ချလိုက်ရင်း ကိုယ်ကိုကိုင်ညွှတ်ကာ မြေကြီးပေါ်ကို လက်ချောင်းထိပ်ဖြင့် ထိတို့ကြည့်လိုက်သည်။ ကြမ်းတမ်းနေသည့် မြေသားထက်တွင် လမ်းကြောင်းပုံစံသေးသေးလေးလိုဖြစ်ပေါ်နေသည့် ပါးလွှာတဲ့အမွှေးမှုန့်ကွက်လေးတွေရှိနေသည်။

" ဒီကောင်မလေးကတော။ " ရှီကျင်း၏နက်ရှိုင်းလှသည့်အသံက လမ်းကြားထဲတွင် ပဲ့တင်ထပ်နေပြီး အေးစက်လှသည့်လေထဲတွင် ပျောက်ကွယ်သွားတော့တယ်။

ရှီကျင်းကမျက်လုံးတွေကိုမှိတ်လိုက်ပြီး သူ့ရဲ့အနံ့ခံနိုင်စွမ်းအားတွေကိုအရှိန်မြှင့်တင်ဖို့ တွန်းအားပေးကြိုးစားလိုက်ရင်း ဂျူးဖန်ချန်ထားခဲ့သည့် လမ်းကြောင်းအတိုင်းလိုက်လာခဲ့တယ်။

ထိုအချိန်အတွင်း စိုထိုင်းပျက်စီးနေသည့် အဆောက်အအုံတစ်ခုထဲတွင် ..... ။

ရှန်ဝမ်က လက်နှစ်ဖက်ဖြင့် ဓားကိုမြဲမြံစွာဆုပ်ကိုင်ထားပြီး ဂျူးဖန်အား ကြွေးကြော်တိုက်ခိုက်လာတယ်။ ဂျူးဖန်က ဘေးဘက်ကို လျင်မြန်စွာရွှေ့လိုက်ပြီး ရှန်ဝမ်အား မြန်မြန်သေအောင် သူ့ရဲ့လည်ပင်းကိုချိန်ရွယ်တိုက်ခိုက်လိုက်သည်။ ရှန်ဝမ်ကလဲ လျင်မြန်စွာ ဂျူးဖန်၏ဓားကိုတားဆီးလိုက်ရင်း ဂျူးဖန်ရဲ့ဒဏ်ရာရနေသည့် လက်မောင်းကိုနာကျင်လာအောင် ဓားချင်းဖိကပ်တိုက်နေရင်း ပြင်းထန်သည့်တွန်းအားတွေကို ဖန်တီးနေသည်။ အခုချိန်မှာတော့ ဒါက ဂျူးဖန်မတတ်နိုင်တဲ့ အားချင်းယှဉ်ပြိုင်ရတဲ့ပွဲဖြစ်သွားခဲ့ပြီ။ ထိုအခါ ဂျူးဖန်၏နောက်ကျောဘက်က ပွင့်ဟနေသည့်ဒဏ်ရာဆီကနေ သွေးတွေပန်းထွက်လာပြီးတော့ ဂျူးဖန်ဟာ တဖြည်းဖြည်းအားနည်းလာခဲ့သည်။ ဂျူးဖန်၏အသားရည်ဟာ အဖြူရောင်သန်းလာနေရင်း သူမ၏ဖြူဖျော့နေသည့်နှုတ်ခမ်းတွေကလဲ စတင်တုန်ယင်လာသည်။ ဂျူးဖန်ဟာ ဒဏ်ရာတွေကြားထဲကနေ ခက်ခက်ခဲခဲအသက်ရှူနေပြီး သူမ၏ပင်ပန်းနေပြီဖြစ်တဲ့ မျက်လုံးတွေက စတင်မှေးကျလာသည်။

Rebirth As The General's wife (Myanmar Translation)Where stories live. Discover now