[Zawgyi]
ဆောင်းရာသီ~~
ဆောင်းရာသီ ဆိုတာနဲ့ အဖြူရောင်နှင်းစက်တွေကို အရင်မြင်ကြတယ်မဟုတ်လား။ အုံ့မှိုင်းနေတဲ့ကောင်းကင်ကြီးရယ် တဖွဲဖွဲကျဆင်းနေတဲ့နှင်းတွေရယ် နှင်းတွေဖုံးလို့ဖြူဖွေးနေတဲ့ ပတ်ဝန်းကျင်ရယ်က ဆောင်းရာသီရဲ့အခါသမယ။ နေရာဒေသကိုလိုက်လို့ ရာသီချိန်အမျိုးမျိုးရှိတယ်။ ရာသီကာလတိုင်းမှာလည်း ကိုယ်စားပြုအရောင်လေးတွေရှိတယ်။ အခုပြောတဲ့ဆောင်းရာသီရဲ့ ကိုယ်စားပြုအရောင်လေးက ရေခဲပြင်တွေနဲ့တူတဲ့အပြာရောင် သို့မဟုတ် နှင်းစိုင်နှင်းခဲတွေနဲ့တူတဲ့အဖြူရောင်~
နွေဦးရာသီ နွေရာသီနဲ့ ဆောင်းဦးရာသီတို့မှာ ရာသီပန်းကိုယ်စီပွင့်လန်းကြတယ်~ ဆောင်းရာသီမှာရော?? ဆောင်းရာသီမှာက အအေးဓာတ်နဲ့နှင်းဖွေးဖွေးတွေကြောင့် သစ်ပင်ပန်းမန်တွေ ခေတ္တအိပ်စက်နေရလို့ ပန်းလေးတွေလည်းမပွင့်လန်းနိုင်ရှာဘူး။
ဒါပေမယ့် လူတစ်ယောက်ကပြောခဲ့ဖူးတယ်~ ဆောင်းရာသီမှာလည်း ပန်းပွင့်ပါတယ်တဲ့လေ
| | |
* * *နှင်းတွေဖြူဖွေးနေတဲ့ကွင်းပြင်ကြီးထဲ ကလေးတွေရော လူငယ်တွေရော ပျော်ပျော်ပါးပါး ဆော့ကစားနေကြတယ်။ Snowball fight ဆိုတဲ့ ကစားနည်းက ကလေးတွေကြားရေပန်းစားတဲ့ ဆောင်းရာသီကစားနည်းတစ်ခု။ တစ်ယောက်ကိုတစ်ယောက် နှင်းခဲတွေနဲ့ပစ်ပေါက်ကစားရတဲ့ အရသာက ပျော်ရွှင်ဖွယ်အတိ။
လူအများပျော်နေချိန်မှာ ကွင်းပြင်ဘေးကခုံတန်းမှာ ကော်ဖီထိုင်သောက်နေတဲ့ လူတစ်ယောက်မျက်နှာကတော့ သုန်မှုန်နေလေရဲ့~~
ဝမ်ရိပေါ်
ရေပန်းစားရုံမကလို့ နေကြာပန်းပဲစားစား ဝမ်ရိပေါ်အတွက်ကတော့ မျက်စိတော်တော်နောက်စရာကောင်းနေတယ်~~ ဘယ့်နှယ် ကိုယ့်ဘာသာ အိမ်မှာဂိမ်းဆော့နေတာအကောင်း~ အိမ်လာလည်တဲ့ တူမတော်ပေါက်စနက နှင်းတွေနဲ့ဆော့ချင်တယ်ဆိုလို့ ဒီဦးရီးတော်ဝမ်က လိုက်စောင့်ပေးနေရတယ်။ "လေးလေးက ရုပ်ချောသလောက် စိတ်ပုတ်လိုက်တာ" လို့အပြောကလည်းမခံနိုင်။
YOU ARE READING
Winter's flower
Fanfictionဆောင်းရာသီမှာပန်းမပွင့်ပာဘူးလို့ ဘယ်သူပြောသလဲ ဆောင်းရာသီမှာပန်းမပွင့်ပါဘူးလို့ ဘယ်သူပြောသလဲ Wang Yi Bo 💙 Xiao Zhan ❄Winter comes bless on YiZhan❄ December 2019 [@LitwitsOfficial 's YiZhan fanfiction contest]