5.7K 650 47
[Zawgyi]
နိုဝင်ဘာလကုန်လို့ ဒီဇင်ဘာထဲဝင်လာချိန်မှာ နေရာတိုင်းဟာ Christmas theme နဲ့ပန်းချီကားချပ်လိုဖြစ်နေကြတယ်။ အအေးဓာတ်ကလည်း ပိုကဲလာပြီး နှင်းတွေလည်းပိုကျလာတယ်။ ဒီလိုချမ်းအေးလှတဲ့ အချိန်ခါသမယဟာ လူတိုင်းကိုယ်စီ ပြုံးပျော်နေကြချိန်ဖြစ်တယ်။
သို့ပေမယ့် စားသောက်ဆိုင်ငယ်လေး အတွင်းတစ်နေရာမှာတော့ ရီဝေဝေနဲ့ အားပါးတရ ရင်ဖွင့်နေတဲ့ ကောင်လေးတစ်ယောက်ရယ် အရက်လေးတမြမြသောက်ရင်း ရေချိန်ကိုက်နေပြီဖြစ်တဲ့ သူ့ရှေ့ကကောင်လေးပြောသမျှကို ထိုင်နားထောင်ပေးနေတဲ့ ကောင်လေးတစ်ယောက်ရယ်ရှိပါသတဲ့။
"ဘာလို့လဲ...ဘာလို့...လဲ"
"......"
"ဘာလို့မိဘတွေက ထစ်ကနဲဆို လက်ထပ်ဖို့ပဲပြောနေတာလဲ ဝှိုင်း....."
"ဟုတ်တယ်"
"အသက် ၂၈ အထိ မိန်းမ မရသေးရင် ဘာလို့အပြစ်သားကြီးလို ဆက်ဆံကြတာလဲ ဝှိုင်း!"
"ပြောပစ်လိုက်"
"ဘဝကြီးက ဘီယာထက် ပိုခါးနေတော့တာပဲ အား..."
ပါးလေးတွေနီပြီး မျက်စိမပွင့်တော့တဲ့ရှောင်းကျန့်ရဲ့ ပေါက်ကွဲသံစဉ်တွေကတော့ပီသနေဆဲ။ ဝမ်သခင်လေးကတော့ ဘီယာလေးတစ်ငုံသောက်လိုက် အမြီးစားလိုက်နဲ့ သူ့ရှေ့ကမူးနေတဲ့ယုန်ပေါက်ကို သေချာထိုင်ကြည့်နေတယ်။ ရိပေါ်က ဘီယာတစ်ငုံသောက်လိုက်ရင်း~
"မိဘတွေက မိန်းမယူခိုင်းနေပြီလား ဘယ်သူနဲ့လဲ"
"ငာ့ချစ်သူနဲ့ပော့...အေ့!!"
နားဝင်ခါးလိုက်တဲ့စကား။ သောက်နေတဲ့ဘီယာတောင် ပိုခားသွားတယ်။
"ဒါပေမယ့် ခက်တာက...ငါ့မှာချစ်သူဆိုလို့ မူးလို့တောင်ရှူစရာမရှိတာပဲ"
ရင်ဖွင့်စကား ရိပေါ်နားမှာ မခါးရအောင် ရှောင်းကျန့်ဆိုလေ ပျားသကာသို့ချိုလှစေ~~
အင်း ဘီယာလေးကချိုလိုက်တာ။
"မိန်းကလေးတွေက ချစ်ဖို့ကောင်းပါတယ် အင်း...ဒာပေမယ့် သူတို့ချစ်သူဖြစ်ဖို့ဆို...အချိန်ပေးနိုင်ရမယ် ငွေကုန်ခံနိုင်ရမယ် သည်းခံတတ်ရမယ် ဟူး..."
Winter's flowerDonde viven las historias. Descúbrelo ahora