သခင်လေးရဲ့ကချေသည်
အပိုင်း ၃
မနက်စောစောနေမခမျက်စီဖွင့်လိုက်တာနဲ့
ကျွန်တော်ကိုကြည့်နေသောအဘိုးကို
တွေ့ရသည်။"နိုးပြီလား မြေးငယ် ''
"အဘိုး သားအခန်းကိုအစောကြီးရောက်လာတာ
ဘာလုပ်ဖို့လဲ ""မြေးငယ်လေးပါတီပွဲသွားပြီး ဘာတွေဖြစ်လာလဲအဘိုးသိချင်လို့ပေါ့ ဘယ်လိုလဲအဆင်ပြေလား ''
" ပြေပါတယ် ဘိုးဘိုး''
"သူမြေးမနဲ့ရော အဆင်ပြေလား မြေးဘယ်လို့သဘောရလဲ ထပ်တွေ့ချင်ရဲ့လား ''
တရစပ်မေးနေတဲ့အဘိုးကြောင့်
နေမခ အိပ်ချင်မပြေသေးတဲ့ရုပ်နဲ့
ခေါင်းညိတ်လိုက်သည်။"ဟုတ်အဘိုး ''
"တကယ်လားမြေးငယ် ''
"တကယ်ပါအဘိုး ထပ်ဆုံချင်ပါသေးတယ် ''
"အဲ့ဒါဆို အဘိုးသူတို့ကို ညစာစားဖို့ဖိတ်လိုက်မယ် "
"ဟုတ်ကဲ့ အဘိုး အခုတော့
မြေးအိပ်ချင်နေသေးတယ် ''"အဘိုးနဲ့အတူမနက်စာမစားတော့ဘူးလား''
"စားချင်ပေမဲ့ အိပ်ချင်သေးတယ် ''
နေမခ ပြန်လှဲချင်နေပြီးဖြစ်သည်။
"သဘောပေါက်ပါပြီ အဘိုးမြေးငယ်လေးရယ်
အိပ်...အိပ်''နေမခ အဘိုးခွင့်ပြုချက်ရတာနဲ့ကုတင်ပေါ်လှဲပြီး
မျက်စီမှိတ်လိုက်သည်။
အဘိုးကထမသွားသေးပဲ ကျွန်တော်နဖူးကို
လာနမ်းသည်။"အင်း ဒီနေ့ ဒီအဘိုးကြီးရဲ့မနက်စာကတော့ စိုပြေခြင်းမရှီဘဲပျင်းခြောက်ခြောက်နဲ့စားရတော့မှာဘဲ
မြိုတောင်ကျပါ့မလားမသိဘူး''နေမခပြုံးလိုက်သည် အဘိုးကိုသူမနိုင်ပေ
အဘိုးကိုစချင်တာကြောင့်သာစလိုက်ပေမဲ့ အဘိုးက မနက်စာစားတိုင်း ကျွန်တော်ပါမှလူဆုံသည့်ဟု မှတ်သူဖြစ်သည်။"ကျွန်တော်ရေချိုးပြီးဆင်းလာပါမယ့် ဘိုးဘိုး''
"OK ငါမြေး ရေချိုး အဘိုးဒီမှာစောင့်နေမယ် ''
YOU ARE READING
သခင်လေးရဲ့ကချေသည်
General Fictionအချစ်ဆိုတာဘာလဲ တကယ်တော့အချစ်ဆိုတာ ကျားမရွေးချယ်ခြင်းနဲ့လည်းမဆိုင်ဘူး ဘဝအနိမ့်အမြင့်နဲ့လည်းမဆိုင်ဘူး တကယ်တော့ အချစ်ဆိုတာ အကြောင်းပြချက်ကိုမရှီဘူး အကြောင်းပြချက်မရှီပဲ ကျွန်တော်ရဲ့အစေခံကို ကျွန်တော်အရမ်းချစ်တယ်