Part 5

8.7K 589 7
                                    

သခင်လေးရဲ့ကချေသည် 

အပိုင်း ၅

   မနက်စာထမင်းစားချိန်မှာ မျက်နှာမကောင်းတဲ့
နေမခကို ဦးချမ်းသာမြင်ပြီး မေးလိုက်သည်။

"မြေးငယ်စားလို့မကောင်းဘူးလား
မျက်နှာလည်းမကောင်းဘူး '

"ကောင်းပါတယ်အဘိုး''

ဇွဲထက်နိုင် နေမခကိုကြည့်လိုက်ပြီးပြုံးသည်။

"အဖိုးကျွန်တော်တစ်ခုခွင့်တောင်းချင်လို့ ''

"အင်းပြောလေ မြေးကြီး ''

"ကျွန်တော်ပြန်ရောက်တဲ့ အထိမ်းအမှတ်တစ်ခု
အနေနဲ့ အပန်းဖြေဟိုတယ်တစ်ခုမှာ ပါတီပွဲလုပ်ချင်တယ်အဘိုး သူငယ်ချင်းတွေအပါအဝင်ဝန်ထမ်းတွေနဲ့ပါ အကောင်းဆုံးပွဲကိုကျင်းပချင်တယ် ''

"အပန်းဖြေဟိုတယ်တွေကအများကြီး
ဘယ်အပန်းဖြေဟိုတယ်မှာလုပ်ချင်နေတာလဲ ''

"ပြည်ဦးလွင်မှာလုပ်ချင်တဟ် ကျွန်တော်တို့အဲ့မှာ
တညဘဲအိပ်မှာပါအဘိုး နေလင်းကမရှီဘူးဆိုတော့ နေမခကိုခေါ်သွားချင်တယ် အဘိုး "

"ညီအစ်ကိုတွေဘဲသွားရမှာပေါ့ ဝန်ထမ်းတွေလည်းအရမ်းပျော်သွားမယ့်ကိစ္စဘဲ ပြည်ဦးလွင်ကို
သားငယ်လည်းမရောက်တာကြာပြီး
ဝန်ထမ်းတွေကို ဂရုမစိုက်မိသလို့ဖြစ်နေတယ်
သားငယ်လိုက်သွား''

    ဦးထက်ယံသားဖြစ်သူကိုပြောလိုက်သည်။

''အဖေမြေးကြီးက အရမ်းတော်တယ်နော်
သူများမစဉ်းစားတာကို စဉ်းစားမိတယ် ''

ဒေါ်စံပယ်က ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်၏။

"အားလုံးထောက်ခံနေမှတော့ခွင့်ပြုရမှာပေါ့
တကယ်ဆို ငါ့မြေးငယ်နဲ့တစ်ရက်ခွဲပြီး
နေချင်တာမဟုတ်ဘူး ''

"အဘိုးနဲ့လည်း ကျွန်တော်လည်းမခွဲချင်ဘူး 
ကျွန်တော့်မလိုက်တော့ဘူး အစ်ကို''

  နေမခအကင်းပါးစွာငြင်းဆန်လိုက်သည်။

"သားငယ်!  ''

"အဟွတ်..ဟွတ်
ကျွန်တော်နေသိပ်မကောင်းချင်ဘူး "

   နေမကောင်းတာကိုအကြောင်းပြပြီးရအောင်ရှောင်ထွက်ချင်တယ်ပေါ့ နေမခ ဒီလိုဘယ်ရမလဲ

သခင်လေးရဲ့ကချေသည်Where stories live. Discover now