Simple

8K 392 18
                                    


ကျွန်တော်ဟာ ကျွန်တော့်ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်း
ချင်တဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပင် ဖြစ်သည်
မနက် အတန်းသွားတတ်တယ် ပြန်လာတယ်
ကျွန်တော့် အားလပ်ချိန် အများစုဟာလည်း ပျင်းရိစွာပဲကုန်
ဆုံးတတ်တယ်...

ထိုပျင်းရိဖွယ်အချိန်တွေဟာ သူငယ်ချင်းတစ်သိုက်ကောင်းမှု
ကြောင့် ပျက်စီးရပြီ... အင်း ဘယ်လိုပြောရမလဲ
လှပစွာ ပျက်စီးခြင်းပေါ့ဗျာ

ကျွန်တော်တို့ ကျောင်းကနတ်ဘုရားမလေးက ကျွန်တော့်
ကိုပြုံးပြသွားတာ...
လှလိုက်တဲ့ အပြုံး... သူမပြုံးတဲ့အချိန် နေရောင်ခြည်တွေ
ဟာသူမ အတွက်ပဲ တောက်ပပေးနေသလို...

ကျွန်တော်ဟာ အညတရ ကျောင်းသားတစ်ယောက်မို့
သူမအချစ်ကို မမျှော်မှန်းပေမယ့် ဖွင့်ပြောခဲ့မိတယ်
ထူးဆန်းစွာပင် သူမကလဲ ကျွန်တော့်ကိုလက်ခံခဲ့တယ်လေ

ကျွန်တော့်အပျော်တွေဟာအတားအဆီးမရှိပေါ့...
သူမခေါ်တဲ့ အချိန် အကူအညီတောင်းတဲ့အချိန် ပျော်ပျော်
ကြီးကို လုပ်ပေးမိတာပဲ...
သူမအတွက်လုပ်ပေးနေရတာကိုက ကျွန်တော့်အတွက်
ဂုဏ်ယူစရာများသကဲ့သိုပင်ဖြစ်သည်

ဒီနေ့ ကျွန်တော် သူမကို suprise လုပ်ဖို့ တမင်ချိန်းထား
တာကို ဖျတ်ခဲ့သည်
အခုသူမကိုတွေ့ဖို့ သူမကြိုက်တဲ့ နှင်းဆီနီပန်းစည်းကြီးနှင့်
အချိန်ပိုင်းအလုပ်များစွာ လုပ်ပြီးမှရလာသည့် သူမလိုချင်
ပါသော အကောင်းစားရေမွှေးပုလင်းကို သေသပ်စွာ
ထုတ်ထားသည့် ပန်းရောင်အိတ်လေးသည် ကျွန်တော့်
လက်အပြည့်နေရာယူထားတော့သည်

ကျွန်တော်သူမကိုတွေ့ပြီ...
အနီရောင် ဂါဝန်လေးနှင့် လှချင်တိုင်းလှနေသော သူမမှာ
သူမသူငယ်ချင်းများနှင့် Cafe တစ်ခုထဲတွင်ထိုင်ကာ
စကားပြောနေကြသည်

"ဟဲ့ ချင်ချင် နင်ဟိုကောင်လေးကို ဘယ်တော့ဖြတ်မှာလဲ''

'ဟိုကောင်လေး??? ငါ့ကိုပြောတာလား...'
သူမတို့စကားသံများပိုမိုကြားရရန် အနားကပ်သွားမိသည်
ထောင့်ဆုံးဝိုင်းတွင်ထိုင်နေကြသော သူမတို့မှာ ပြတင်းအကာ
နားရောက်နေသော ကျွန်တော့်အား မြင်ကြဟန်မတူ

The Extra Person who always want to die(Own Creation)Where stories live. Discover now