Zawgyi
မြို့လယ်ခေါင်ရှိ အဆင့်မြင့်Hotel တစ်ခုသည် ယခင်ရက်များနှင့်တူညီစွာ အသက်ဝင်နေသော်လည်း ယခုအချိန်တွင် ပို၍ပင်လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကို Hotelအတွင်းရှိ ဝန်ထမ်းများ၏အမူအယာများအားအကဲခတ်ရုံဖြင့် မည်သူမဆိုသိနိုင်လောက်အောင် စနစ်ကျသေသပ်လွန်းနေသည်
တိုးညှင်းသော Classical Music အသံသည် ပွဲအတွင်းရှိလူအများအား နွေးထွေးစေချင်သလို လှုံ့ဆော်နေသောကြောင့် ပွဲတတ်ရောက်သော လူအများမှာလည်း တူရာအစုစုဖြင့် အပြုံးကိုယ်စီ စကားပြောနေကြသည်
ထိုအပြုံးတို့သည် အစစ်အမှန်သည်လော အတုအယောင်သည်လော တီးတိုးဆိုနေသည့်စကားများသည် ဂီတသံကို ချီးကျူးနေသည်လော အချင်းချင်း မြှောင့်ပင့်နေကြသည်လော ပွဲကျင်းပသူအကြောင်း မေးမြန်းနေသည်လော မည်သည်ပင်ဖြစ်စေ ထိုအရာများတွင် အစစ်အမှန်ဟူသည်ရှိမည်မဟုတ်ကြောင်း ကိုယ်စီကိုယ်ငှ သိနေကြသည်
အသာအယာထွက်ပေါ်လာသည့် ဂီတသံ တစ်ခါတစ်ရံထွက်လာသည့် ဝိုင်ခွက်များ၏ထိခတ်သံ သက်ဝင်လှုပ်ရှားနေသော ထိုပတ်ဝန်းကျင်နှင့်မသတ်ဆိုင်ဟုပင်ထင်ရလောက်သည့် တိတ်ဆိတ်ငြိမ်သက်နေသော အခန်းအတွင်းတွင် ကျောကိုတစ်သတ်မက်တည်းဖြောင့်ကာရပ်နေသည့် တစ်စုံတစ်ယောက်ရှိနေသော်လည်း တိတ်ဆိတ်နေမှုသည် အခန်းအားအေးခဲနေသည့်အသွင်ဆောင်နေသည်
ထိုအချိန် စည်းချက်ကျသည့် ဒေါက်ဖိနပ်သံနှင့်အတူ တစ်ချက်ကြည့်ရုံနှင့်ပင် အထက်တန်းကျသည်ကိုညွှန်းဆိုနိုင်မည့် အမျိုးသမီးတစ်ယောက် အခန်းအတွင်းဝင်ရောက်လာသည် ရပ်နေသည့်လူမှာလည်း မျက်စံများ လှုပ်ခတ်သွားခြင်းမှအပ အမူအယာမပြောင်းမလဲနှင့်ပင် ထွင်းဖောက်မြင်နေရသည့် မှန်ကိုဖြတ်ကာ အဝေးသို့ငေးနေသည် မည်သည်အရာမှ အနှီလူအားစိတ်ဝင်တစားဖြစ်စေခြင်းမရှိသကဲ့သို့ပင်
" အစီအစဉ်မှူးခေါ်တာနဲ့ ရှေ့ထွက်"
စကားသံတွင် နွေးထွေးမှုတို့မည်သည်မရှိ ချစ်မေတ္တာဟူသည်တိမ်ကောနေဟန်ဖြင့် တစ်စိုးတစ်စိမျှမပါဝင်ပါဘဲ အမိန့်ပေးနေသည့်ဟန်ရှိသည့် ထိုအမျိုးသမီးသည် အန်းအင်ပါယာဟုလူသိများသော တနည်းအားဖြင့် အန်းGroup ၏ပဲ့ကိုင်ရှင် အမှန်ဧကန် သူ၏မိခင်ပါပေ
YOU ARE READING
The Extra Person who always want to die(Own Creation)
Romance''အားးးး ဇာတ်လိုက်ကငါ့ကိုကြည့်နေပြီ..ငါ့ကိုသတ်တော့မယ်ထင်တယ်'' ''ဇာတ်လိုက်မင်းသား... စာသားတွေ မှားပြောနေပြီ.... ငါ့အသက်လေးနဲ့ငါ ဝေးရတော့မယ်ထင်တယ်'' '' ဇာတ်လိုက် ကငါ့ကိုပြုံးပြနေတယ်...ဒီနေ့က ငါ့နောက်ဆုံးနေ့များလား'' ဇာတ်လိုက် '' ကျိုးအာ.....'' '' ဇာတ...