Zawgyi ver
"ယွင်လန် ထရမဲ့အချိန်ရောက်ပြီ"နဖူးထက်နွေးထွေးမှုနှင့်အတူ ချိုမြိန်သောအသံသည် ကျောက်ယွင်လန်နားထဲ တိုးဝင်လာသည်။ ယွင်လန်မျက်လုံးမဖွင့်သေးဘဲ ရှန်ဝေလက်ကိုယူကာ ပါးတွင်ကပ်ထားလိုက်သည်။ပြီးမှခပ်အေးအေးလေသံဖြင့် ရှန်ဝေ့အားမေးလိုက်သည်
"Babyဒီနေ့ကဘာနေ့လဲသိလား"
"ဟင်"
မျက်လုံးလေးဝိုင်းကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်နေသော ရှန်ဝေ့ကိုကြည့်ကာ ယွင်လန်အသည်းယားမိသည်။ အနေအေးလွန်းသော သူ့မိန်းမလေးကချစ်သူများနေ့ကို မသိတာမဆန်းပါဘူးလေ..."Babyကလဲ ဒီနေ့ကချစ်သူများနေ့လေ ကိုယ်တို့လျှောက်လည်ရအောင်လေ နော်"
ရှန်ဝေသက်ပြင်း အသာချမိသည်
"ကျွန်တော်လူများတဲ့နေရာတွေ မနှစ်သက်တာခင်ဗျားသိပါတယ် ယွင်လန်"
ကျောက်ယွင်လန်က ထိုအဖြေကိုခန့်မှန်းပြီးသားမို့ အတွေးများမနေပဲ ချက်ချင်းစောဒကတတ်သည်။
"ကိုယ်သိပါတယ် babyကလူများတဲ့နေရာတွေမနှစ်သက်မှန်း ဒါပေမဲ့ဒီနေ့ကချစ်သူများနေ့လေ ကိုယ်ကbabyနဲ့အတူအမှတ်တရတွေဖန်တီးချင်တာ ကိုယ်မနေ့ကတည်းကားကိုဆီအပြည့်ဖြည့်ထားပြီးပြီ ဘဏ်ကတ်ထဲလဲပိုက်ဆံထည့်ထားပြီးပြီ သွားလို့ကောင်းမဲ့နေရာတွေလဲစုံစမ်းထားတယ် ဒီနေ့တော့ကိုယ့်ကိုအလိုလိုက်ပေး..."
"ခင်ဗျားကပြင်ဆင်ပြီးသားပဲ ကြည့်ရတာကျွန်တော်ငြင်းလို့ မရတော့ဘူးနဲ့တူပါတယ်ကျွန်တော်မနက်စာပြင်ထားတယ် စားပြီးရင်သွားကြတာပေါ့"
"Babyကအကောင်းဆုံးပဲ"
ဆိုတဲ့အသံနှင့်အတူ ပါးပြင်ထက်ကနွေးထွေးမှုကို ရှန်ဝေခံစားလိုက်ရသည်။ တစ်ချိန်တည်းလိုပင် ပါးနှင့်နားရွက်ဖျားတွေနီလာကာ အပြုံးနုနုတစ်ခုက ရှန်ဝေ့မျက်နှာထက်တွင် လှပစွာနေရာယူသွားသည်။ကျောက်ယွင်လန် အဝတ်လဲပြီးနောက် သွားဖို့အသင့်ဖြစ်နေပြီဖြစ်သည်။ ရှန်ဝေသည် ဝတ်နေကြ အနောက်တိုင်းဝတ်စုံနက်ပြာရောင် ဝတ်ထားသည်။ သို့သော် ယွင်လန်မျက်စိထဲတွင် ထူးထူးခြားခြားပိုကြည့်ကောင်းနေသည်။ အရင်နေ့တွေကလဲ ကြည့်ကောင်းသည်။ သို့သော် ဒီနေ့ပိုကြည့်ကောင်းသည်။
