🥰 part-16 🥰 (uni)

3.6K 150 0
                                    

lisaလဲရေမိုးချိုးအဝတ်အစားလဲပြီးအမြန်ပင်အောက်ထပ်ကိုဆင်းလာရသည်အောက်ရောက်တာနဲ့ကမန်းကတန်းနဲ့ဧည့်ခန်းထဲဝင်သွားလိုက်သည်... ဧည့်ခန်းထဲဝင်ဝင်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စိတ်ထဲမကောင်းလှ...ဆိုဖာပေါ်တွင်ထိုင်နေသောmommyပေါင်ပေါ်ခေါင်းလေးအုံးကာ ဒူးခေါင်းကွေးကွေးလေးနှင့်ပုဇွန်ထုပ်လေးလို အိပ်ပျော်နေသောကောင်းမလေးအားကြည့်လျက်ဂရုဏာသက်ရသည်...အရှေ့က စားပွဲပေါ်မှာလဲ ကြပ်ထုပ်တွေ ရေဇလုံနဲ့ရေခဲတွေပါတွေ့ရတော့ကို့ကိုယ်ကိုပဲ အပြစ်တင်မိသည် ဘယ်လောက်ငိုထားလဲမသိ တချက်တချက်အိပ်ပျော်နေရင်းက ရှိုက်ရှိုက်နေသည်...ပါးဖောင်းဖောင်းလေးနှင့်နှာခေါင်းထိပ်လေးမှာနီတာရဲလေးဖြစ်နေသဖြင့်...တော်တော်နှင့်ပင်ဒီခလေးမလေးအငိုမတိတ်ကြောင်းပြောစရာမလိုအောင်lisaတယောက်သိနေသည်...

lisa pov :::: { ကျမလဲဘယ်လောက်ကြာအောင်ငေးနေမိသည်မသိ mommyရဲ့ခပ်အုပ်အုပ်နဲ့ခေါ်သံကြားမှသတိပြန်ဝင်ကာအမြန်ထူးလိုက်တော့ momကနှုတ်ခမ်းပေါ်လက်ညှိုးတင်ကာတိုးတိုးပြောဖို့သတိပေးသည် ပြီးတော့ baeအားအပေါ်ထပ်ကကျမရဲ့အခန်းကိုခေါ်သွားပြီးသိပ်ဖို့ပြောလာတာကြောင့်သူမရဲ့နဖူးလေးကိုနမ်းကာ ပွေ့ချီလိုက်သည် ...gymဆော့ခြင်းရဲ့အကျိုးကျေးဇူးတွေလေ 😁 အိပ်ပျော်နေတဲ့ပေါက်စကိုကြည့်ပြီးအသည်းတယားယား အခုကျတော့လဲခလေးလေးကျနေတာပဲ ဒေါသကလဲကြီးလိုက်တာ 😚 }

lisa's mom :::: jenလေးကိုအခန်းထဲမှာသိပ်ပြီးရင်ပြန်ဆင်းလာခဲ့lisa...mommyတို့ပြောစရာရှိတယ်

lisa pov :::: { mommyအသံကခပ်ဆက်ဆက်မို့ကျမလဲ ' ဟုတ်ကဲ့ 'တစ်ခွန်းသာပြောပြီးအပေါ်ကိုတက်ခဲ့သည်...ဘာတွေစားထားလဲမသိတနှစ်ထက်တနှစ်ပိုလေးလာသလိုပဲ ဝက်ပေါက်စလေး 😁 ချစ်ဖို့ကောင်းလိုက်တာ မွမွ 😘 }

lisa လဲသူမ၏ကုတင်ပေါ်ကိုjennieအား အသာအယာချတော့ ဟိုပေါက်စလေးက တအင်းအင်း တအဲအဲဖြင့်ဟိုလှိမ့်ဒီလှိမ့်နှင့်ပြန်အိပ်မောကျသွားသည်... ငိုထားလို့ပင်ပန်းနေသည်ထင်နိုးတောင်မနိုးတော့... lisaလဲသူမရဲ့ပေါက်စကိုစောင်အပါးလေးခြုံပေးကာ အခန်းတံခါးကိုဖြေးညှင်းစွာပိတ်ပြီးအောက်ထပ်ကိုပြန်ဆင်းခဲ့သည်...အောက်ထပ်ရောက်တော့သူမ၏ချစ်လှစွာသောမိဘနှစ်ပါးကအဆင်သင့်ထိုင်စောင့်နေသည်လေ...ဧည့်ခန်းပေါက်ဝကနေ သွား ၃၂ ချောင်းဖြီးပြတော့....

ခ်ိဳ ၿမိန္ေသာအခ်စ္မ်ား ❣️ ( ချိုမြိန်သောအချစ်များ ❣️)Where stories live. Discover now