I'll Be Your Man - 15

7.7K 823 93
                                    

[ Unicode ]

ဒီနေ့တော့ Baekhyun တစ်ယောက်တည်းအိမ်ပြန်လာရသည်။
Chanyeolက အလုပ်ကိစ္စတွေမပြီးပြတ်သေးတာကြောင်​့ လာကြိုဖို့ အဆင်မပြေခဲ့ဘူး။

အိမ်ရောက်တော့ ရေချိုး အဝတ်အစားလဲပြီး အိမ်အောက်ထပ်ဆင်းလာခဲ့လိုက်သည်။

ညနေစောင်းမို့ အန်တီကြီးနှင့် ကောင်မလေးကတော့ မီးဖိုချောင်ထဲ အလုပ်ရှုပ်နေကြသည်။

"အော်... Baekhyunလေး... ဘာလိုချင်လို့လဲ"

အန်တီကြီးသည် Baekhyunကိုမြင်သည်နှင့် ပြာပြသလဲမေးလာသည်။
Baekhyun ခေါင်းသာခါပြလိုက်ရင်း....

"လုပ်စရာရှိတာ လုပ်ကြပါ
ကျွန်တော်က ပျင်းလို့ ဒီရောက်လာတာ"

ပြောရင်းနဲ့ ထမင်းစား စားပွဲဝိုင်းမှာဝင်ထိုင်လိုက်သည်။

"ဟိုအကိုလေးကပြောတယ်
ဒီက အကိုလေးနဲ့က လက်ထပ်ထားကြတာလား"

ကောင်မလေးရဲ့အမေးကြောင့် Baekhyunမှာ
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က Chanyeolဒေါသထွက်နေသောပုံလေးကို ပြန်မြင်ယောင်လာသည်။

ကောင်မလေးကိုကြည့်မိတော့လည်း သူနဲ့Chanyeolကြားက ဆက်ဆံရေးကိုအတော်စိတ်ဝင်စားနေသည့်ပုံပင်။

"Minaရယ်... ရှင်လေး ဒီအိမ်ရောက်နေတာဖြင့် တစ်ပတ်ပြည့်တော့မယ်
အခုထိ မသိဘူးလား
ကြည့်ရုံနဲ့တင် သိသာနေတာကို"

Baekhyun သဘောတကျ ကြိတ်ရယ်လိုက်မိသည်။
သူနဲ့ Chanyeolရဲ့ပုံစံက ကြည့်ရုံနဲ့သိသာစေတယ်တဲ့လား။

"သမီးက ညီအကိုတွေထင်နေတာ..."

အန်တီကြီးထံမှ 'ဟယ်...ပေါက်ပေါက်ရှာရှာ'ဆိုသော စကားသံကြီးနှင့် Baekhyunရဲ့ ရယ်သံတို့ဟာ ထမင်းဟားခန်းလေးအတွင်းပျံ့နှယ့်လာသည်။

"ဟိုး တစ်ရက်က Chanyeolစိတ်တိုလာသေးတယ်
ဒီက...Mina shiက ကျွန်တော့်ကညီလေးကို တအားချစ်ပုံပဲဆိုပြီး ပြောလိုက်လို့တဲ့လေ"

Chanyeolရဲ့ ဆူပုတ်ပုတ်မျက်နှာလေးကို ပြန်မြင်ယောင်ရင်း Baekhyunမှာ ရယ်ချင်နေရသည်။

"ဟယ်... အတော်စိတ်ဆိုးသွားတာလား"

အန်တီကြီးသည် သူ့တူမလေးအား စိတ်ကွက်သွားမည်ကို စိုးရိမ်နေပုံရသည်။

~ I'll Be Your Man ~ Where stories live. Discover now