I'll Be Your Man - 34

7.9K 948 52
                                    

[ Zawgyi ]

Chanyeolရဲ့အမျိုးသား‌ပေါက်‌စ‌လေးသည်‌ အခုတ‌လော Chanyeolနားကပ်‌‌နေရတာကို သ‌ဘောကျ‌နေဟန်‌ရှိသည်‌။ အရင်‌က‌တော့ ကုမ္မဏီလာဖို့အာ‌ပေါက်‌မတက်‌ညှိယူခဲ့ရသည့်‌သူက အခု‌တော့ဖြင့်‌ သူကိုယ်‌တိုင်‌ လိုက်‌ခဲ့ချင်‌သည်‌ဟုပူဆာ‌နေ‌လေသည်‌။

‌ယောကျာင်္း‌လေးအားကြွားလုံးထုတ်‌ချင်‌ရင်‌‌တောင်‌ သူ့အပိုင်‌ဆိုသည့်‌အ‌နေအထားနှင့်‌ကြွားချင်‌‌နေ‌သော Chanyeolက‌တော့ Baekhyunရဲ့ပုခုံးအားဖက်‌ကာဖြင့်‌ ကုမ္မဏီထဲသို့ မျက်‌နှာ‌မော့ ရင်‌‌ကော့ကာဝင်‌လာသည်‌မှာ ‌လေးရက်‌ရှိပြီဖြစ်‌သည်‌။

Baekhyunလိုက်‌လာသည့်‌ ‌‌ရှေ့သုံးရက်‌က‌တော့ Chanyeolရုံးခန်းထဲ ၀န်‌ထမ်း‌တွေတစ်‌‌ယောက်‌ပြီး တစ်‌‌ယောက်‌ကို အ၀င်‌အထွက်‌များခဲ့သည်‌။ စာရင်းကိုင်‌‌တွေကိုယ်‌တိုင်‌ကိုယ်‌ကျ စာရင်းနှစ်‌ချုပ်‌‌တွေလာပြကြသည်‌မှအစ၊ သန့်‌ရှင်း‌ရေးဝန်‌ထမ်းအချို့ ‌ယောင်‌လည်‌လည်‌ဖြင့်‌ သန့်‌ရှင်း‌ရေးလာလုပ်‌ကြသည်‌က အဆုံးဖြစ်‌သည်‌။ အရင်‌က တစ်‌ရက်‌ နှစ်‌‌ရက်‌မျှသာ‌ရောက်‌ဖူး‌သော Baekhyunကို မ‌တွေ့လိုက်‌ရသူများက အခု‌တော့ရက်‌ဆက်‌တိုက်‌ပင်‌ CEOရဲ့အမျိုးသား‌လေးရုံးခန်းထဲ‌ရောက်‌‌နေပြီဆိုသည်‌နှင့်‌ မြင်‌ချင်‌ကြ၍ တက်‌ကြွ‌နေကြပြီဖြစ်‌သည်‌။ အ‌ကြောင်းအရင်းက‌တော့ "J.Park CEO Park Chanyeolနှင့်‌ သူ၏လက်‌တွဲ‌ဖော်‌Park Baekhyunတို့ တစ်‌နှစ်‌တာလုပ်‌ငန်းရှင်‌ဂုဏ်‌ပြုပွဲအားတက်‌‌ရောက်‌"ဆိုသည့်‌ ‌သတင်း‌ခေါင်းစဉ်‌နှင့်‌၊ Baekhyun၌ J.Park၏ ဆက်‌ခံသူ‌လေးရှိ‌နေပြီဖြစ်‌‌ကြောင်း သတင်းတို့က အ‌တော်‌‌လေး‌ရေပန်းစား‌သွားခဲ့သည်‌မဟုတ်‌လား။ သတင်း‌တွေထဲ မြင်‌ရ‌သော Baekhyun၏ ရုပ်‌ရည်‌သွင်‌ပြင်‌‌ကြောင့်‌ ပိုပြီးစိတ်ဝင်‌စားတဲ့သူ‌တွေရှိသကဲ့သို့၊ CEO Parkနှင့်‌ယှဉ်‌တွဲရှိ‌နေသည်‌ကို စိတ်‌ဝင်‌စား‌နေကြ‌သော သူများလည်းရှိ‌လေသည်‌။

Chanyeolက‌တော့ ထုတ်‌မ‌ပြောပင်‌မဲ့ အ‌တော်‌ကို သ၀န်‌တို‌နေရသည်‌။ Appa၏ ကုမ္မဏီခွဲကို ဦးစီးရမည်‌ဆိုကတည်းက ဒီလို‌ကျော်‌ကြားမှု‌တွေရှိလာမှာကို သူသ‌ဘောကျခဲ့သည်‌။ စီးပွား‌ရေးပိုင်းမှာ ပိုပြီးကျွမ်းကျင်‌လာလျှင်‌ တဆထက်‌တဆကျော်‌ကြားလာမှာကို သူလိုချင်‌ခဲ့သည်‌။ ဆယ်‌‌ကျော်‌သက်‌အရွယ်‌ အရူးထပြီး‌တွေးခဲ့မိသမျှကို အခု‌တော့ဖြင့်‌‌နောင်‌တရချင်‌လာသည်‌။ တစ်‌‌ယောက်‌တည်းဖြစ်‌‌နေစဉ်‌က သိပ်‌ပြီးသတိမထားမိပင်‌မဲ့ Baekhyunပါယှဉ်‌တွဲပါလာသည့်‌အခါ သူရဲ့သ၀န်‌တိုမှု‌တွေဟာ မနည်းထိန်းချုပ်‌ထားရသည့်‌အ‌နေအထား‌ရောက်‌လို့‌နေပြီ။

~ I'll Be Your Man ~ Where stories live. Discover now