လေလို

4.8K 270 19
                                    

Zawgyi ::

ဘာကိုမွ မဆုပ္ကိုင္ခ်င္ေတာ့ဘူး။

ဘယ္အရာမွမၿမဲမွန္းသိေနသားနဲ႕ ဖမ္းဆုပ္ဖို႔ႀကိဳးစားရတာ တကယ္ကိုေမာတယ္။ ဒီရက္ေတြမွာ ပင္ပန္းလွၿပီ။ ရရွိဖို႔ႀကိဳးစားေလ၊ ပို လြတ္က်လာေလနဲ႕ ဘာကိုမွ မထိရဲေတာ့တဲ့ စိတ္တခ်ိဳ႕နဲ႕။

ေလလြင့္ေနခ်င္တယ္ ...
ဟိုးမွာ ျမင္ေနရတဲ့ သစ္႐ြက္ကေလးလို။

ေႂကြက်က်၊ ေလအေဝွ႕နဲ႕ပါပါ ေရာက္တတ္ရာရာမွာပဲ အဆင္ေျပသလို အေျခခ်ခ်င္ေတာ့တယ္။

တစ္စုံတစ္ေယာက္ လာရွာမလားလို႔ ဟန္ေဆာင္မပုန္းခ်င္ေတာ့ဘူး။ Social Network တစ္ခုမွာ ေပ်ာက္ကြယ္ျပၿပီး တစ္ေယာက္ေယာက္လိုက္ရွာတဲ့အခါအဆင္သင့္ေတြ႕နိုင္ေအာင္ ေနာက္ SNS တစ္ခုမွာ ဟန္ေရးမျပခ်င္ေတာ့ဘူး။ တစ္ဦးတစ္ေယာက္မ်ား ေရာက္လာခဲ့ရင္ ငါမရွိရင္ ဘယ္ႏွယ့္လုပ္မလဲဆိုၿပီး ေနာက္ဆံတတင္းတင္း ေပ်ာက္ကြယ္ရျခင္းေတြကို မုန္းတယ္။ တစ္ခ်ိန္တည္းမွာပဲ အဲဒီတစ္စုံတရာကို ထိုင္ေစာင့္ေနမိေသးတယ္၊ မလာမွန္း သိသိရက္ေလ။

စိတ္အေလအလြင့္နဲ႕ပါပဲ။ ေခါင္းကိုက္ေနတာ စိတ္ေၾကာင့္လား၊ လူေၾကာင့္လား ေသခ်ာမသိေတာ့ဘူး။ ေမွ်ာ္လင့္ျခင္းနဲ႕ ေဝးလိုၿပီ။ ေက်ာက္ခ်တဲ့ေနရာမွာလည္း မၿမဲခ်င္၊ အေဝးကိုလည္း ေလွာ္ခတ္မသြားနိုင္တဲ့ ဘဝကေန ကြၽတ္ခ်င္ၿပီ။

ဘဝကိုေလ ...

အမွီအတြယ္မရွိ ဆုတ္ခြါသြားခ်င္ပါၿပီ။

Ei Khaing Mon
3rd DEC 2019

Unicode

ဘာကိုမှ မဆုပ်ကိုင်ချင်တော့ဘူး။

ဘယ်အရာမှမမြဲမှန်းသိနေသားနဲ့ ဖမ်းဆုပ်ဖို့ကြိုးစားရတာ တကယ်ကိုမောတယ်။ ဒီရက်တွေမှာ ပင်ပန်းလှပြီ။ ရရှိဖို့ကြိုးစားလေ၊ ပို လွတ်ကျလာလေနဲ့ ဘာကိုမှ မထိရဲတော့တဲ့ စိတ်တချို့နဲ့။

လေလွင့်နေချင်တယ် ...
ဟိုးမှာ မြင်နေရတဲ့ သစ်ရွက်ကလေးလို။

ကြွေကျကျ၊ လေအဝှေ့နဲ့ပါပါ ရောက်တတ်ရာရာမှာပဲ အဆင်ပြေသလို အခြေချချင်တော့တယ်။

တစ်စုံတစ်ယောက် လာရှာမလားလို့ ဟန်ဆောင်မပုန်းချင်တော့ဘူး။ Social Network တစ်ခုမှာ ပျောက်ကွယ်ပြပြီး တစ်ယောက်ယောက်လိုက်ရှာတဲ့အခါအဆင်သင့်တွေ့နိုင်အောင် နောက် SNS တစ်ခုမှာ ဟန်ရေးမပြချင်တော့ဘူး။ တစ်ဦးတစ်ယောက်များ ရောက်လာခဲ့ရင် ငါမရှိရင် ဘယ်နှယ့်လုပ်မလဲဆိုပြီး နောက်ဆံတတင်းတင်း ပျောက်ကွယ်ရခြင်းတွေကို မုန်းတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီတစ်စုံတရာကို ထိုင်စောင့်နေမိသေးတယ်၊ မလာမှန်း သိသိရက်လေ။

စိတ်အလေအလွင့်နဲ့ပါပဲ။ ခေါင်းကိုက်နေတာ စိတ်ကြောင့်လား၊ လူကြောင့်လား သေချာမသိတော့ဘူး။ မျှော်လင့်ခြင်းနဲ့ ဝေးလိုပြီ။ ကျောက်ချတဲ့နေရာမှာလည်း မမြဲချင်၊ အဝေးကိုလည်း လှော်ခတ်မသွားနိုင်တဲ့ ဘဝကနေ ကျွတ်ချင်ပြီ။

ဘဝကိုလေ ...

အမှီအတွယ်မရှိ ဆုတ်ခွါသွားချင်ပါပြီ။

Ei Khaing Mon
3rd DEC 2019

ငေးနေတဲ့ မိန်းမWhere stories live. Discover now