Under The Sky

1.2K 229 18
                                    

ငလျှင်ဒဏ်ကို စောင့်နေရင်းပဲ တဖြည်းဖြည်းအိပ်ပျော်သွားကြတဲ့ မိသားစုတွေကို ငေးကြည့်ရင်း လက်ထဲက ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်လိုက်သည်။

ဆရာလဲ ဖုန်းမဆက်ပါလား....

တကယ်ပဲ ဂရုမစိုက်တာလား ဆိုသော ဝမ်းနည်းစိတ် ကို လျစ်လျူရှု့ရင်း ကောင်းကင်ကို  မော့ကြည့်လိုက်သည်။ တကယ်ဆို အခုလို အတွေးတွေ ဝင်နေဖို့ ကျွန်တော် မတန်ပါ။
ဆရာ တို့ မိသားစုက ဆရာတို့မိသားစုပါပဲ...
မွေးစားသားဆိုပေမယ့် တပည့်နေရာမှာပဲ ဆရာထားသည်ကို ကျွန်တော် သိသည်။

အတော်အတန်ခြားထားသော စည်းကို ကျော်ပြီးများ ကျွန်တော် ဆရာအပေါ်မပြစ်မှား သင့်ပါ။ ဒီလောက် အရွယ်ထိ စောင့်ရှောက်ပေး ခဲ့တာနဲ့တင် ဆရာ ကို အတော်ကျေးဇူးတင်စရာ ကောင်းနေပြီ မဟုတ်လား...။

အတူတူပါလာတဲ့ တာဝန်ကျဆရာဝန် တချို့ကပင်
ပင်ပန်းလွန်းလို့ အိပ်မောကျနေပေမယ့် တမြို့လုံးမှာ ကျွန်တော်တယောက်ပဲ အသက်ရှင်နေသလို ခံစားနေရသည်။

လူနေနည်းသော မြို့လေးဖြစ်လို့ ငလျင်ဒဏ်စတာနဲ့ မြို့က ထွက်သွားကြတဲ့ သူတွေရှိသလို ၊ လက်ထဲဘာမှမရှိ၍ ဒီနေရာမှာပဲ
ကြိတ်မှိတ်နေရသော သူတွေလဲရှိသည်။

ပြောရရင် အခု ဒီနေရာမှာ ကျန်ခဲ့တဲ့သူတွေပေါ့။

အာဖရိက ရဲ့ အစွန်ဆုံး အသေးဆုံးမြို့ဟု ကြားထားသည်က လွဲ၍ ကျန်တာ ဘာမှမသိခဲ့ပဲ
ရောက်ခဲ့ရခြင်းဖြစ်သည်။

ဒီတောကိုသာ ကျော်ရင် ဘာရှိမလဲဆိုပြီးသော
ရူးကြောင်ကြောင်အတွေးလေးလဲ တိတ်တိတ်ကလေး ရှိခဲ့သည်။

တော ဆိုမှ... ညနေက ဟိုလူဖြူ ...

တာဝန်ကျ ဆရာဝန်တယောက် အသဲအသန်လာခေါ်လို့ လှည့်ပင်မကြည့်နိုင်ပဲ ထွက်လာခဲ့ရသည်မို့ နှုတ်တောင်မဆက်လိုက်
ရပေ။

ညနေက ထိုင်နေခဲ့တဲ့ နေရာကို သွားကြည့်ရန်တွေးလိုက်ပေမယ့် မှောင်နေသော ပတ်ဝန်းကျင်ကြောင့် ဘက်ထရီ ကုန်သွားသော ဖုန်းကိုသာ အပြစ်တင်ပြီး လက်လျော့ကာ ထိုင်ခုံတန်းလေးပေါ်မှာပဲ တစောင်းလှဲချလိုက် တော့သည်။

Under The Sky {COMPLETED}Where stories live. Discover now