တာဝန်ကျဆရာမတွေနဲ့ စားသောက်ဖို့ ဝိုင်းကူလုပ်ပေးနေတုန်း ဒေသခံတွေနဲ့ စကားထိုင်ပြောကာ ရယ်နေကြတဲ့ ဆရာဝန် တချို့ဆီ လျှောက်သွားလိုက်သည်။
ကျွန်တော်လာတာမြင်တော့ ဂျူနီယာလေးတွေ
က နေရာဖယ်ပေးကြသည် ကို လက်ကာပြရင်း ဘေးက ခုံလေးမှာ ဝင်ထိုင်လိုက်သည်။ဒေသခံလူမည်းတယောက်က သူတို့နေထိုင်တဲ့ ဒီနေရာက ဘယ်လိုဖြစ်ကြောင်းပြောပြနေသည်မို့
စိတ်ဝင်တစား ဝင်နားထောင်မိသည်။"လူစည်ကားတယ်လို့လဲ မဟုတ်ပါဘူး ဒီအတိုင်း မြို့သေးလေးပါပဲ...ဒီတော ကျော်ရင်တော့ ပင်လယ်တခုရှိတယ် သိပ်လှလို့ အရင်က လူတွေလာကြပေမယ့်လဲ လွန်ခဲ့တဲ့ ၂လလောက်
က ပင်လယ်ထဲကို လေယာဉ်ပျက်ကျသွားတယ်..
အဲ့ကတည်းက ဒီနေရာက လာလို့မသင့်တဲ့ နေရာဆိုပြီး ပြောကြတော့တာ ""လေယာဉ်ပျက်ကျတော့ အသက်ရှင်တဲ့ သူမရှိဘူးပေါ့ ?"
ထိုအမျိုးသားက ကတုံးသာသာ ဆံပင်တွေကို ပွတ်သပ်ရင်း ခေါင်းအသာခါသည်။
"လာတော့ ကြည့်ကြသေးတယ် ပင်လယ်ထဲ တိုက်ရိုက်မြုပ်သွားပုံ အရ ရှင်တဲ့ သူမရှိဘူးထင်ပါတယ် "
နေ့လည်က တွေ့ခဲ့တဲ့ ဟိုလူဖြူ ကရော လေယာဉ်နဲ့ များ ပါလာသလား....
စားပွဲခုံကို တတောက်တောက်ခေါက်ရင်း
အရိပ်အခြေကြည့်ကာ ထိုလူကိုမေးလိုက်သည်။"ဒီမှာ လူဖြူတယောက်ရှိနေတာ သိလား "
ဘေးက ဂျူနီယာလေးတွေရော ထိုလူမည်း တွေကပါ ကျွန်တော်ရှိရာဆီသို့ လှမ်းကြည့် လာသည်။ မျက်ခုံးတွေကို ကျုံ့ပြီး မဖြစ်နိုင်သလို ခေါင်းခါပြရင်း ခပ်သောသောရယ်သည်။
"ဒီနေရာမှာ ရှိတာ ပြောရရင် ဒီလူအကုန်ပဲဗျ... လူဖြူဆိုလို့ ဆရာတို့ပဲ ရှိမယ်ထင်တယ်... မမြင်ဖူးဘူး ကျွန်တော်တော့..."
သူပြောတာလဲ ဟုတ်လောက်မည်။ ဟိုလူဖြူက
တအားသွက်လွန်းသည်။ တောထဲမှာပဲ လူမသိအောင်နေ နေပုံရသည်။ ငလျင်ပြီးလို့ လာခေါ်ရင်တော့ သူ့ကိုပါ တခါတည်းခေါ်သွား ရမည်။ တယောက်ထဲ ကျန်ခဲ့မှာတော့ ကျွန်တော်လဲ မလိုလားပါ...အနည်းဆုံးတော့ သူ့အိမ်ဖြစ်ဖြစ် ပြန်ပို့ရမည်။