နှလုံးသားမှဒဏ်ရာ
Part 1တရုတ်ပြည်နယ်မြောက်ဖျားပိုင်းရှိ ဖုန်းယံတိုင်းပြည်ရဲ့ဆောင်းညီညလေးတစ်ည....သစ်ပင်၊ပန်းပင်၊ပျေးငှက်များက အိပ်စက်နေပြီး ဆောင်းဦးလရဲ့ အအေးဒဏ်ကြောင့် အရာအားလုံးငြိမ်သက်နေတယ်။လေပြေတိုးဝေ့သံလေးကအစ ရဲ့ရဲ့ကြားနေရတယ်။တိုင်းပြည်ရဲ့ထောင့်စွန်း တစ်နည်းအားဖြင့်ပြောရရင် နယ်စပ်အနားက ရွဲ့ချင်မြို့လေးမှာပေါ့...
ရွဲ့ချင်မြို့ဟာ မြို့ကြီးမဟုတ်သလို မြို့ငယ်လဲ မဟုတ်ဘူး...သူဌေးတွေကုန်သည်တွေ တော်တော်များများကတော့ ရွဲ့ချင်မြို့မှာနေတာများတာပေါ့ဗျာ...ယခုညမှာ ရွဲ့ချင်မြို့က အခြားမြို့တွေလို တိတ်ဆိတ်မနေဘဲ လမ်းမအစ လမ်းကြားအထိ ဆီးမီးတွေ မီးပုံးတွေနဲ့ ထိန်လင်းလို့နေတယ်....ဒီနေ့က ရွဲ့ချင်ရဲ့ အကြီးမားဆုံး အလောင်းကစားပွဲရက်လေ
ဖုန်ယံတစ်တိုင်းပြည်လုံးရှိ သူဌေးတွေ၊သခင်လေးတွေ၊မင်းသားတွေ အမတ်တွေ စသဖြင့် အထက်လူတန်းစားတွေတောင် လာပျော်ပါး ကစားတဲ့အထိကို နမယ်ကြီးအောင်မြင်လှတယ်" ဖန်းလုံ မင်းကရမယ့် အချိန်ရောက်တော့မဟ် သေချာပြင်နော် ပရိသတ်တွေကို စိတ်မပျက်စေနဲ့ ကြားလား "
" ဟုတ်ကဲ့ပါ သခင်ဝူ "
ပွဲရုံရဲ့ နောက်နားရှိ အိမ်လေးမာ ပွဲတော် အတွက် ခြယ်သနေတဲ့ လူငယ်လေး ဖန်းလုံ....ဖန်းလုံရဲ့ နှုတ်ခမ်းဖူးတို့ဟာ ကြက်သွေးရောင်တောင် ရှက်သွေးဖြာလောက်တဲ့ အထိကို လှပတယ်....အသားအရည်ကလဲ မနက်ကောင်းကင်ကြီးကို အလှဆင်တဲ့ တိမ်ဖြူလေး ပမာ ဖြူဝင်းလှသည်....ကချေသည် ဖြစ်တာကြောင့် ခန္ဓာကိုယ်အချိုးအစားမှာလဲ သေးသွယ်လှတယ်.....
" ဖန်းလုံ ရလား ပုဝါတပ်လို့ရလား "
" မရဘူးဖြစ်နေတယ် မိန်ယောင် ငါ့ကူပေးစမ်းပါ "
" အေးပါ....အေးပါ... "
ဖန်းလုံမျက်နှာကို ပုဝါလေးကို စည်းပေးလိုက်တယ်။ပန်းနုရောင် ချည်ထည်လေးက အလယ်...နဂါးပန်းခက်ပုံစံကို သေသပ်စွာ ပုံပေါ်တယ်။ကြည့်ရတာ မိန်းမငယ်လေးသဖွယ်...လည်တိုင်တွင်လည်း ဆင်ယင်ထားတဲ့ အလှတန်ဆာကည်း ဖန်းလုံအလှကို ပေါ်လွင်အောင် ဆောင်ရွက်နေသည့်သဖွယ်....မိုးပြာရောင် ရိုးရာအကဝတ်စုံကလဲ အချိုးကျလှတဲ့ ဖန်းလုံခန္ဓာကိုယ်နဲ့ ကွက်တိ