The story of the guardian: ကိုယ်စောင့်နတ်ပုံပြင်

382 25 0
                                    

အပိုင်း ၂

အေဒီ၂၆၆. .

ကျင်းမင်းဆက်​​ခေတ်

ကျင်းဧကရာဇ်​နို​င်​ငံ​တော်​ကြီးသည်​ဘုရင်​Sima yan ၏အုပ်​ချုပ်​မှု​အောက်​တွင်​ သာယာစည်​ပင်​စွာလည်​ပတ်​လျက်​ရှိသည်​ Fei(ဖိန်း) မြစ်ဝှမ်းတိုက်ပွဲများမှလွဲ၍ အခြားသော စစ်မက်ဖြစ်ပွားမှုအင်မတန် နည်းပါးခြင်းကြောင့် ဧကရာဇ်၏ အုပ်ချုပ်​မှု ​ကောင်းမွန်​သည်​ဟု ချီးကျူးရပေမည် ထို့အတူနန်းတွင်းမှုးမတ် များသည်လည်း စစ်ရေးစစ်ရာနည်းဗျူ ဟာကောင်းမွန်ခြင်း ရဲစွမ်းသတ္တိရှိခြင်းနှင့် စစ်မဖြစ်အောင်ထိန်းချုပ်ကွပ်ကဲနိုင်ခြင်း စသည့် အရည်အချင်းမျာ့း ကြောင့် တိုင်းသူပြည်သားများ၏ အကောင်းမြင် ချီးမွမ်းခြင်းကို ခံရလေ့ရှိသည်

ထိုအထဲတွင် ဝမ်အိမ်တော် ၏ဂုဏ်သတင်းသည်လည်းလေဆန်သို့ပျံ့လျက်ရှိသည်
"崔,户,郑,王"(chui, hu,zheng,wang ) ဟူ​သော တရုတ်​လူမျိုးတို့ ၏ မျိုးရိုးကြီးလေးခု တွင် တစ်ခုအပါအဝင်ဖြစ်သော ဝမ်မျိုးရိုးမှဘုရင့်အတိုင်ပင်ခံအမတ်​ကြီး ဝမ်​​လော့ဟုန်​သည်​မိမိ မျိုးရိုးကိုအမြဲတစေဂုဏ်ယူလေ့ရှိပြီး လွန်စွာမှထိန်းသိမ်းစောင့်ရှောက်သူ တစ်ဦးဟု လူအများကအချီးမွမ်းထောပနာပြုကြသည်​.ဝမ်သခင်ကြီးတွင် ​ချော​မောလှပပြီး မာနမျက်​နှာထားနှင့်​အဆင့်​အတန်းမြင့်​မြင့်​​နေထိုင်​တတ်​သူ ဇနီး​ချော ဝမ်​ယွဲ့လျန်နှင့်​ ၇နှစ်​သားအရွယ်​သား​လေး ဝမ်​ရွှီယုံ တို့ပိုင်ဆိုင်ထားသည်။

ဝမ်မိသားစုမှာ တာအိုဘာသာကိုလေ့လာလိုက်စားသော်ငြား နတ်ဘုရားများအပေါ်ယုံကြည်ကိုးကွယ်မှုမှာအလွန်လေးနက်လှသည်။ကျယ်ပြန့်လှသောဝမ်အိမ်တော်၏ခြံဝန်းအတွင်းတွင် အမွှေးတိုင်မီးခိုးတလူလူနှင့် မိုးနတ်မြေနတ်လေနတ်ရေနတ် အစရှိသည့် နတ်ဘုရားအပေါင်း၏ကျောင်းဆောင်များနှင့် နတ်ကွန်းများကအစီအရီ
အိမ်တော်၏ မြောက်ဘက်စွန်းတွင်တော့ ဝမ်မျိုးရိုး၏ဘိုးဘေးစဉ်ဆက်ကိုးကွယ်သော နတ်ဘုရားမ ဝမ်မူနယန်နယန်(wang mu niang niang -highest goddess and is the wife of the Jade Emperor in Taoism. She commands all female gods and is also a god of happiness and longevity and has magic pills which can make people live forever. She owns a Heavenly Peach Garden in which magic peach trees grow. The peach can make people perpetually young) ၏ကြီးမားထည်ဝါလှသောကျောင်းဆောင်ကြီးကနေရာယူထားလေသည်။
ဝမ်အိမ်တော်ရှိအလုပ်သမားများမှာအဆိုပါနတ်ကွန်းများနှင့်ကျောင်းဆောင်များအားဖုန်တစ်စက်မတင်စေရန်နေ့စဉ် သန့်ရှင်းရေးလုပ်ကြရသည်။ တစ်ခါက မြေနတ်မင်း ၏ နတ်ကွန်းပေါ်တွင် ဖုန်တင်နေသည်ကိုဝမ်သခင်မစစ်ဆေးတွေ့ရှိသွားရာ ထိုနေ့က သန့်ရှင်းရေးလုပ်သူအလုပ်သမားအား လက်သန်းဖြတ်ကာ အလုပ်ထုတ်လိုက်သည်အထိ ဝမ်သခင်မ၏နတ်ဘုရားများအပေါ်ကိုးကွယ်ယုံကြည်မှုကပြင်းထန်လေသည်။

The Story Of The Guardian: ကိုယ်​​စောင့်​နတ်​ပုံပြင်​Where stories live. Discover now