The story of the guardian: ကိုယ်​​စောင့်​နတ်​ပုံပြင်

287 27 5
                                    

အပိုင်း ၃

"ဝုန်း".

"​ဟော သခင်​​လေး​ချော်​လဲပြီ"
ခြံထဲတွင်​ဆိုင်​ကယ်​အ​​သေးစား​လေးကိုပတ်​​မောင်း​နေ​သောရိ​ပေါ်​လေး ဆိုင်​ကယ်​အ​ကွေ့တွင်​လူ​ရောဆိုင်​ကယ်​ပါပစ်​လဲ​လေသည်​။

"အီး ဟီးဟီး ...အန်တီမိန်ချင်း "

ငိုယို​နေ​သောရိ​ပေါ်​ကြောင့်​ ပန်းပင်ရေလောင်းနေသောမိန်​ချင်းတစ်​​ယောက်​ ​ခြေမကိုင်​မိ လက်​မကိုင်​မိဖြစ်​ကာရိ​ပေါ်​လေးအား​ပြေးထူ​သည်

"အို သခင်လေးရယ် သခင်​​လေးကို အရမ်းမ​ဆော့ပါနဲ့လို့​ပြောထားတာကို အခု​တော့​ချော်​လဲပြီ ဖြည်းဖြည်း ထ အန်​တီမိန်​ချင်း တွဲ​ပေးမယ်​"

"အန်​တီမိန်​ချင်းက ဆူဖို့ပဲ.အီးဟီးဟီး"
ရိ​ပေါ်​လေးကအာဗြဲကြီးနှင့်​​အော်​ငို​​လေသည်​။
"ဟော သခင်​​လေးကိုမိန်ချင်း ​​ဘာမှမဆူရ​သေးဘူး​လေ သခင်​​လေးကလည်း..​"

ခြံထဲမှအသံများ​ကြောင့်​ ​ရှောင်းကျန့်​ ဖတ်​လက်​စစာအုပ်​ကိုချကာ မျက်မှန်ကိုပင့်တင့်လိုက်ပြီး အိမ်​​ရှေ့သို့သွားကြည့်သည်။

"မိန်​ချင်း ဘာတွေဖြစ်နေ? . .. "
ရှောင်းကျန့်​​ပြောလက်​စနှင့်​ပင်​ ဒူးနှင့်​တံ​တောင်​မှပွန်းပဲ့ဒဏ်​ရာများနှင့်​ ရိ​ပေါ်ကိုချီလာ​သောမိန်​ချင်းကို​တွေ့လိုက်​ရ​သော​ကြောင့်​ပြာပြာသလဲဖြစ်​သွားသည်​.​.
နှင်းကဲ့သို့ဖြူ ​ဖွေးဥနု​နေ​သော ရိ​ပေါ်​လေး၏အသားနုနုလေးပေါ်တွင်ပွန်းပဲ့ဒဏ်ရာကြောင့်သွေးစလေးများထွက်နေသည်မှာရှောင်းကျန့် ရင်ကိုမီးစနှင့်ထိုးလိုက်သကဲ့သို့
ငိုထားသောကြောင့်မျက်လုံးလေးများမှာဖောင်းအစ်ပြီးနှာခေါင်းလုံးလုံးလေးထိပ်မှာနီရဲနေသည်

"အိမ်တော်​ထိန်း​ရှောင်း .သခင်​​လေး​လေ  ခြံထဲမှာဆိုင်​ကယ်​ပတ်​စီးရင်း​ချော်​လဲလို့​ .မိန်​ချင်းဘာမှမ​ပြောရ​သေးတာကို ဆူတယ်​ဆိုပြီးငို​နေ​ရော"

"ကျန့်​ကျန့်​......အီးဟီးဟီး.."

ပြောကာမှ ရိ​ပေါ်က​ငိုယိုပြီး မိန်​ချင်းဆီမှအတင်းရုန်းဆင်းကာ ​​လက်နှစ်ဖက်ကိုဆန့်​တန်းပြီးေ​​​ရှာင်ကျန့်​ဆီထော့နဲ့နဲ့နှင့်​သွားဖို့ပြင်​သည်​။
ရှောင်းကျန့်ချက်ချင်း ပြေးသွားပြီး ရိပေါ်အားပွေ့ချီလိုက်သည်။

The Story Of The Guardian: ကိုယ်​​စောင့်​နတ်​ပုံပြင်​Where stories live. Discover now