Part 1

907 88 8
                                    

Zawgyi 💞

ထယ်ဟျောင်းတစ်ယောက် ကုတင်ပေါ်တွင် မှောက်လျက် လှဲကာ ပျင်းရိစွာဖြင့် လက်ပ်တော့ သုံးနေသည်။ သိပ်မကြာလိုက် အခန်းထဲမှ ပျော်ရွှင်မြူးထူး အော်ဟစ်ပြီး ထွက်လာတဲ့ ထယ်ဟျောင်းကြောင့် ဧည့်ခန်းတွင် စာရင်းထိုင်တွက်နေသော ဂျူံးကုပင် လန့်သွားရသည်။

" ဘာလို့လဲ ပျော်စရာသတင်းလား ထယ်? "

ဂျူံးကု အနောက်ကနေ လည်ပင်းကို ဖက်ကာ လက်ပ့်တော့ကြီးကို ဂျူံးကု ရှေ့တွင်ထိုးပြသည်။

" အင်း ... ငါ ဆိုလ်းတက္ကသိုလ် ဝင်ခွင့်ရတယ် အဲ့မှာကြည့် ငါ့နာမည် "

" တကယ်!! "

" တကယ်ကြီး မယုံနိုင်ဘူး ကုကုရ "

" ပြောသားပဲ ရပါတယ်ဆို အဲ့တာကို ကျပြီ ကျပြီ ပြောနေတာ ဘယ်သူလဲ "

" အဟီး... ပျော်လိုက်တာ အူးမွ မွ မွ "

အပျော်လွန်ပြီး ဂျူံးကုပါးကို ဘယ်တစ်ပြန် ညာတစ်ပြန် နမ်းနေသော အကောင်ပေါက်လေး ထယ်ဟျောင်း

" ဘယ်မေဂျာရလဲ? "

" အဲ့ဒါတော့မပါသေးဘူး ကျောင်းသွားကြည့်ရမယ် ထင်တယ် ဒါနဲ့ မင်းရော မင်းလျှောက်တဲ့ ဆေးကျောင်းရလား? "

" ရရ မရရ ကိစ္စမရှိဘူး ငါ့အသည်းလေး တက်တဲ့ ကျောင်းပဲ လိုက်တက်မှာ "

" ရားး... မင်းရူးနေလား မင်းက ငါ့ထက် အဆတစ်ရာလောက် တော်တာကိုး ငါတက်တဲ့ ကျောင်း လိုက်တက်တာတော့ မဟုတ်သေးဘူးနော် မင်းငါ့ကို ချစ်သလို မင်းလည်း မင်းကိုယ်မင်း ချစ်သင့်တယ် မင်းလမ်းကြောင်း မင်းသွား ဂျူံးကု ငါ့ကြောင့်နဲ့တော့ မင်းပညာရေး အဆုံးရှုံးမခံနဲ့ ငါတကယ် စိတ်ဆိုးမိမှာ ပြီးတော့ အမြဲတမ်း နောင်တရနေမှာ "

" ဘာလို့ မင်းက နောင်တရမှာလဲ ရမယ့်ရ ငါက ရမှာ အဲ့ဒါကြောင့် ငါ့အတွက် စိတ်မပူနဲ့နော် ထယ်ဟျောင်းရှီ "

" အဲ့လိုလုပ်ရင် တကယ် စိတ်မကောင်းဖြစ်မှာ ဂျူံးကု...
ငါ မင်းကို ဆရာဝန်ဂျူတီကုတ်ကလေးနဲ့ အရမ်းမြင်ချင်တာ ဘယ်လောက်တောင် ခန့်ငြား ချောမောနေမလဲ "

With You Where stories live. Discover now